Zawgi
မောင်ဟုခေါ်သည်-12
___________________အရာအားလုံးဖြစ်ပျက်ခဲ့တာမြန်ဆန်လွန်းသည်။မောင်ငါ့အနားကထွက်သွားခဲ့တာမနေ့တနေ့ကအတိုင်းဘဲပင်။
" ဝုန်း !!! အာ့ !!! "
အတွေးတွေနဲ့ကားမောင်းရင်းရုတ်တရပ်သတိလွတ်ကာလူတိုက်မိသွားဟန်ရှိသည်။သွယ်လည်းပြာယာခပ်သွားရသည်။
" ဟာ ဒုက္ခပါဘဲ ! "
ကားပေါ်ကမြန်မြန်ဆင်းကာသွားကြည့်တော့သူ့ကားရှေ့မှာခွေလဲနေတဲ့ကောင်လေးတစ်ယောက်ပင်။
" ဟေ့ ရရဲ့လား အဆင်ပြေရဲ့လား ! "
ထိုကောင်လေးဒီဘက်လှည့်လာတော့ရင်နှီးနေတဲ့မျက်နှာပင်။
" မင်း ဟိုကော်ဖီဆိုင်မှာတွေ့ခဲ့တဲ့ကောင်လေးမှတ်လား ! "
" အာ့ ! ခြေထောက်ကျိုးပြီလားမသိဘူး ! အာ့ ! "
မေးတာမဖြေဘဲဇွတ်အော်နေတဲ့ကောင်လေးကြောင့်ခြေမကိုင်မီလက်မကိုင်မီတောင်ဖြစ်နေရသည်။
" ရရဲ့လား ! မရရင်ဆေးခန်းပို့ပေးမယ် ! ထထ ! "
" ဟာ မမကလည်းသတိုးကခြေထောက်ထိထားတာကိုဘယ်လိုထနိုင်မှာလဲ ! တွဲထူပေးလေဗျာ ! "
ကိုယ်ကအပြစ်လုပ်ထားတာမို့မတွဲပေးချင်ဘဲတွဲထူပေးလိုက်ရသည်။
ရှိန်းသတိုးရဲ့လက်အစုံဟာသွယ့်ရဲ့ခါးတွေကိုဖက်တွယ်လာသည်။
" ဘာလုပ်တာလဲလက်က ! "
ခါးကိုလာဖက်တာကြောင့်လက်ကိုလွှတ်ချလိုက်တော့ရှိန်းသတိုးအောက်ကိုပြန်လဲကျသွားသည်။
" အား သေပါပြီ ! ဘာလို့လွှတ်ချတာလဲမမ ! "
" မင်းကရောဘာလို့ခါးကိုလာကိုင်တာလဲ ! "
" ဟာ မကိုင်ရင်ကျွန်တော်လဲမှာပေါ့ဗျ ! မမကလူကိုကားနဲ့လည်းတိုက်တယ် ခုလည်းသေကြောင်းကြံနေတာလား ! လာကြည့်ကြပါလူတွေရယ် ကျွန်တော့်အဖြစ်ကို ! "
အားဗြဲကြီးနဲ့အော်နေတဲ့ထိုကောင်စုတ်လေးကိုပိတ်ရိုက်လိုက်ချင်သည်။
" ဟေ့ဟေ့ အော်မနေနဲ့လူကြားမကောင်းဘူး ! ထူပေးမယ်ထ ဒါပေမဲ့ငါ့ခါးတော့လာမကိုင်နဲ့ ! "
VOUS LISEZ
မောင်ဟုခေါ်သည်(ေမာင္ဟုေခၚသည္)
Non-Fictionဒါဟာမောင့်ကိုချစ်မိတဲ့ငါ့ရဲ့ေနာက်ဆုံးမာနဘဲ ဒါဟာမောင့်ကိုချစ်မိတဲ့ငါ့ရဲ့နောက်ဆုံးမာနဘဲ