အဆုံးသတ်။

557 72 0
                                    

အခန်း(၂) - ချန်းရန်တစ်ကိုယ်လုံး နာကျင်မှုနှင့်အတူ အိပ်ရာနိုးလာခဲ့၏။

ချန်းရန်သည် နောက်တစ်နေ့မနက် အိပ်ရာက နိုးလာပြီး အရိုက်ခံရသလိုမျိုး သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေလျက်၊ အထူးသဖြင့် သူ့အနောက်ရှိ စကားဖြင့်မဖော်ပြနိုင်တဲ့ နေရာတစ်ခုတွင် မရေမတွက်နိုင်သောအပ်များဖြင့် အထိုးခံထားရသကဲ့သို့ပင်။

နာကျင်မှုကြောင့် သူ့သွားတွေကိုအံကြိတ်ရင်း ခါးကို လက်ဖြင့် ပွတ်လိုက်ပြီး သူ့သည်းမခံနိုင်သောနာကျင်မှုကို သက်သာစေရန် အင်အားအနေတော်ဖြင့်သာ။

သူ့နောက်မှ အမွေးဖွာဖွာခေါင်းတစ်လုံးထွက်လာပြီး ရှောင်ဟာက သူ့ကိုမေးလာ၏။ "အစ်ကို၊ အဲ့ဒါက နာနေတုန်းလား"

ချန်းရန်က သက်ပြင်းချပြီး ခေါင်းအုံးပေါ်ပြန်အိပ်လိုက်ရင်း "အခုတော့ ပိုကောင်းလာပြီ။ ဟုတ်ပြီ၊ ဟုတ်ပြီ၊ အဲ့ဒီအားနဲ့ပဲ မရပ်လိုက်နဲ့ အား... သက်တောင့်သက်သာရှိလိုက်တာကွာ"

သူ့ခါးပေါ်က အားမရှိတော့သလို ခံစားလိုက်ရ၍ ချနမးရန်မှာ ရှုပ်ထွေးနေဟန် ပြန်ကြည့်လိုက်ရာ ရှောင်ဟာ၏မျက်လုံးထဲက ပြင်းထန်ရက်စက်သော အစိမ်းရောင်အလင်းတန်းကို တွေ့လိုက်ရသည်။

ထိုမျက်လုံးများနှင့် အမူအရာများသည် မနေ့ညက သူမူးသွားခဲ့သောအချိန်မှာ မြင်လိုက်ရသည့် ထင်ယောင်ထင်မှားနှင့် အတိအကျတူနေ၏။

ချန်းရန်မှာ သူ့တံတွေးမျိုချလိုက်ပြီး မသိစိတ်က လွတ်မြောက်ချင်သွားခဲ့လျက်။

ရှောင်ဟာက သူ့ခြေကျင်းဝတ်ကိုဆွဲရင်း "အစ်ကို၊ ခင်ဗျားက ကျွန်တော့်ကို အရင်သွေးဆောင်ခဲ့တဲ့သူပဲ။"

"ငါမဟုတ်ဘူး..."

"ထပ်လုပ်ရအောင်"

နောက်ဆုံးတော့ ချန်းရန်မှာ သူဘာကြောင့် အရမ်းနာကျင်နေတယ်ဆိုတာ သိလိုက်ရပေသည်။

ပထမတော့ သူအရမ်းဒေါသထွက်နေပေမယ့် အဲ့ဒါကိုလုပ်ပြီးနောက်မှာတော့ သူ့နှလုံးသားထဲကဒေါသမှာ အဝေးလွင့်သွားပြီး သက်တောင့်သက်သာရှိသည့်ခံစားချက်ရလာခဲ့သည်။ သူ့လက်တွေကတောင် ရှောင်ဟာလည်ပင်းမှာချိတ်တွယ်ထားလိုက်သေး၏။

✔️A Short Story •Completed•Where stories live. Discover now