အခန်း(၁) - ချန်းရန်က သူမွေးထားသော သူ့၏ဟက်စကီးခွေးလေးမှာ လူအဖြစ်ပြောင်းလဲသွားသည်ကို တွေ့ရှိသွားခဲ့သည်။
အလုပ်ကနေ အိမ်ပြန်ရောက်တော့ အိမ်က ထုံးစံအတိုင်း ရှုပ်ပွနေပေမယ့် တစ်ခုခုတော့ ထူးဆန်းနေလျက်။ ဥပမာအားဖြင့် အိမ်က ခါတိုင်းထက်ပို၍ ဖရိုဖရဲဖြစ်နေသည်ပင်။
ကြမ်းပြင်ပေါ်တွင် လူးလှိမ့်နေတတ်တဲ့ဟက်စကီးရှိမနေဘဲ ကြမ်းပြင်ပေါ် ဆောင့်ကြောင့်ထိုင်လျက် ဝံပုလွေပုံစံနားရွက်တစ်စုံရှိသည့် ဆယ်ကျော်သက်တစ်ဦးသာ ရှိနေ၏။ သူ့လက်တွေကတော့ အမှိုက်ပုံးကို ကောက်နေဆဲ။
လှုပ်ရှားသံကိုကြားတော့ ဝံပုလွေနားရွက်နှင့် ဆယ်ကျော်သက်လေးက နောက်လှည့်ကြည့်လာပြီး ချန်းရန်ဘက်သို့ ပြေးလာကာ သူ့ကို ကြမ်းပြင်ပေါ် တွန်းချလိုက်သည်။
ဆယ်ကျော်သက်လေးမှာ အရင်က အိမ်မှာရှိတဲ့ ဟက်စကီးလိုမျိုး တက်ကြွနေဆဲ၊ ဒီနေ့မှာတော့ ဟက်စကီးလေးက လျှာနဲ့ သူ့မျက်နှာကိုစိုရွှဲအောင် မလျက်ခဲ့ပေမယ့် အကြိမ်မြောက်များစွာ အားပါးတရ နမ်းနေခဲ့သည်လေ။
ချန်းရန်သည် ဝံပုလွေနားရွက်နှင့်ဆယ်ကျော်သက်လေး၏ခါးပေါ် သူ့လက်ကို မသိစိတ်ဖြင့် ကိုင်လိုက်ရာ သူ့မှာ အဝတ်အစားတွေမဝတ်ထားတာ တွေ့ရှိသွားခဲ့၏။
အား...အသားအရည်က နူးညံ့ချောမွေ့နေတာပဲ။
သူ့ဟက်စကီးလေးက လူသားအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ချန်းရန်က ဒီအချက်ကို လက်ခံလိုက်ပေသည်။
သို့သော် သူသည် ဟက်စကီးအဖြစ်သို့ ပြန်မပြောင်းနိုင်တော့သည့်အချက်ကိုလည်း ချန်းရန်မှာ လက်ခံရန် တစ်ပတ်လောက် အချိန်ယူခဲ့ရ၏။
ချန်းရန်သည် ပရိုဂရမ်မာတစ်ဦးဖြစ်ပြီး ကုဒ်များရေးရာတွင် အလွန်တော်ပေ၏။ သူ့ဆီမှာ ထူးထူးခြားခြားကြိုက်နှစ်သက်တာမျိုးသိပ်မရှိ၍ သူ့၌ လစဉ်အပိုငွေတွေ အများအပြားရှိလျက်။
ယခုတော့ သူ့တွင် အနှီအပိုငွေတွေကို သုံးစွဲရန် တစ်နေရာရှိလာပြီ။
YOU ARE READING
✔️A Short Story •Completed•
Short StorySynopsis လူသားယောကျ်ားလေးတစ်ယောက်နှင့် လူအဖြစ်ပြောင်းသွားတဲ့ သူ့ရဲ့ဟက်စကီးခွေးလေးတို့အကြောင်း ချိုချိုတိုတိုဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။