နေရောင်ခြည်ကျဲကျဲက ပြတင်းလိုက်ကာစကို ထိုးထွင်း၍ စားပွဲပေါ်မှာတင်ကျန်နေ၏။တချက်တချက်ကလူးကျီစယ်ကာ လွင့်လျားသွားတဲ့လိုက်ကာစများကြောင့် မက်သရူးရဲ့ ကျော့ရှင်းရှင်းမျက်နှာပေါ်ကိုလည်း ကျရောက်တတ်သေးတယ်။ပစ်စလတ်ခပ်ဖြစ်နေသည့် အခန်းတစ်ခုလုံးက ခြေချစရာနေရာပင်မရှိ။ကြမ်းပြင်ပေါ်တွင် စားလက်စဟင်းထမင်းများက ဆီစွန်းဖိတ်စင်နေပြီး ပန်းကန်ကွဲအပိုင်းအစတွေက ဟိုတကျဲသည်တပြန့်။
ဘာမျှမရှိတော့သည့် ထမင်းစားပွဲထိပ်ဦးတွင် လက်ကျန်ဒေါသတွေကိုထိန်းချုပ်ရင်းထိုင်နေသူက မက်သရူးပင်။ဒါတွေက ဘယ်သူလုပ်တာလဲ မေးရင်း ကိုယ်တိုင်သာဖြစ်ပြီး ဘယ်သူ့ကိုဒေါသထွက်နေတာလဲမေးရင်လည်း သူ့ကိုယ်သူသာဖြစ်တယ်။မည်သူနဲ့မှအပ်အပ်စပ်စပ်မရှိပါသော မက်သရူးက တစ်ကိုယ်တည်းသမားသာဖြစ်ပြီး သူ့ဘေးတွင် အခြားလူတစ်စုံတစ်ယောက်ရှိနေလျှင်လည်း ထိပ်လန့်ကြောက်ရွံ့နေလျက်။ဒါပေမယ့် မက်သရူးဟာ ကနေဒါ စီးပွားရေးကမ္ဘာမှာတော့ ဒိတ်ဒိတ်ကျဲပေါ်ပြူလာဖြစ်သူတစ်ဦးပါပဲ။တချို့ကတော့ သူ့ကို ဆိုက်ကိုလို့ခေါ်ကြတယ်။အကြောင်းအရင်းကတော့ တစ်ခုတည်းသာ ။သူက ဘယ်လူတစ်ဦးတစ်ယောက်ကိုမျှအယုံအကြည်မရှိပါပဲ သူ့ပတ်ဝန်းကျင်နေထိုင်ရာအနီးတဝိုက်မှာ တစ်စုံတစ်ယောက်ရှိနေခဲ့လျှင် သူဟာ ကလေးငယ်တစ်ယောက်လို့ ကြောက်ရွံ့ငိုယိုရင်း မူးမေ့လဲမတတ်ဖြစ်တတ်၏။ဒါကတော့ သူ့ရဲ့လွန်ကဲလွန်းသည့် လူကြောက်ရောဂါတစ်မျိုးပါပဲ။ထို့ကြောင့် လူတစ်ယောက်ဖြစ်ပါလျက် လူတွေနဲ့ကင်းဝေစွာနေထိုင်တတ်ခဲ့တယ်။
iOS ပေါ်လက်ချောင်းလေးများ ပြေးလွှားလို့ တစ်စုံတစ်ဦးထံဆက်သွယ်လိုက်တယ်။
"ဒီနေ့ အင်တာဗျုးလာတဲ့လူတွေအကုန်လုံးကို ငါနဲ့ပတ်သက်ပြီး ဘာသတင်းမှမဖြန့်စေနဲ့ "
"ဟုတ်ကဲ့ပါ မာစတာမက်သရူး ၊ မနက်ဖန် flight နဲ့ မာစတာမက်သရူး မှာထားတဲ့ပစ္စည်းတွေ ရောက်မယ်လို့ ပြင်ပအတွင်းရေးမှုးထံမှအကြောင်းကြားလာပါတယ်။ "
"သိပြီ "
တဖက်မှတိတ်ဆိတ်သွားပြီးနောက် မက်သရူး အခန်းရှင်းဖို့အတွက် iOS ပေါ်မှ appတခုကိုဖွင့်ကာ screen ပေါ်မှာ settingsတွေကို ညှိလိုက်တယ်။ထမင်းစားဆောင်အတွင်းရောက်ရှိလာတဲ့ စက်ပစ္စည်းသံထည်အရုပ်များက အလိုအလျှောက်စနစ်ဖြင့် ရှင်းလင်းစေတယ်။
YOU ARE READING
THE ROBOT< ZB 1 >
General FictionRicky × Matthew အရာဝတ္ထုတစ်ခုအပေါ် ဖြစ်ပေါ်လာတဲ့ ခံစားချက်က အံဩစရာကောင်းလောက်အောင် စွဲလမ်းမိခြင်းမှစတင်သည်။