Part - 6 ♡

1.8K 162 26
                                    

♡

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

•Unicode•

Mr.Kim လုပ်ရက်သည်။ သူက ကလေးဆန်တယ်တဲ့။ Mr.Kim မကြိုက်တဲ့အရာတွေဆိုရင်အကုန်ပြင်မှာမို့လို့ကျွန်တော့ကိုစိတ်ရှုပ်စရာတစ်ခုလိုမမြင်ပါနဲ့။

Mr.Kim ဆီကပြေးထွက်လာပြီးထဲက သူဆက်တိုက်မျက်ရည်တွေကျနေခဲ့တာ။ ချစ်ရတာသူ့နှလုံးသားလေးနာကျင်နေပြီ။

သူပြေးထွက်လာတာကို ကျောင်းသူကျောင်းသားတစ်ချို့က ကွက်ကြည့်ကွက်ကြည့်နဲ့။ တကယ်ရှက်စရာကောင်းတာပဲ။

ကျောင်းဝန်းထဲကသာ မြန်မြန်ပြေးထွက်လာမိသည်။ Mr.Kim နဲ့ရင်ဆိုင်ဖို့အဆင်သင့်မဖြစ်သေးတာမို့။ အိမ်ကိုလဲမပြန်ချင်ဘူး။ တကယ်ဘယ်သွားလို့သွားရမှန်းလဲမသိ ပိုပိုပြီးလူကဝမ်းနည်းလာပြီ။

"ဟင့် ငါအခုဘာလုပ်ရတော့မှာလဲ"

ကလေးဆန်တယ်လို့ထင်ချင်ရင်လဲထင်ပါတော့ ကျွန်တော်က ကိုယ်အလေးထားရတဲ့အရာတွေနဲ့ပတ်သတ်လာရင် ဘယ်လောက်ခံစားလွယ်လဲဆိုတာကျွန်တော်သာသိသည်။ အထူးသဖြင့် Mr.Kim နဲ့ပတ်သတ်လာရင်ပေါ့။

-တီ-တီ-တီ-

ဖုန်းသံမည်လာသည်။ခေါ်‌နေသူဟာ Mr.Kim ဖြစ်ပါစေလို့တိတ်တိတ်လေးဆုတောင်းနေမိသော်လည်း မဟုတ်ခဲ့ပါ။ ကျွန်တော့ကိုတကယ်ဂရုမစိုက်ဘူးပဲ။

"Hello မင်းဘယ်ကိုပြေးထွက်သွားတာလဲ!!"

"Ren သိလား Mr.Kim ငါ့ကိုပြောရက်တယ်..."

"နေအုန်းနေအုန်း မင်းအခုဘယ်မှာလဲ"

"ငါအခု ကျောင်းနားမှာပဲ"

"မင်းကိုလဲငါဆဲမိတော့မယ် နေအုန်းငါအခုလာမယ်"

အားပျော့ပျော့ဖြင့် ကျွန်တော့မျက်ရည်တွေကိုဖိသုတ်လိုက်ရသည်။ Ren သာဖုန်းမခေါ်ရင်သူဘယ်ပြေးရမလဲမသိဘူး။

Teacher's PetWhere stories live. Discover now