Who Is Your Owner (part5)

228 19 3
                                    


Unicode

Hello TaeHyungအမေလား ရှင့်

ဟုတ်ပါတယ်ရှင့် ဘယ်သူလဲမသိဘူး

ကျွန်မ Namjoonအမေပါ

အော် တောင်းပန်ပါတယ်နော် ကျွန်မအသံကို မမှတ်မိဘူး‌ဖြစ်သွားတယ် ဘာပြောမို့ ဖုန်းဆက်တာလဲ မသိဘူး

အော် မနေ့ကညကလေ သားTaeလေးက joonလေးကိုလက်ထက်ချင်တဲ့ အကြောင်းပြောတယ် အဲ့ဒါTaeHyungအမေနဲ့တိုင်ပင်ချင်လိုပါ

အော်ဟုတ်ကဲ့

(သူမ ထိုအကြောင်းတွေ ဘာမှမသိသေးသော်လည်း သူမသားကလက်ထက်ချင်တယ်ပြောထားတာကြောင့် သူမသားသဘောအတိုင်း ပဲ ပြောပေးလိုက်သည် ပြီးမှသားကိုအကြောင်းအားလုံးမေးရမယ်....)

သူမနဲ့Namjoonအမေရယ် ကလေးတွေ ကိစ္စ‌အကြောင်းတိုင်ပင်လိုက်ကြသည်....

ဟုတ်ပါပြီရှင် ကျွန်မတို့အဲ့နေ့မှ တွေ့ပြီး စကားတွေ ထက်ပြောကြတာပေါ့ လို့ သူမ Namjoonအမေကိုပြောလိုက်တယ်

ဟုတ်ကဲ့ အဲ့ဒါ‌ဆို ကျွှန်မဖုန်းချလိုက်တော့မယ်

ဟုတ်ကဲ့ပါ (သူမဖုန်းချပြီးတော့ သူမသားအောက်ဆင်းလာမှာကို စောင့်မျှော်နေသည်)

TaeHyung ပြင်ဆင်ကာ Joonငယ်ကိုသွားကြိုရန်ဆင်းလာခဲ့သည်....

သား

Taeမေမေခေါ်သံကြောင့် လှေကားပေါ်ကဆင်းရင်းမေမေကို လှမ်းကြည့်လိုက်တယ်....

Namjoonအမေကပြောတယ် သား Namjoonကို လက်ထက်ချင်‌တယ်ဆို

ဟုတ်တယ်မေမေ Taeလည်း သူအနည်းငယ်ရှက်တာကြောင့် ရှက်ရှက်နဲ့၀င်ခံလိုက်သည်...

အော် သားရယ် အဲ့ ကိစ္စကို မေမေကိုအရင်ပြောပြရမှာကို အခုတော့ မေမေကတစ်ဖက်ကပြောမှ သိရတဲ့ပုံစံဖြစ်နေတယ်လေ သားရဲ့ သားကမေမေကိုအလေးမထားတာလား ပြော

(တစ်ဖက်ကပြောမှသိတာကြောင့် သူမစိတ်ထဲ အနည်းငယ် စိတ်မကောင်းဖြစ်မိတယ်)

မဟုတ်ပါဘူး မေမေရယ် သားကမေမေကိုအလေးမထားတာမဟုတ်ပါဘူး Joonငယ်မေမေကိုပြောဖြစ်သွားတာကလဲ မရည်ရွယ်ပြောဖြစ်သွားတာပါ ပြီးတော့ သားJoonငယ်ကို အပိုင်လိုချင်တယ် မေမေ

Who Is Your OwnerWhere stories live. Discover now