အပိုင်း(၃)

224 36 4
                                    

Unicode

"ဟန်ဘင်းလို့ နေမကောင်းဘူးလား"

"အေးကွာ ခေါင်းကိုက်တယ်ဆိုတာကို အမေက အတင်းလာခိုင်းတာ"

"ဟုတ်ပါ့ကွာ သနားပါတယ် ငါ့ကလေးလေး"

ဘေးနားက ရစ်ခီကတော့ ကျန်းဟာအိုရဲ့ အပို တစ်သိန်းကို မျက်မှောင်ကျုံ့လျှက်သာ ကြည့်နေသည်။

....................................  

"ထယ်ရယ်"

"ရှူး တိုးတိုး စာသင်နေတယ်လေ"

"ဟိုနှစ်ယောက်က တွဲနေကြတာလား"

"ငါဘယ်သိမှာလဲ တိုးတိုးနေပါဆို"

"ကျန်းဟာအိုက တအားပိုတာနော်"

"ရစ်ခီ မင်းပါးစပ်ပေါက်ကို ပိတ်တော့"

တောက်

"အား.."

ရစ်ခီတို့နှစ်ယောက် စာသင်ချိန် စကား‌
ပြောနေတာကြောင့် ဆရာက မြေဖြူနှင့်လှမ်းပေါက်လိုက်‌၍ ထယ်ရယ့်နှဖူးကိုမှန်သွားသည်။

"မင်းတို့နှစ်ယောက် အတန်းကိုနှောက်ယှက်မယ်ဆိုရင် သွား အခန်းပြင်ထွက် "

"မဟုတ်ဘူးဆရာ ကျွန်တော်က.."

ထယ်ရယ့် စကားမဆုံးခင်မှာ ရစ်ခီက ထထွက်သွားသည်။

"အေး ကောင်းတယ် ဂင်မ်ထယ်ရယ် မင်းပါလိုက်သွား"

ထယ်ရယ်လည်း ရစ်ခီ့ကောင်းမှု အကြောင်းပြု၍ ရစ်ခီ့လမ်းစဉ် လိုက်ရတော့သည်။ စိတ်ထဲကတော့ ကြိတ်တွေးနေသည်။

"ကောင်းကျိုးတစ်စက်မှ မပေးတဲ့အကောင်"

................................

"အာ ညောင်းအီသွားတာပဲ မင်းကြောင့် အခန်းပြင်မှာ နှစ်ချိန်ဆက် ဒူးထောက်လက်မြောက်နေခဲ့ရတာ"

"Sorry ပါကွာ ငါ..မရည်ရွယ်ပါဘူး"

"အေး ရည်ရွယ်ပြီးလုပ်ရင်လည်း မင်းငါ့လက်ချက်နဲ့သေနေလောက်ပြီ"

"အိမ်ပြန်ရောက်ရင် ဆေးလိမ်းပေးမယ် ခွင့်လွှတ်ပါကွာ နော်"

"နှိပ်ပေး"

"ဟုတ်ပြီဗျာ ငါ့ကလေးလေး စိတ်ဆိုးပြေဖို့ အကုန်လုပ်ပေးပါ့မယ်"

Say Yes To MeWhere stories live. Discover now