" စောက်ရေးမပါတာ! "
ဗြောင်းဆန်နေသောအခန်းထဲ စားပွဲခုံတွေ
အိပ်ယာခင်းတွေကသူ့နေရာနှင့်သူမဟုတ်..
ပန်းအိုးထဲက အဖြူရောင်ပန်းပွင့်လေးဆို အနင်းခံရ၍ ကြေမွလွန်းနေပြီ ။မိဇုကာ ဗြောင်းဆန်နေတဲ့အခန်းရဲ့အလယ်တွင်ငြိမ်သက်စွာရပ်နေသည် ။ သူမအတွက် ဒီလူသောင်းကျန်းလဲမထူးဆန်းဘူး ဒီလူငြိမ်သက်နေလည်းမထူးဆန်ဘူး ။ ဒီလူဆိုတဲ့ Jeon JungKook ဟာ သူမအတွက်ပုံမှန်ထိတွေ့နေကျလောကနိယာမတစ်ခုလိုပဲ ။
" မိဇုကာ ငါကကျန်ခဲ့ရတာဟ ထပ်ပြီးလေ.. ထပ်ပြီး နှစ်တွေကြာပြီးမှ ဒုတိယအကြိမ်မြောက်
ကျန်ခဲ့ရခြင်းပဲ.....
ငါ..ငါ ကျန်ခဲ့ရတာကိုစောက်ရမ်းမုန်းတယ်...
ငါ့ဘဝမှာနောက်ထပ်တစ်ကြိမ် မကျန်စေရတော့ဘူးလို့ထင်ထားတာ မကျန်ခဲ့အောင်လဲ ငါ့ဘက်ကအရင် လူတွေကိုထားခဲ့တယ် "မိဇုကာဘာစကားတစ်ခွန်းတစ်လေမှမပြောဘဲဒေါသငယ်ထိပ်ရောက်ပြီးရင်ဘတ်စည်တီးနေတဲ့ JungKook ကိုသာကြည့်နေသည် ။
သူမသိတယ် JungKook ကကျန်ခဲ့ရဘယ်လောက်ထိမုန်းမှန်း...
ပထမဆုံးအကြိမ်ကျန်ခဲ့တုန်းကJungKook
ဘယ်လောက်ထိပြိုလဲခဲ့မှန်း...
အိပ်ယာထဲကဆက်ဆံရေးဆိုတဲ့ဆက်ဆံရေးကြီးမှာJungKookဆိုတဲ့လူဟာသူ့ဘက်ကပဲအရင်ထားခဲ့တာကြည့်ပဲ...နှစ်တွေကြာပြီးမှ
နောက်တစ်ကြိမ်ဆိုတာ JungKook အတွက်ပထမအကြိမ်ကျန်ခဲ့ခံရသလိုမျိုး အသည်းနာနေမှန်းသူမသိပ်သိတာပေါ့.. သိနေရတာတွေဘာကြောင့်လဲဆို သူမဟာ ဒီလူရဲ့ခိုင်းဖက်
ဒီလူရဲ့ အနီးကပ်လူ ဒီလူရဲ့ညီမ...." နင်သတ်ပစ်ရမယ် မိဇုကာ...
Dr.Kim SeokJin ကိုငါ့အတွက်သတ်ပစ်ရမယ် "Jeon ကအတည်ငြိမ်စွာပြောကြားပြီး ခုနကသောင်းကျန်းခဲ့လူဟာသူမဟုတ်သလိုမျိုး စာအုပ်စင်စီသီချင်းလေးငြီးကာသွားလေသည် ။
စာအုပ်စင်ပေါ်ရှိ သေသပ်စွာချုပ်ထားသောရွှေနားကွပ်ထားသည့်စာအုပ်တစ်အုပ်ကိုဆွဲထုတ်ပြီး သီချင်းသံစဉ်လေးတစ်ခုကိုတိုးတိတ်စွာရေရွတ်ရင်း သူ့နေရာတဲ့သူမဟုတ်တဲ့စာပွဲခုံပေါ်တင်ပြီး ဖယောင်းတိုင်လေးကိုမီးညှိကာ ခုံတွင်ခါးကိုဆန့်ထိုင်ပြီးစာအုပ်အလယ်ကိုလှပစွာလှန်လိုက်သည်။
YOU ARE READING
ဗီလိန်
Fanfictionမင်း ချစ်တာ သူ သူ ချစ်တာ ငါ ငါ ချစ်တာ မင်း " စျေးသွားရင် သေနတ်ဝယ်လာတယ် ငါပိုင်တဲ့လူနဲ့ထွက်ပြေးရင် နှစ်ယောက်တည်းက တစ်ယောက်ကို ......... " " အဆုံးထိကိုင်လှုပ်နိုင်မယ့် ဗီလိန်က ဘယ်သူလဲ...ငါလား "