Final Round (Last Episode)

1.1K 151 36
                                    


ထယ်ရယ်နဲ့စကားပြောတဲ့အချိန်တိုင်း ရစ်ခီ့အသံဟာခပ်နွေးနွေး။
ရစ်ခီဟာ ထိုအသံမျိုးဖြင့် တမင်ပြောခဲ့တာ နေပါမည်။
အခုတော့ဖြင့် အေးစက်စက်ထွက်ပေါ်လာတဲ့ ရစ်ခီ့ရဲ့အသံဟာ ကျောချမ်းစရာ။

"ယောင်္ကျားချင်း ကြိုက်တော့ ဘာ ဖြစ် လဲလို့"

စကားကို တစ်လုံးချင်းဖိပြောနေသည့် ရစ်ခီက အတော်လေးကိုဒေါသထွက်နေသည့် ပုံပင်။ ပြဿနာတွေဖြစ်ကြတဲ့၊ ရစ်ခီ့ရဲ့အဆိုးဆုံးအချိန်လို့ သတ်မှတ်ရတဲ့အချိန်တွေတုန်း‌ကတောင် ထိုပုံစံကို သူမ မမြင်ဖူးခဲ့ပါ။ အခုတော့ရစ်ခီက သူနောက်က မန်နေဂျာ ဆိုတဲ့လူကို ပြောမိတာလောက်နဲ့ ဒီလောက်ထိဒေါသထွက်နေသည် တဲ့လား။

"မဟုတ်..ရှန် တို့ရှင်းပြပါ့မယ်"

"ရှင်းပြခိုင်းနေတာမဟုတ်ဘူး အီဒါယွန်းရှီ၊ မေးနေတာပါ
ယောင်္ကျားချင်းကြိုက်တော့ ဘာဖြစ်လဲလို့"

"...."

"ဖြေလိုက်လေ ခုနကလိုလေသံမျိုးနဲ့"

သူမဘာမှပြန်မဖြေတော့ မန်နေဂျာဆိုတဲ့လူက ရစ်ခီနောက်မှ ခေါင်းဖော်လာပြီး ခနဲ့သလိုပြောလာသည်။

"ဟုတ်ပြီရှန် ခုနကပြောမိတာအတွက် တို့တောင်းပန်တယ်"

"တောင်းပန်လည်း ခွင့်မလွှတ်ဘူး။ ထယ်ရယ်ကို အခက်တွေ့အောင် လုပ်ထားတာတွေအတွက် တာဝန်ယူဖို့ပြင်ထားပါ"

ရစ်ခီ့စကားကိုကြားတော့ သွေးပူနေသည့်ကြားမှ ထယ်ရယ်ခေါင်းထဲ question mark များပေါ်လာရသည်။
ရစ်ခီဟာနေမကောင်းဖြစ်နေတုန်းမို့ အထင်မှားနေတာများလား။
တကယ်ဆို အခက်တွေ့အောင် အလုပ်ခံရတာက ထယ်ရယ်မဟုတ်ဘဲ ရစ်ခီလေ။

"လာ ထယ်ရယ် သွားကြမယ်"

ထိုအခါ ထုံးစံအတိုင်း ရစ်ခီ့လက်တွေဆွဲခေါ်ရာကို လိုက်ခဲ့ရပြန်သည်။
အခန်းရှေ့ရောက်တော့ ထယ်ရယ်က ရစ်ခီ့မျက်နှာအား ကြည့်၍ ငြူစူစူပြောသည်။

"နေမကောင်းဖြစ်နေတာကို ဘာလို့အပြင်ထွက်တာလဲ"

"ခံစားချက်မကောင်းလို့လေ၊ အောက်ထပ်ဆင်းပြီး ထယ်ရယ်ကိုစောင့်မလို့ ထွက်လာတာ။ ထင်တဲ့အတိုင်းပဲ"

Model And His Problem Where stories live. Discover now