အပိုင်း(၀၀)

5 0 0
                                    

ငါလေးစိတ်ကူးယဉ်နေ့ခင်းအိပ်မက်မက်နေတယ်

ပညာသင်ဆုအတွက် ပြိုင်ဆိုင်မှုဟာဆိုရင် အလွန်ပြင်းထန်နေခဲ့သည်။ကျောင်းဒါရိုက်တာ၏ ရုံးခန်းရှေ့မှာ လင်းယွီကျင်းနှင့် ရှန်းကျွင်းတို့နှစ်ယောက် မျက်နှာချင်းဆိုင်လျက် ရှိနေကြသည်။
လင်းယွီကျင်းသည် မျက်ရည်များအဆက်မပြတ်ကျဆင်းလျက် သနားကြင်နာဖွယ် ဖြစ်နေခဲ့ပြီး"အတန်းဖော်ရှန်း ငါမင်းကို အမှန်အတိုင်းပြောရမယ်ဆိုရင် ငါက ကျေးလက်ဒေသကလာတဲ့သူတစ်ယောက်ပါ။ငါရဲ့မိသားစုက အရမ်းဆင်းရဲပြီးတော့ ငယ်နာမည်ကတော့ လင်းချိန်ဟွာလို့‌‌ေခါ်ပါတယ်။ပြီးတော့ ငါတို့ကြာပန်းကျေးရွာက တက္ကသိုလ်ရောက်လာတဲ့ တစ်ဦးတည်းသောသူပါ။ဒီပညာသင်ဆုသာမရရင် ကျောင်းလခပေးနိုင်မှာမဟုတ်တော့ဘူး။ဒီလိုဆိုရင် ရွာပြန်ပြီး ဝက်စာကျွေးရတော့မှာပဲ........အဟင့်ဟင့်........"
ရှန်းကျွင်းသည် ဘာကိုမှစိတ်မဝင်စားဟန် မျက်နှာသေဖြင့်သာရှိနေပြီး"ဘယ်လိုတောင် တိုက်ဆိုင်နေတာလဲ ငါလဲပဲ ကြာရွက်ရွာနားလေးကလာတာပါ မူလနာမည်ကတော့ ရှန်းထယ်ကျူးပါ ငါမှာအစာကျွေးစရာ ဝက်တစ်ကောင်တောင်မရှိတဲ့အတွက် လယ်ထဲမှာပဲ အလုပ်လုပ်ရတော့မှာပဲ......."
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် သုံးစက္ကန့်လောက် စိုက်ကြည့်နေပြီးတော့ ဆန့ကျင်ဘက်အရပ်သို့ ထွက်ခွာသွားကြတော့သည်။
လင်းယွီကျင်း သူမ၏ Rolls-Royceကားထဲမှာ ရောက်နေခဲ့စဉ်မှာ ရှန်းကျွင်းဟာဆိုရင်ဖြင့် သူ၏ကိုယ်ပိုင် ဟယ်လီကော်တာပေါ်မှာ ရှိနေခဲ့တာပါ။
ဒါကတော့ လူချမ်းသာနှစ်ယောက်၏ တခြားလူတွေရှေ့မှာ ဆင်းရဲသူအဖြစ်ဟန်ဆောင်ထားကြတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါသည်

You've reached the end of published parts.

⏰ Last updated: May 23, 2023 ⏰

Add this story to your Library to get notified about new parts!

ငါလေးစိတ်ကူးယဉ်နေ့ခင်းအိပ်မက်မက်နေတယ်Where stories live. Discover now