သုံးပတ်မျှ ကြာမြင့်လေသည် ဒီလအတွက်
လက်ထဲမှာရှိတော့တာ ဆယ်ဒေါ်လာနဲ့
အကြွေစေ့ ငါးစေ့ ။ ချွေတာနေတဲ့ကြားကဘာတွေကုန်ရသလဲဆို...
[ ဝမ်နဲ့မတွတ်တတ်လို့ ဒေါ်လာနဲ့ပဲရေးလိုက်ပါတယ် ]ငှားနေတဲ့အခန်းက လေမလုံလို့ အိမ်ရှင်ကိုပြင်ပေးဖို့ပြောလည်းမပြင်ပေးနိုင်ဘူးလို့ပေါ်တင်ငြင်းတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ပြင်လိုက်ရတယ် ။ဘေးအခန်းက အခန်းဖော်ကိုလည်း ဆယ့်ငါး ဒေါ်လာချေးထားတာအခုထိမဆပ်သေးဘူးဘယ်လိုတောင်းရမလဲမသိလို့ တောင်းလဲမတောင်းဖြစ်ဘူး ။
ဟူး.....
ကောင်မလေး ဆေးဖိုးကိုတာဝန်ယူလိုက်ပြီဆိုတည်းက အေးအေးဆေးဆေးနေလို့မရတော့ဘူးဆိုတာသိပါတယ်ဆေးရုံအလုပ်ချိန်ပြီးတာနဲ့ တခြားအလုပ်တစ်ခုလုပ်ဖို့ရှာနေသော်လည်းညပိုင်းအချိန်ပိုင်းအလုပ်တွေကခပ်ရှားရှား ရှိရင်လည်း သူတို့အလုပ်ခေါ်ချင်တာမိန်းကလေးတွေဖြစ်နေပြန်တယ် ။ နောက်တစ်ပတ်ဆို ကောင်မလေးရဲ့ ဆေးဖိုးတွေရှင်းရမယ်အမေ့အတွက်ဆေးအသစ်တွေက ထပ်ဝယ်ရမယ်အိမ်လခလည်းပေးရမယ်... ဘယ်လိုမှမလောက်နိုင်ဘူး ဒါတောင်စားစရိတ်ထည့်မတွက်ရသေးဘူး စိတ်ညစ်လိုက်တာ
ကျွီ ။
အခန်းတံခါးပွင့်လာတာကြောင့် စိတ်မောလူမောထိုင်နေရင်းမှလှမ်းကြည့်လိုက်သည် ။
အခန်းဖော်ကောင်လေးက အထုပ်ကြီးအထုတ်ငယ်တွေနဲ့ဝင်ချလာသည် ။Seok Jin သူ့ကိုမမြင်ရတာ
တစ်ပတ်လောက်ရှိနေပြီ.. အခန်းဖော်က
ညပိုင်းတွေပဲအလုပ်လုပ်တာ အရင်တုံးကဆို
ဆော့ဂျင် မနက်ဆေးရုံသွားခါနီးဆို အိပ်ချင်မူးတူးနဲ့ပြန်လာတတ်တဲ့
အခန်းဖော်နဲ့ဆုံနေကျ" မတွေ့တာကြာပြီနော် အကို..
ဒီမှာ အကို့စီကချေးထားတဲ့
ဆယ့်ငါးဒေါ်လာ "SeokJin စီတည့်တည့်လာကာ ဆယ့်ငါးဒေါ်လာ
ထုတ်ပေးတဲ့ကောင်ကလေး ။" ကျေး..ကျေးဇူးပါပဲ "
" ကျတော်က ကျေးဇူးတင်ရမှာပါ ဒီမှာ
စားစရာဝယ်လာတယ် တူတူစားရအောင်
အကို "" ဂျီမင်း.. အကို့မှာစားစရာရှိတယ် "
" အကိုကနေ့တိုင်းခေါက်ဆွဲပြုတ်ပဲစားနေတာ
အရသာရှိတာလေးလည်းစားအုံးမှပေါ့ဗျာ
ဆရာဝန်ဖြစ်ပြီး ပြောရဆိုးရခက်လိုက်တာ
ကျတော်ရေချိုးပြီးတာနဲ့စားမယ် အကို
ထွက်မပြေးသွားနဲ့အုံး "
YOU ARE READING
ဗီလိန်
Fanfictionမင်း ချစ်တာ သူ သူ ချစ်တာ ငါ ငါ ချစ်တာ မင်း " စျေးသွားရင် သေနတ်ဝယ်လာတယ် ငါပိုင်တဲ့လူနဲ့ထွက်ပြေးရင် နှစ်ယောက်တည်းက တစ်ယောက်ကို ......... " " အဆုံးထိကိုင်လှုပ်နိုင်မယ့် ဗီလိန်က ဘယ်သူလဲ...ငါလား "