Toronto ရင်ပြင်ဟာ ကနေဒါမှာနာမည်အကြီးဆုံးလှပတဲ့နေရာတစ်ခုထဲပါဝင်တယ်။Toronto ရဲ့နီးစပ်ရာလမ်းတွေဟာ မီးရောင်စုံများဖြင့် ကြည်လင်နေ၏။ကနေဒါနိုင်ငံ၏ရာသီဉတုဟာ နွေရာသီမှာတောင် အေးချမ်းနေသည်မျိုး။ ဆောင်းဘက်မှာတော့ ရေခဲပြင်များနှင့် လမ်းမတွေထက် နှင်းခဲနှင်းမှုံတွေသာနေရာယူတတ်ကြတယ်။ဝါကျင်ကျင်၊ဝါရင့်ရင့်မေပယ်ရွတ်ကြွေလမ်းမများထက် ကမ္ဘာလှည့်ခရီးသွားတွေကပေါများစွာရှိနေတယ်။မေပယ်လမ်းမထပ်တစ်နေရာမှာတော့ မက်သရူး ကားကိုဘေးကပ်ရပ်ထားပြီး ကားထဲကမထွက်ပဲငြိမ်နေခဲ့တာ အချိန်အနည်းငယ်ရှိနေသည်မို့ ရစ်ခီကတော့စိတ်ရှည်ရှည်ပဲ ဘေးမှာငြိမ်သက်စွာထိုင်နေမိတယ်။
"ငါအဆင်ပြေပါ့မလား"
ရစ်ခီအရင်ဦးစွာ ကားထဲမှထွက်၍ မက်သရူးကိုဦးဆောင်လိုက်တယ်။
မက်သရူးနှင့်ရစ်ခီထံ လူတစ်ချို့ရဲ့အကြည့်တွေ ရံဖန်ရံခါရောက်ရှိလာတတ်တာမို့ မက်သရူးကကိုယ်ကိုကျုံ့လျက်လေးဖြစ်နေလေတယ်။
"အစ်ကို လူတွေကိုလိုက်ကြည့်မနေနဲ့ ကျွန်တော့်ကိုပဲကြည့်"
ရစ်ခီက သူ့ကိုယ်သူညွှန်ပြပြောလာတာမို့ မက်သရူးကခေါင်းငြိမ့်ကာလက်ခံတယ်။
မြို့လယ်ခေါင်မှာ သူတို့သွားချင်တဲ့နေရာတွေလျှောက်သွားဖြစ်ကြတယ်။မက်သရူးက ကော်ဖီဆိုင်လှလှတွေ့ရင် ခဏတဖြုတ်ဝင်ထိုင်တယ်။မက်သရူးကော်ဖီကိုအရသာခံသောက်နေတာတော့ ရစ်ခီကငေးကြည့်ရုံပါပဲ။တနေ့တော့မက်သရူးနဲ့ တခါလောက်ကော်ဖီအတူတူသောက်ချင်မိပါရဲ့။
မက်သရူးကအိမ်ပြန်ခါနီးမှာ နေရာတစ်ခုကိုအတူတူသွားဖို့ ပြောလာတယ်။ European အစားသောက်ဆိုင်တစ်ခုရှေ့ ကားကိုထိုးရပ်လိုက်တယ်။ဆိုင်ထဲမဝင်ခင် မက်သရူးဟာ စိတ်ကိုပြင်ဆင်နေပုံရတယ်။မျက်လုံးများကိုမှိက်ကာ သက်ပြင်းမောကိုချရင်း။
အစားအသောက်များမှာပြီးနောက် မက်သရူးနဲ့အတူတူရစ်ခီပါ ငြိမ်သက်လို့နေခဲ့တယ်။သူတို့နှစ်ဦးရှိရာသို့ရောက်လာတဲ့အသက်ကြီးကြီးအမျိုးသားတစ်ဦး။
YOU ARE READING
THE ROBOT< ZB 1 >
General FictionRicky × Matthew အရာဝတ္ထုတစ်ခုအပေါ် ဖြစ်ပေါ်လာတဲ့ ခံစားချက်က အံဩစရာကောင်းလောက်အောင် စွဲလမ်းမိခြင်းမှစတင်သည်။