(Part1)

570 32 0
                                    

"အား...မုန်းတယ် မုန်းတယ် အကုန်ထွက်သွားပေး
ကျေးဇူးပြုပြီး....."

ခမ်းနားသောစံအိမ်တစ်ခုတည်းတွင် ဖန်ပန်းအိုးရိုက်ခွဲသံ ပစ္စည်းများပစ်ပေါက်သံ လူတစ်ယောက်၏တောင်းပန်သံဖြင့် ဆူညံနေသည်။
အင်း....ထိုကောင်လေးက ဟန်ယူဂျင်းပေါ့။
ဟန်အိမ်တော်ရဲ့အချစ်ခံ....ကောင်လေး။

"သားရယ်.....ဆေးလေးတော့သောက်ပါနော်...
မဟုတ်ရင်သားသား နေမကောင်းတာမသက်သာပဲနေလိမ့်မယ်လေ..."

"တော်ပါ အယ့်ဒီဆေးတွေကဘာတွေမှန်းကျနော်သိတယ်။ကျနော်စာမတတ်တဲ့သူမဟုတ်ဘူးမာမီ...။
ကျနော်ကတစ်နေ့သေရမှာ။အာ့ဆေးတွေသောက်နေလည်း ဘာမှမထူးလာဘူး။"

"ဟင့်အင်း မာမီ့ ကလေးလေးကနှလုံးအလှူရှင်ရှာတွေ့တော့မှာ သားနှလုံးနဲ့ကိုက်ညီတဲ့လူကိုတွေ့တော့မှာ.."

"ဟင့်အင်း ရှာတွေ့ရင်တောင်မှ ကျနော်ကမခွဲစိတ်နိုင်ဘူး။လုံးဝဘဲ.."

"သားရယ်...."

"အကုန်ထွက်သွားပေးကြပါ တောင်းပန်ပါတယ်.."

"ဒါပေမယ့် ဆေးလေးတော့..."

"ဟင့်အင်း ထွက်သွားကြပါ.."

"အင်းပါကွယ် "

----------------------------

"နာရန်းရား.....အန်တီ့ကိုဖုန်းပေးအုံး"

"naeဒီမှာပါ.."

ဂင်ဆိုရာခေါ်ယူဂျင်းမာမီရဲ့ လက်တွေဟာ ဖုန်းနံပတ်လေးတစ်ခုဆီကိုဦးတည်နေခဲ့တယ်။

တီ~~~~~တီ~~~တီ

"ဟုတ်ကဲ့ပြောပါ.."

"သား ရှန်လေး အန်တီတို့ဆီခနလောက်လာခဲ့လို့ရမလား...."

"ထပ်ပြီး ယူဂျင်းပဲလားအန်တီ..."

"ဟုတ်တယ်ကွယ် ခေါ်ရတာအားနာပေမယ့်
သားကမင်းကိုအတော်ခင်တွယ်ရှာတာ...အခုလည်းဆေးကိုမင်းလာမှသောက်မယ်ထင်တယ်။
တစ်အိမ်လုံးလည်းသောင်းကျန်းထားတာ"

"ဟုတ် လာခဲ့မယ်လေ။ ယူဂျင်းက ကျနော့်ညီလေးပဲဟာ"

"ကျေးဇူးပါ သားရှန်ရယ်.."

"ရပါတယ် မိသားစုတေပဲကို.."

"အေးကွယ် "

"ဟုတ်"

One_Side Love =?Where stories live. Discover now