Unicode
"ဒါဘာလဲမောင်"
"အင်း.... ဒီတစ်ခါမောင်ရိုက်မဲ့ဇာတ်လမ်းတွဲလေ...."
"မင်း...မင်းလက်ခံလိုက်ပြီလား ဇာတ်ကားရိုက်ဖို့ကို...."
"ဇာတ်လမ်းကိုမောင်လည်းကြိုက်လို့လက်ခံလိုက်တာ..."
"ဘာလို့ငါ့ကိုနည်းနည်းလေးတောင်မတိုင်ပင်ရတာလဲ..."
"ဟာကွာ...မောင်မင်းကိုပြောပြီးပြီလေ
ဇာတ်လမ်းကိုသဘောကျလို့မောင်လက်ခံလိုက်ပါတယ်ဆိုကွာ....""ဇာတ်လမ်းထပ်အတူသရုပ်ဆောင်မဲ့
မိန်းမကြောင့်မဟုတ်လား...."Hoseokအသံတို့တုန်ရီလာတယ်
လိမ်တဲ့သူကလိမ်ရက်ပေမယ့်
အမှန်တရားကိုသိနေတဲ့အခါ
အသဲနှလုံးကတစက်စက်နာတယ်"မဆိုင်တာမပြောနဲ့ကွာ...."
"ဘာမဆိုင်တာလဲ...မင်းအဲ့မိန်းမနဲ့ဘယ်လိုတွေပတ်သတ်နေလဲငါမသိဘူးမထင်နဲ့kimtaehyung... ဒီဇာတ်လမ်းကလည်း သူပါနေလို့မင်းလက်ခံတာ ငါသိတယ်...."
"မဟုတ်ပါဘူးလို့မင်းကိုမောင်ပြောနေတယ်လေ
တကယ့်အာရုံပဲ...မင်းကိုတဖြည်းဖြည်းနဲ့မောင်စိတ်ပျက်လာပြီ...."ပြောပြီးမောင်ကရေချိုးခန်းထဲကိုဝင်သွားတယ်
တော်တော်လေးကြာတဲ့အခါရေချိုးခန်းထဲကထွက်လာပြီး ဂျာကင်အကျီကိုကျောပေါ်ထပ်လို့ မောင်ကထွက်သွားတယ် hoseok ကိုတစ်ချက်လေးတောင်လှည့်မကြည့်ခဲ့။အခန်းထဲကျန်ခဲ့ရတဲ့hoseokကတော့မျက်ရည်တွေနဲ့ပေါ့
မောင်နဲ့သူနဲ့က မောင်အထက်တန်းဒုတိယနှစ် သူအထက်တန်းနောက်ဆုံးနှစ်ကထဲကကြိုက်လာကျတာ
အနုပညာကိုဝါသနာပါတဲ့မောင်ကမင်းသားတစ်ယောက်ဖြစ်ချင်ခဲ့တယ်
မောင် မင်းသားတစ်ယောက်ဖြစ်ဖို့လည်း hoseokက
အမြဲကူညီထောက်ပံ့ပေးခဲ့တယ်
မောင့်မိသားစုကလည်းပြေလည်သူတွေမဟုတ်ကျသလို hoseokကလည်းတစ်ယောက်ထဲသမားအဲ့ဒီ့တုန်းကဆိုမောင့်တစ်မျက်နှာထဲသူကြည့်ကာ ရသမျှအချိန်ပိုင်းအလုပ်အကုန်လုပ်ပြီး ခေါက်ဆွဲထုပ်နဲ့ပဲဖြတ်သန်းခဲ့ရတဲ့နေ့ရက်ပေါင်းတွေမနည်းခဲ့
ပိုက်ဆံကိုသိမ်းကြုံးစုလို့ မောင်မင်းသားဖြစ်ဖို့အရေး
အားကြိုးမာန်တက်ဆောင်ရွက်ခဲ့သူဟာ မောင်မိဘတွေလည်း မဟုတ်ခဲ့သလို မောင်ကိုယ်တိုင်လည်းမဟုတ်ခဲ့ သူတစ်ယောက်သာ
YOU ARE READING
❮𝗩♥︎𝗣𝗘❯ 𝗢𝗻𝗲 𝗦𝗵𝗼𝘁 𝗖𝗼𝗹𝗹𝗲𝗰𝘁𝗶𝗼𝗻❤︎
FanfictionFavourite coupleလေး(vope)အတွက် ကြိုးစားမှုအတိုအထွာလေးတွေကို ဒီနေရာမှာ ဖော်ပြပါရစေ♡