'ထိန်လင်းရာ
ဆီမီးတို့သည်အရည်ပျော်ကျကုန်သည်...'လှပကြီးကျယ်ခမ်းနားလွန်းတဲ့ ပန်းချီပြခန်းကြီ မဟုတ်လား။ ဘေးနံရံပတ်ပတ်လည်တွင်ဝန်းရံထားသော ပန်းချီကားများက သိပ်ကို ကျက်သရောအဖြာဖြာပြည့်စုံလှသည်။ ပန်းချီကားချက်တစ်ခုချင်းစီသည် သူ၏အနက်အဓိပ္ပါယ်များနဲ့ ရှိလျက်ပင်။
'Namtan ဒါကသမီးဘိုးလေးက
သမီးကို အမွေပေးခဲ့တဲ့
ပန်းချီပြခန်းပဲ အဖေသမီးကို အများကြီး နားပူနားဆာ မလုပ်ချင်ပေမဲ့ ဒီပန်းချီပြခန်းကို သမီးသေချာစောင့်ရှောက်ပြီး တိုးတက်အောင်လုပ်ပေးနိုင်တယ်မဟုတ်လား'
ပြခန်းအလည်ဗဟိုတည့်တည့်တွင် ေကျာက်ရုပ်ထုကြီး၏အရှေ့မှ ထွက်ပေါ်လာသောအသံဖြစ်သည်။'ဟုတ်ကဲ့ရှင့်အဖေ Namသေချာစောင့်ရှောက်ပါ့မယ်
ဘိုးလေးက Namကို ယုံကြည်လို့ပေးထားခဲ့တာမဟုတ်လား Nam သေချာစောင့်ရှောက်ပါ့မယ်အဖေရှင့်'အဖေဖြစ်သူ ခေါင်းငြိမ့်ပြရင်းပြုံးမိသည်။
ကလင်...ကလင်....
Namtan ဘေးလွယ်အိတ်ထဲက ဖုန်းးကို ထုတ်ကာ
ကိုင်လိုက်သည်။'မဂ်လာပါရှင့် TOp Artists ကကြိုဆိုပါတယ်ရှင့်'
တဖက်မှလူက ရယ်သဲ့သဲ့အသံကိုကြားရသည်။
Namtan အနည်းငယ်တွေဝေပြီးမှ
'ဖုန်းဆက်ရတာ အကြောင်းအရင်းရှိသလားရှင့်'
ဟူ၍သာ ထပ်မံမေးကြည့်လိုက်သည်။ထိုအခါမှ
ခစ်ခစ် ဟားးး ဟားးးး'ဟတ် Namtan ငါငါ ငါArmပါဟတ် 'ထိုအခါရယ်၍ ပြောလာသော သူငယ်ချင်းဖြစ်သူကြောင့် Namtan အနည်းငယ်တော့ စိတ်တိုမိသား။
'နင်ဟာလေ ငါစိတ်တိုမိတော့မလို့'
ရင်ဘက်အားလက်ဖြင့်ဖုံးဖိရင်း သက်ပြင်းရှည်ချကာ ပြောလိုက်သည်။ အရှေ့ကအဖေဖြစ်သူက သွားတော့မယ် ဟန်ပန်အမူအရာလေးအချို့အား Namtan သဘောပေါက်မိ။ထိုကြောင့် အဖေဖြစ်သူကို ခေါင်းငြိမ့်ပြုံးပြရင်း Armကိုစကားပြန်ပြောလိုက်သည်။'ငါအခုဘယ်မှာလဲသိလား Namtan ' Armအပြောကို Namtan ရယ်မိသည်။
'ဟတ် နင်ကထိုင်းမှာပေါ့ ငါ့ကိုလာစားနေပြန်ပြီ နင်ကတော့'