A story that begins at sea and ends there [Theory]

61 9 0
                                    

ပင်လယ်ကမ်းစပ်နားအမှတ်တမဲ့ရှာတွေ့ခဲ့တဲ့ ပန်းရောင်ကွင်းထိုးဖိနပ်လေးတစ်စုံ။

"အိုက်အီဂူး...သနားစရာကောင်မလေး သေတာတောင် ဒီလိုအေးစက်စက်ပင်လယ်ထဲ သေရတယ်လို့"

"အဲ့ဒါပြောတာပေါ့အမရယ် စိတ်ရောဂါသည်လားတောင်မသိပါဘူး"

"ဟုတ်တယ် ကျွန်မလည်းအဲ့လိုကြားတယ်!မဟုတ်ရင် ဘယ်သူကဒီလိုမျိုး ရူးမိုက်တဲ့အလုပ်ကို..."

"Aee...ကြက်သီးတောင်ထတယ်"

အင်း...တကယ်ဖြစ်ပျက်ခဲ့တဲ့အမှန်တရားကိုအသာထား! သတင်းတွေမျိုးစုံက လူတိုင်းရဲ့ပါးစပ်ဖျားမှာ ပလူပျံနေတာ ဓမ္မတာပဲလေ။

ဘဝတစ်လျှောက်လုံး အထီးကျန်ခြောက်လန့်မှုတွေထဲကနေ မလွတ်မြောက်နိုင်ခဲ့တဲ့ ကောင်မလေး...
စိတ်ရဲ့အနက်ရှိုင်းဆုံးတစ်နေရာထိ နာကျင်မှုဒဏ်ဗလဗွ‌နဲ့ ရှင်သန်ခဲ့ရတဲ့ အဲ့ဒီကောင်မလေးက ဝေဒနာတွေရဲ့အကြောင်းခံကိုတောင် မသိခဲ့ရရှာဘူး။

FATE~

ပန် ရဲ့အမေကကိုးရီးယားလူမျိုးပေမယ့် အဖေကအမေရိကန်သား။ပန်လေးကိုမွေးပြီး 5နှစ်အကြာမှာ အဖေဖြစ်သူက တခြားမိန်းမနဲ့ဖောက်ပြန်ပြီးတော့ သားအမိနှစ်ယောက်ကိုပစ်ပြီး အမေရိကန်ကိုပြန်သွားခဲ့တယ်။

အနေအေးတဲ့ ကပြားမလေးပန်က ကိုယ်ပိုင်အချိန်တွေအားလုံးကို စိတ်ကူးယဉ်အတွေးတွေထဲမှာနစ်မြှုပ်ထားပြီး သူငယ်ချင်းဆိုတာလည်း ကြီးပြင်းလာတဲ့ထိမရှိခဲ့ဘူး။

"သူ့အမေကရူးနေတာလေ သူတို့အဖေကလည်းနိုင်ငံခြားသားတဲ့ ကြောက်စရာကြီးမလား"

"မျိုးမစစ်မ!"

"HA HA HA..."

လူမျိုးရေးခွဲခြားမှုတွေ၊ကျောင်းတွင်းအကြမ်းဖက်ခံရမှုတွေ...
ကြောက်စရာအမှောင်ထုကြီးထဲ အလူးအလိမ့်ခံစားခဲ့ရတဲ့ကောင်မလေးက လူတိုင်းရဲ့ကစားစရာနယ်ရုပ်လေးအဖြစ်နဲ့။

အချိန်တွေကြာလာတယ်...မသိချင်ယောင်ဆောင်လျစ်လျူရှုသူတွေများလာတာနဲ့အမျှ စိတ်ထဲပုန်းလျှိုးနေခဲ့ရတဲ့ ဒဏ်ရာအမာရွတ်တွေကို လူမမြင်အောင်တစ်ယောက်ထဲ ဝှက်ထားလိုက်တော့တယ်။

FATE [One Short]Where stories live. Discover now