𝙱𝚒𝙻𝚞𝚜 - 3 (𝚙𝚊𝚛𝚝 1)

25 6 0
                                    

𝚄𝚗𝚒𝚌𝚘𝚍𝚎

"Kim..KimJimin! !!! "

"ချီးပဲ! အိမ်ကထွက်လာတာတောင် ဒီနာမည်ကို ခေါ်နေတုန်း ...မင်းမကြိုက်တာ လုပ်မိလို့ ငါမကြိုက်တာ တမင်ပြန်လုပ်မယ်ဆိုလည်း တခြားဟာရွေးလုပ်! နောက်တစ်ခါ ဒီနာမည်ကို ထပ်မခေါ်မိစေနဲ့ အထူးသဖြင့် KimSeokjin ဆိုတဲ့လူငါ့အပိုင် မဖြစ်မချင်းပဲ! "

သူတမင် ရည်ရွယ်ပြီး ခေါ်တာ မဟုတ်ပေမဲ့ သူ့ကို အော်ငေါက်လိုက်သောJimin ကြောင့် ဝမ်းနည်းရပြန်သည်။တကယ်တော့ သူမကြိုက်တာလုပ်လို့ တမင် Jimin မကြိုက်တာကိုပြန်ပြီး လုပ်ခြင်းမျိုးမဟုတ်။

သူရင်ခုန်လွန်း အားကြီးလို့သာ ပါးစပ်က ခေါ်နေကျအတိုင်း အရင်နာမည်ကို ခေါ်မိသွားခြင်းသာ..ဒါပေမဲ့ အဲ့လိုလည်း Jimin ကို ရှင်းမပြရဲ ။

Jimin အတွက်တော့ KimSeokjin ကလွဲရင်
သူ့ကိုကြိုက်တဲ့သူတွေဟာ မိန်းကလေးတွေဆို ကိစ္စမရှိပေမဲ့ ယောက်ျားလေးတွေဆိုလျှင်တော့ လုံးဝ ကြည့်ရသည့်သူမဟုတ်။ ဒါကို သူအသိဆုံးပင်။

Jimin ကို ချစ်ပါသည် ကြိုက်ပါသည် ဆိုပြီး လာဝန်ခံတဲ့ ကောင်လေးတွေဆို ငိုပြီး ပြန်သွားတဲ့ထိ Jimin ဟာ
လှောင်ပြောင်တဲ့သူ ဖြစ်ပြီး၊ ရိသဲ့သဲ့လာလုပ်တဲ့ကောင်တွေဆိုလျှင်တော့ ခေါင်းကွဲရင်ကွဲ ၊ မကွဲရင် ခြေထောက်ကျိုးအောင် ဆော်တဲ့သူဖြစ်သည် ။

"အဲ့တာက ဘာဖြစ်တာလဲ? ?? ငါနည်းနည်းလောက်ပဲ အော်တာနော်..မျက်ရည်က ဝဲမလာနဲ့ဦး...ထမင်းခူးကျွေးတော့..ငါဗိုက်အရမ်းဆာနေပြီ...မင်းချက်ထားတာက တအားမွှေးတာပဲ..."

အော်​ငေါက်လိုက်မိလို့ထင်၊ မျက်ရည်ဝဲပြီး ငိုင်ကျသွားသောTaehyung ကြောင့် Jimin စိတ်မကောင်း ဖြစ်သွားရပြန်သည်။

အဲ့တာကြောင့် သူဗိုက်ဆာတယ်ပြောပြီး ထမင်းခူးကျွေးခိုင်းခြင်းသာ...။အင်းပေါ့..ထမင်းစားပွဲပေါ်က Taehyung ချက်ထားတဲ့ ဟင်းတွေက အခန်းပြင်ထိရောက်အောင်ကို တအားမွှေးနေတာလဲ ပါတာပေါ့။

Jimin ပြောလိုက်သည်နှင့် Taehyung က ထမင်းစားခန်းထဲ ဝင်သွား၍ Jimin လည်း Taehyung နောက်ကလိုက်သွားလိုက်သည်။

ထမင်းစားခန်းထဲဝင်လိုက်သည်နှင့် ထမင်းစားပွဲပေါ်မှာ အကုန်အသင့်ပြင်ပြီးသားဖြစ်သော ဟင်းပွဲများက မွှေးပျံစွာ စောင့်ကြိုနေတော့သည်။ ထမင်း နှစ်ပန်းကန်ခူးရန်သာ လိုတော့သည်မို့ Jimin လည်း Taehyung ကို မကူတော့ပဲ ထမင်းစားပွဲမှာသာ ထိုင်စောင့်နေလိုက်သည်။

Because I love you so Where stories live. Discover now