'မိုးသားမှိုင်းမှိုင်း
လွမ်းဆွတ်တမ်းတ'မိုးတိမ်တိုက်များက အုံ့ဆိုင်းနေကြကုန်သည်။
လေပြေများက ယဲ့သဲ့သဲ့နဲ့တိုက်ခက်နေသည့်တွက်
ဝရံတာထက်က ထိုင်ခုံပေါ်တွင် လေပြေ၏ယိမ်းနွဲ့ရာဖြစ်သည့်အတိုင်း အလိုက်သင့်ပင်။ ဝရံတာအပြင်ဘက်၌ ထိုင်နေသော သခင်လေး Torလက်ထဲက စာအုပ်ကို စားပွဲခုံပေါ်တင်၍
ဝရံတာ လက်တန်းကို မှီကာ အောက်က ဥယျာဉ်ငယ်လေးဆီသို့ မျှော်ငေးကြည့်လိုက်သည်။လှပတဲ့ ဥယျာဉ်လေးက ပိုင်ရှင်မဲ့နေသလို အထီးကျန်ဆန်မူများစွာနဲ့ လွမ်းဆွတ်တမ်းတနေသည်။
'သခင်လေး Tor မဂ်လာပါ '
တံခါးမကြီးဆီမှလာသည့် ထိုအသံကြောင့်
သခင်လေး Tor
အသံကြားရာဘက်သို့ မျက်နှာမူလာလိုက်သည်။
ပြီးမှ ဖြည်းဖြည်းချင်း ထိုလူဆီသို့လျှောက်သွားကာ'အင်းပြော Mike ' နှုတ်ခမ်းဖျားထက်က အသံသည်က တည်ငြိမ်မူများစွာပါဝင်သည်။
'ကျွန်တော် အောက်ထပ်က ပစ္စည်းတွေကို သယ်ဖို့ လူခေါ်ရမလား'
တုန်တုန်ယင်ယင်နဲ့ မေးလာသည့် Mikeအား မျက်လုံးထောင့်နားမှအကြည့်စူးဖြင့်တချက်ကြည့်ပြီးမှ။'သဘော Gun နဲ့ Pim ကိုခေါ်လာခဲ့ ငါ့ဆီကို'
အေးစက်စွာနဲ့ပင်ပြန်လည်ပြောကြားသည့် အမိန့်ကြောင့် Mike ခေါင်းညိမ့်ပြကာ အခန်းပြင်ဘက်သို့
ပြန်ထွက်လာသည်။
Telephone ဆီသို့ သွားကာ နံပါတ်လေးအား လှည့်လည်ကာ တစ်ဆုံတစ်ယောက်ဆီသို့ဖုန်းခေါ်လိုက်သည်။"အမိန့်ရှိပါ ကျွန်တော်က သခင်လေးTor ရဲ့ တပည့်ပါ ပစ္စည်းသယ်ဖို့ အတွက် အလုပ်သမား သုံးယောက်လောက် အိမ်တော်ထဲ လွှတ်ပေးဖို့တောင်းဆိုပါတယ်'
'ကောင်းပါပြီ ကျွန်မအလုပ်သမားတွေလွှတ်လိုက်ပါ့မယ်'တဖက်ကလည်း ခက်ပြတ်ပြတ်ပြောပြီးကာမှ
'Khum off အခုအသစ်ပြောင်းလာတဲ့ အိမ်တော်က ပစ္စည်းသယ်ဖို့လူလိုတယ် Khum offရယ် သွားလိုက်ပါအုံး'
ထိုအမျိုးသမီး၏မိန့်ကြားသံကြောင့် လူစုများစုဝေးနေရာ လောင်းကစားဝိုင်းထက်မှ စောဦးစွာ မက်တပ်ထရပ်လာသည့်ထိုလူဟာ လက်နှစ်ဖက်အားဆန့်လျက်
ရင်ကော့ကာ အကြောဆန့်လိုက်သည်။