အပိုင်း(၁)

355 47 0
                                    

Unicode

"ထယ်ရယ်"

"အွန်း"

စာလုပ်မပျက်ဘဲ ရစ်ခီရဲ့ အခေါ်ကိုထူးလိုက်သော ထယ်ရယ့်အသံက တည်ငြိမ်လှသည်။

စာကြည့်တိုက်ထဲတွင်စာကြည့်နေသော ထယ်ရယ်ရဲ့ပုံစံ။သဲကြီးမည်းကြီး စာလုပ်နေသော ထယ်ရယ်ရဲ့ မျက်နှာပေါ်မှာ နေရာယူထားသော မျက်မှန်ကိုင်းလေး။

ထယ်ရယ်က အသံကောင်းသလောက် မျက်လုံးတော့သိပ်မကောင်းချင်။ စာကြည့်တိုင်းသူ့ရဲ့ အနီးကြည့်မျက်မှန်လေးကို ထုတ်,ထုတ် တပ်ရသည်။

ရစ်ခီအူယာတဲ့ထဲက တစ်ချက်ပင်။မျက်မှန်နှင့် ဘဲပေါက်လေးက ချစ်ဖို့ကောင်းလှသည်။

"ငါဗိုက်ဆာနေပြီ နားရအောင်"

"မင်းစားနှင့် ငါမဆာသေးဘူး"

"ဟွန်း"

ရစ်ခီကဒီအတိုင်းပင် စာကြည့်တိုက်ထဲတော့ အမြဲလိုက်လာသည်။

ထယ်ရယ်က စာကြည့်သည်။ ရစ်ခီက ထယ်ရယ့်ကိုထိုင်ကြည့်သည်။

ပြီးရင် ဗိုက်ဆာသည့် အကြောင်းသာပြောသည်။

..........................................

"ထယ်ရယ် ထယ်ရယ် ဟိုးးး"

စက်ဘီးနှင့်ထွက်သွားခါနီး ထယ်ရယ်ကို ရစ်ခီ အလောတကြီး ခေါ်လိုက်သည်။

"မင်းက အဲ့အတိုင်းပဲ ငါ့ကိုဆို ဘယ်တော့မှ မစောင့်ဘူး"

အမှန်တော့ ထယ်ရယ် မစောင့်တာ မဟုတ်ပါ။တစ်ချိန်လုံး ရစ်ခီ့ကိုစောင့်ပြီး ရစ်ခီ ထွက်လာတာမြင်မှ စက်ဘီးနှင့် ထွက်ပြေးချင်ယောင်ဆောင်ခြင်းသာဖြစ်သည်။

"ဒီနေ့ ငါတို့အိမ်မှာ ထမင်းလာစားလေ"

"တော်ပြီ"

ထယ်ရယ်က ခပ်ပြက်ပြက်နှင့်တိုတိုသာ ပြောလိုက်သည်။

"အရမ်းခေါ်ချင်လို့ခေါ်တယ်များ မှတ်နေလား  ငါ့အမေခေါ်ခိုင်းလို့ ငါ့အမေကို နည်းနည်းလေးမှ အားနာမှုမရှိဘူးဆိုရင် ရတယ် မလာနဲ့"

"မင်းလုပ်မှ အမှုတွေကြီးကုန်ပြီ လာခဲ့မယ်ကွာ"

ရစ်ခီကတော့ ကြိတ်ပြီး ပျော်နေသည်။ သူ့အစီအစဉ်အောင်မြင်သွားပြီကို။

Say Yes To MeWhere stories live. Discover now