Unicode
"ဟဲ့ ဒီမျိုးမစစ်မ စာမေးပွဲကျပြန်ပြီတဲ့ ဟားဟားဟား..."
"Daebak! တကယ်လား? အဟားဟားဟား ဟားဟား...သေအောင်ရီရတယ်"
"ငါတို့ကဒီအတိုင်းပြောလိုက်တာကို တကယ်ကြီးကျအောင်ဖြေလိုက်တာလား ဟောလ် တကယ်လေးစားတယ် ဟိဟိ"
လှောင်ရယ်သံတွေ၊ ဆေးလိပ်ငွေ့တွေ...
"ခွပ်!"
"အာ့!"
အချက်ပေါင်းများစွာ ထိုးကြိတ်ဒဏ်တွေ...
ကျောင်းနောက်ဖေးလမ်းကျဉ်းလေးထဲ အလယ်တန်းကျောင်းသူလေးတစ်ယောက်ရဲ့ နာကျင်မှုတွေ၊ ငိုယိုသံတွေကိုဂရုစိုက်ပြီး ကူကယ်ပေးမယ့်သူတစ်ယောက်မှမရှိ။
"လာစမ်းပါ နင်ဒါကို အရမ်း...ကြိုက်တာမလား ဟားဟား... နင့်အဖေ မျက်လုံးပြာပြာကြီးနဲ့ကောင်ကိုတော့ သွားမပြောနဲ့နော် ㅎㅎㅎ"
ကောင်မလေးရဲ့အသားပေါ်ကို တဖြည်းဖြည်းတိုးကပ်လာတဲ့ ဆေးလိပ်မီး!
"ရား!! ငြိမ်ငြိမ်နေ!"
"မဟုတ်ဘူး မလုပ်ပါနဲ့ အီဟီး... ကျေးဇူးပြုပြီး..အားးး"
"အားးးး"
ကြောက်လန့်တကြားအော်မိရင်းကနေ အိပ်နေရာက ဇက်ကနဲထထိုင်လိုက်မိတယ်။ရင်ဘတ်ထဲမှာ နှလုံးခုန်သံတွေပွက်လောရိုက်နေပြီးတော့ ခေါင်းအုံးပေါ်မှာလည်း မျက်ရည်တွေစိုရွှဲနေလို့။
"တကယ်ပဲ ဒီလိုအိမ်မက်တွေမက်တာ ဘယ်နှကြိမ်မြောက်ရှိနေပြီလဲ!"
ဆောန်ပန်တစ်ယောက် မျက်ရည်တွေကိုခပ်ကြမ်းကြမ်းသုတ်ပစ်ပြီး သူမရဲ့ညာလက်ပေါ်က အမာရွတ်အစက်အပြောက်သေးသေးလေးတွေကို လက်သည်းရှည်ကြီးတွေနဲ့ အဆတ်မပြတ်ကုတ်ဖဲ့နေတယ်။
အနည်းငယ်စို့တက်လာတဲ့သွေးတွေကိုတော့ နံဘေးစားပွဲပေါ်မှာတင်ထားတဲ့ အဝတ်ဖြူလေးနဲ့အသာသုတ်လို့။
ဟူး...အိပ်ငိုက်တယ် ကျေးဇူးပြုပြီး အဲ့ကောင်မလေး အိမ်မက်ထဲထပ်ပေါ်မလာပါနဲ့တော့ ကျေးဇူးပြုပြီး.
__
ခါတိုင်းလိုပဲ ထပ်တူကျနေတဲ့သာမန်နေ့ရက်တစ်ရက်။မိုးလင်းခါစ မလင်းတလင်းအချိန်မှာ ထုံးစံအတိုင်းမျက်လုံးတွေကပွင့်ပြီးသားပဲမို့ မြူနှင်းဖွဲဖွဲလေးတွေသွန်းကျနေတဲ့အပြင်ဘက်ကို ကိုယ်တစ်ယောက်ထဲ ခပ်အေးအေးလျှောက်လာရင်း ပင်လယ်ဘက်ကိုဦးတည်လိုက်တယ်။
YOU ARE READING
FATE [One Short]
Short Storyကိုယ်တိုင်နစ်မြှောနေခဲ့တဲ့ အဖြူရောင်ကံကြမ္မာလှလှလေး...အခုဘာကိုမှဂရုမစိုက်တော့ဘဲ နူးညံ့တောက်ပနေတဲ့အရာလေးတစ်ခုထဲကိုကြည့်ပြီး တည့်တည့်မတ်မတ်လျှောက်လာခဲ့တော့မလို့...