Unicode
မိဘတွေနဲ့စကားများကာKimအောက်ထပ်ကိုဆင်းကာ အေးချမ်းရာလေးကိုသာရှာနေမိတယ်
"ဒေါ်လေးsong.. ကလေးရော..."
"အခန်းထဲမှာမရှိဘူးလားသားkim... "
"မတွေ့ဘူးဒေါ်လေး...ဘယ်ရောက်နေလဲမသိဘူး...."
"သားkimဒေါ်လေးကိုရင်ဖွင့်လို့ရတယ်နော်...."
"ရပါတယ်ဒေါ်လေး....သား ကလေးကိုသွားရှာလိုက်အုန်းမယ်...."
ရင်ထဲပြည့်သိပ်မွန်းကျပ်နေလည်း သူ့မျက်နှာလေးသာမြင်ရရင် အရာအားလုံးအဆင်ပြေပါတယ်
"ဟေ့..seokလေး ချော်လဲမယ်seokလေး...မပြေးလာနဲ့"
ခြံထဲကခုံလေးမှာထိုင်ကာ သကြားလုံးစားနေတဲ့ကလေးက သူ့ကိုလည်းမြင်ရော ထော့နဲ့ထော့နဲ့ကလေးနဲ့ပြုံးကာပြေးလာတယ်
စည်းချက်မညီစွာပြေးလာတဲ့ကိုယ်ငယ်လေးကိုစီးပွေ့လို့ ခြေထောက်တွေကိုခါးမှာ ခွထားစေတယ်
"ဆိုးလိုက်တာကွာ...ချော်လဲသွားရင်ဘယ်လိုလုပ်မလဲ seokလေးရဲ့..."
"ကို...ကိုကို...လိပ်...လိပ်ပြာတွေ...အ..အများကြီးပဲ..."
အထစ်ထစ်စကားသံလေးက မွန်းကျပ်မှုတွေအကုန်ပျောက်ကုန်တယ်
တကယ်မျက်နှာလေးကိုအရမ်းအသဲယားလာလို့ ချီထားလျက်နဲ့ပဲပါးနှစ်ဖက်စလုံးကို နှာခေါင်းနစ်ဝင်သွားတဲ့အထိ နမ်းပလိုက်တယ်
"ဘယ်မှာလဲseokလေးရဲ့ လိပ်ပြာတွေက ..."
"ဟို..ဟိုးနားမှာ..."
"အများကြီးပဲလား..လိပ်ပြာတွေက..."
"အ..အင်း....အ..အများကြီးပဲ...."
"လှရောလှလား..."
"လှ...လှတယ်...."
သူ့ကိုမြေပေါ် ချပေးကာ မညီညာတဲ့ခြေလှန်းလေးတွေနဲ့ထပ်တူညီအောင်လျောက်ကာ လိပ်ပြာတွေရှိရာဆီလမ်းလျောက်သွားရင်းမေးခွန်းတွေမေးတော့ အကုန်ပြန်ဖြေတယ်
"လိပ်ပြာတွေအများကြီးပဲ....seokလေးကတော်လိုက်တာ "
ခြုံတွေနားမှာပျံဝဲနေတဲ့လိပ်ပြာတွေက ဆယ်ကောင်မက
YOU ARE READING
❮𝗩♥︎𝗣𝗘❯ 𝗢𝗻𝗲 𝗦𝗵𝗼𝘁 𝗖𝗼𝗹𝗹𝗲𝗰𝘁𝗶𝗼𝗻❤︎
FanfikceFavourite coupleလေး(vope)အတွက် ကြိုးစားမှုအတိုအထွာလေးတွေကို ဒီနေရာမှာ ဖော်ပြပါရစေ♡