Part 15

261 29 11
                                    

"ဒီကောင်ကြီးကတော့မဟုတ်သေးပါဘူးအကိုရာ။ အကိုဒီလောက်ချစ်နေတာတောင်မမြင်နိုင်တာလွန်လှပြီကို ခုဒီလိုသွားဖို့အကို့ကိုပြင်ဆင်ခိုင်းသေးတယ်လား။ နွားကြီး"

"ကျွန်တော်ကတော့ဖွင်ပြောသင့်တယ်ထင်တယ်နော်အကို အနည်းဆုံးတော့အဖြေတစ်ခုခုရတာပေါ့အကိုရ။ သူ့တစ်ယောက်ထဲအတွက်အကို့ဘဝကြီးကိုနှစ်မြုပ်ထားလို့မရဘူးလေအကို ခုပဲသူသဘောကျတဲ့သူတွေ့လာပြီမလား။ သူကအချိန်တန်ရင်ထွက်သွားမှာ အကိုပဲပိုအထီးကျန်ပြီးကျန်ခဲ့ရမှာဗျ"

"အကိုသိပါတယ်။ ဒါပေမဲ့အကိုထွဠ်ထွဠ်ကိုမသိစေချင်တော့ဘူး။ အကိုစိတ်ဆုံးဖြတ်ပြီးပြီ အကိုသူ့ကိုချစ်တာကိုကအပြစ်ကြီးတစ်ခုဖြစ်နေပါပြီ။ သူ့ကိုမပြောကြပါနဲ့နော်။ အထီးကျန်ရမယ်ဆိုလည်းအကိုခံနိုင်ပါတယ်။ ထွဠ်ထွဠ်ကိုပဲသူချစ်တဲ့သူနဲ့ပျော်စေချင်တယ်"

"ဘာတွေပြောနေကြတာလဲ!!"

ဝေယံတစ်ယောက်အိမ်ပေါက်ဝ၌အတန်ကြာနားထောင်ပြီးနောက်နားမခံနိုင်ဝံ့တော့သည်မို့ထိုစကားဝိုင်းကိုရပ်စေရန်တံခါးကိုတွန်းဖွင့်ကာဝင်သွားလိုက်တော့ ဝုန်းကနဲဖြစ်သွားသောတံခါးသံနှင့်အတူ ထိုစကားဝိုင်းလည်းရုတ်ချည်းတိတ်ဆိတ်သွားခဲ့သည်။ တကယ်တော့သူဖြစ်စေချင်ခဲ့တာက သူလာမှန်းသိလို့ထိုစကားတွေသက်သက်ပြောပြီးစနောက်နေတာမျိုးဖြစ်စေချင်ခဲ့တာ။

အထိတ်တလန့်နှင့်အကို့မျက်နှာရယ် ဖုံးဖိထားတာတစ်ခုခုမထင်မှတ်ဘဲပေါ်သွားလို့အံ့ဩနေတဲ့ စောမှူးရဲ့မျက်နှာရယ် စိတ်ပျက်ဟန်ပိုင်ဇေရဲ့အကြည့်တွေရယ်ကသူ့အားဗြောင်းသက်စေခဲ့သည်။

ဟင့်အင်း သူဖြစ်စေချင်တာက တဟားဟားအော်ရယ်ပြီးစတာကိုတကယ်ထင်သွားတဲ့သူ့ကိုလှောင်ရယ်စေချင်ခဲ့တာ။ ဘာလို့ ဘာလို့များ အကိုက.....

"ထွဠ်..ထွဠ်ထွဠ်!"

"ဘာတွေပြောနေကြတာလဲအကို!ကျွန်တော်ကြားလိုက်တာဘာတွေလဲ!"

"မဟုတ်! အယ့်တာ အကို အကိုတို့ဒီတိုင်းစနေကြ..."

"စနေကြတာမဟုတ်ဘူး!အမှန်တွေပြောနေတာ။ အကိုရ‌ေဝကမင်းကိုချစ်နေတာ ဘာဖြစ်လဲ ပြော!"

ချစ်မေတ္တာဖြင့် အေးစေ နွေးစေМесто, где живут истории. Откройте их для себя