𝚄𝚗𝚒𝚌𝚘𝚍𝚎
တကယ်ဆို Taehyung က သူမကြိုက်တဲ့ဟာဆိုရင် တမင်တော့ ဘယ်တော့မှ လုပ်မှာမဟုတ်မှန်း သူသိပါသည်။ ဒါပေမဲ့...KimSeokjin နှင့် ပတ်သတ်လျှင်
သူ့စိတ်တွေက ဘယ်လိုမှ အစိုးမရ။သူ KimSeokjin ကို အပိုင်လိုချင်သည်။ဒါကြောင့်လည်း သူ့ကိုယ်သူ KimJimin ကနေ ParkJimin ဖြစ်အောင်
မရ ရအောင် ကြိုးစားခဲ့ခြင်းပင်။တကယ်ဆို သူက KimSeokjin ရဲ့သွေးသားမတော်စပ်သော မွေးစားညီလေးပင်။မားနဲ့ပါးကသူ့ကို ၁ နှစ်သား အရွယ်ထဲက ခေါ်ပြီး မွေးစားထားခြင်းမို့ သူလူမှန်း
သိတတ်စ အရွယ်ထဲက သူ့မျိုးရိုးဟာ Kim ဖြစ်ပြီး မားရယ်ပါးရယ် အကို တစ်ယောက်ရယ် ရှိပြီးသားဖြစ်သည်။အလယ်တန်း ဒုတိယနှစ် ပြီးဆုံးခါနီး အချိန်မှသာ
မမျှော်လင့်ပဲ သူက မားနှင့်ပါးတို့ ခေါ်ယူမွေးစား
ထားသော သားဖြစ်မှန်း သိခဲ့ရခြင်းပင်။မားနှင့်ပါးတို့ အလုပ်ကိစ္စနှင့် လေဆိပ်သို့ အသွားလမ်းမှာတင် car accident ဖြစ်ပြီး အရေးပေါ် သွေးလိုအပ်လို့
သူ့သွေးကို ပေးချင်ခဲ့ပေမဲ့ သူ့သွေးအမျိုးအစားနှင့်
မားနှင့်ပါး သွေးအမျိုးအစားက တစ်ခုမှ ကိုက်ညီမှု
ရှိမနေ။ထို accident မှာ ပါးက ဆေးရုံရောက်ပြီး နောက်မနက်မှာတင် ဆုံးသွားကာ မားကိုတော့ အသက်ကယ်နိုင်လိုက်တယ်ဆိုပေမဲ့ ကံသိပ်မကောင်းစွာပင် မားက ကိုမာဝင်နေခဲ့ပြီး နှစ်လအကြာမှာတင် ဆုံးပါးသွားပြန်သည်။
မိဘနှစ်ပါးလုံး မရှိတော့တဲ့အတွက် သူ့ထက် အသက် ၆ နှစ်ကြီးတဲ့ Kimseokjin က မိဘ လုပ်ငန်းကို
ငယ်ငယ်ရွယ်ရွယ်နဲ့ ဦးစီးပြီး လုပ်ကိုင်ခဲ့သည်။ဒါကြောင့် မိဘတွေမရှိတော့တဲ့နောက် KimSeokjin က သူ့အတွက်တော့ အရာရာအားကိုးရာ ဖြစ်လာခဲ့သည်။
သူ့တို့မိဘတွေ မရှိတော့သော်လည်း မိဘတွေရှိတုန်းကလို နေနိုင်အောင် Kimseokjin က အရာရာကြိုးစားပြီး
စီးပွားရေးကိုလည်း နိုင်နင်းစွာ ဦးဆောင်နိုင်ခဲ့သည်။သူ့ကမွေးစားသားပေမဲ့ Kimseokjin က သူ့ကို ညီအရင်းလေးတစ်ယောက်လို သဘောထားပြီး ဆက်ချစ်ပေးကာအရာရာအလိုလိုက်ပေးတာကိုလည်း သူအရမ်းကံကောင်းတာပဲဆိုပြီး ပျော်ရွှင်နေခဲ့သည်မှာ ထိုနေ့မတိုင်ခင်အထိ။