Intro :

38 1 2
                                    

ဒီနေ့လည်း အရင်နေ့တွေတုန်းကလိုပဲ မကျေနပ်စရာတွေများတယ်.. လောကကြီးက တစ်ခါတစ်လေတော့ မတရားဘူး.. မကျေနပ်စရာတွေကြားထဲမှာ ဘာလို့အသက်ရှင်နေသေးလဲဆိုရင်တော့ သေဖို့သတ္တိမရှိသေးတာလို့ပဲ ဖြေရမယ်.. ကျွန်တော်က အကောင်းမြင်သမားတစ်ယောက်တော့ မဟုတ်တာသေချာတယ်.. ကျွန်တော်ချစ်ရတဲ့ကလေးလေးကတော့ ကျွန်တော်နဲ့ပြောင်းပြန်ပဲ.. သူနဲ့တူတူရှိနေရင် ကျွန်တော့်ကမ္ဘာကြီးက အရောင်စုံတယ်.. ကောင်းကင်ပြာပြာကြီးကိုမြင်ရတယ်.. လေတိုက်တိုင်းလှုပ်နေတဲ့ သစ်ရွက်စိမ်းစိမ်းလေးတွေရှိမယ်.. လိုက်ကာဖြူဖြူလေးတွေရယ်.. ဖန်ခွက်အပြာရောင်နုနုလေးတွေရယ်.. သူ့ရဲ့အလုပ်ခန်းထဲက အပြာရောင် Stitchမွှေးပွရုပ်သေးသေးပိစိလေးရယ်..

ဘာလို့အပြာရောင်တွေများနေတာလဲ? ကျွန်တော့ကလေးလေးက အပြာရောင်ခရေဇီလေးဗျ.. ဒါနဲ့ ကလေးလေးဆိုလို့ အသက်ငယ်ငယ်လေးတော့မဟုတ်ဘူး.. ရယ်စရာတော့ကောင်းသား.. သူက ကျွန်တော့ထက် ၈နှစ်တောင်ကြီးတယ်.. လုပ်ငန်းတစ်ခုကို ဦးစီးဦးဆောင်လုပ်နေတဲ့သူဌေးပေါက်စနပေါ့.. အလုပ်စားပွဲမှာထိုင်နေတဲ့သူ့ပုံစံက အားကိုးချင်စရာလေးဗျာ.. အဖြူရောင်ရှပ်အင်္ကျီလက်ရှည်ရယ် နက်ပြာရောင်ဘောင်းဘီရှည်ရယ်နဲ့ ခန့်ချောကြီး.. မလိုက်မဖက်ရှိတာဆိုလို့ ခုံပေါ်ကStitchအရုပ်တွေပဲ.. ကျွန်တော့ကလေးလေး ဖြစ်နေရခြင်းအကြောင်းအရင်းထဲက တစ်ခုပေါ့ဗျာ..

"ကိုကိုးက အခန်း‌ထဲမဝင်ဘဲ အပြင်မှာဘာလို့ ပြုံးပြီးမတ်တတ်ရပ်ကြည့်နေတာလဲ?" မျက်မှန်တပ်ထားပြီ မှုန်ကုတ်ကုတ်နဲ့လှမ်းပြောတဲ့သူ့ပုံက ချစ်စရာလေးဗျာ..

"Babyအလုပ်လုပ်နေတဲ့ပုံက ချစ်ဖို့ကောင်းနေလို့"

ကျွန်တော့အဖြေကို သဘောကျလို့လား သဘောမကျလို့လား သေချာတော့ ကျွန်တော်လည်းမသိဘူး.. သက်ပြင်းချ ခေါင်းကုတ်ပြီး နှုတ်ခမ်းထော်ပါလေရော..

"ဘဲနှုတ်သီးကလည်း ကိုက်စားချင်စရာနော်"

ထပ်ပြောလိုက်တဲ့စကားကိုတော့ သဘောကျသွားပုံပါပဲ မျက်မှောင်ကျုံ့သွားတာလေးရော့သွားတယ်

"အပိုစာသားတွေ နောက်ထားပြီး ဒီပစ္စည်းတွေသွားပို့ပေးဦး.. အတန်းက ဒီလထဲစတော့မှာ.. ဘာမှအဆင်သင့်မဖြစ်သေးသလိုပဲ.. စိတ်ပူနေရတယ်"

ကျွန်တော့ ကလေးလေးက စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတိုင်ပင်ဆွေးနွေးပေးတဲ့သူ.. သူတို့အခေါ်Counsellorပေါ့ဗျာ.. စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး စာတွေလည်း သင်တယ်.. တခြားစီးပွားရေးတွေလည်းသောင်းကြမ်းသေး.. အခုလည်း အတန်းအသစ်စဖို့ ရက်အတော်‌လိုသေးတာကို စိတ်ပူနေပြန်ပြီ.. "Baby ကောင်းကောင်းလုပ်နိုင်နေတာပဲ.. ဘာမှစိတ်မပူနဲ့.. ဒီအတိုင်းလေးပဲဆက်လုပ်.. ကိုကိုးBabyလေးက တော်ပြီးသားပဲကို"

ကျွန်တော်က သူနဲ့ယှဉ်ရင် ဘာကောင်မှ မဟုတ်ဘူး.. သူ့အလုပ်တွေကို လိုက်ကူပေးတယ် ကားမောင်းပို့ပေးတယ်.. တောက်တိုမယ်ရပေါ့ဗျာ.. အဲ့လိုအသုံးအနှုန်းကို သူကတော့မကြိုက်ဘူး.. personal assistantခန့်ထားတာတဲ့လေ.. ကူလီထမ်းခေါ်ထားတာမှမဟုတ်တာတဲ့.. နှုတ်ခမ်းထော်ပြီး ပြန်ပြောမယ့်စကားတွေပေါ့.. တကယ်တော့ ဘယ်လိုအလုပ်နေရာပဲဖြစ်ဖြစ် ကျွန်တော့အတွက်က ကိစ္စမရှိပါဘူး.. ကလေးလေးနဲ့တူတူရှိနေရဖို့ပဲ အဓိက.. ကျွန်တော့အတွက် တစ်ခုတည်းသော အလင်းရောင်လေးဖြစ်နေတာမို့.. အဖြူနဲ့အမဲပဲရှိတဲ့ကမ္ဘာထဲ ပြန်မသွားချင်ဘူး.. အဝေးကပဲဖြစ်ဖြစ် ကျွန်တော့အလင်းရောင်လေးကို ကြည့်နေချင်တယ်..

ကျွန်တော့အလင်းရောင်လေးနံမည်ကိုက "အလင်းရောင်" တဲ့ ..

ဒါနဲ့ ကျွန်တော့နံမည်ကတော့ "ကောင်းကင်"

UntitledOnde histórias criam vida. Descubra agora