Part 27

729 31 5
                                    

ကံကြမ္မာ၏ဒုတိယအကြိမ်ပေးသနားသောအခွင့်အရေး၌ အရာအားလုံးကိုသူ့နေရာနှင့်သူမှန်ကန်စေရန်ဝေယံတစ်ယောက်အစွမ်းကုန်ကြိုးစားနေမိသည်။ တက္ကသိုလ်ဟူသောဘဝကိုနောက်တစ်ကြိမ်ခြေချရာ၌ ဆေးကျောင်းဆိုသောအသံရှိရာနေရာတိုင်းကိုယောင်လို့တောင်ခြေဦးမလှည့်ဖြစ်။ ထို့အတူအကို့ကိုလည်းသူသိပ်ဝါသနာပါသော ဖြစ်ချင်ခဲ့သော Professional chef တစ်ယောက်ဖြစ်လာစေရန်အစွမ်းကုန်ပံ့ပို့ပေးမိသည်။ ၂၅နှစ်အရွယ်သူကပုံပန်းသဏ္ဌာန်အားဖြင့်၁၇နှစ်သာသာမျှသာရှိသေးတာကြောင့်မိဘလောင်းရိပ်အောက်မှာနေရသောအရွယ်ဖြစ်သည့်တိုင်အကို့အတွက်လိုလေသေးမရှိစေရေးအတွက်ကိုတော့ မိဘနှစ်ပါးအားတောင်းနိုင်သမျှကိုတောင်း ဂျီဂျသင့်လျှင်လည်းဂျီနိုင်သမျှကိုဂျီကျနေမိသည်။

ယခင်တုန်းကအတိုင်းအားနာသိတက်လှသောအကိုကမိဘများဘာပြောပြောခေါင်းလေးတငြိမ့်ငြိမ့်သာလက်ခံတက်မြဲမို့ကြားထဲကသူကသာငြင်းဆန်သင့်တာကိုငြင်း လက်ခံသင့်တာကိုလက်ခံပေးနေရသည်။ သူ့ပုံစံကအားလုံး၏မျက်လုံးထဲ၌ အကို့ကိစ္စတိုင်းကိုနေရာတစ်ခါကန့်လန့်ကန့်လန့်လိုက်ပါတက်သော ကလေးလူကြီးတစ်ယောက်ပုံစံဖြစ်နေသော်ငြား ဒါတွေလည်းသူဂရုမစိုက်နိုင်။ ခုချိန်သူဂရုစိုက်သည်ကအကိုတစ်ယောက်ထဲသာ။ အကိုသာအဆင်ပြေရင် ဘယ်သူ့အမြင်ဘယ်သူ့ရှု့ထောင့်ကမှအရေးမကြီးပေဘူးမို့။

"ဦးလေး ဘယ်နှနာရီလဲဗျ"

ကားရှေ့ခန်းကdriverဦးလေးကြီးအား နာရီကိုမေးရင်းဖင်တကြွကြွဖြစ်နေရသည်။ အကြောင်းမှာအကိုသင်တန်းဆင်းချိန်ဖြစ်သည်မို့လာကြိုကြရင်း ခါတိုင်းထက်ကိုနောက်ကျနေသည်မို့သာ။

"အကိုတို့သင်တန်းကလည်းဒီနေ့နောက်ကျလိုက်တာ"

"လာတော့မှာပါလူလေးရဲ့။ တစ်ခါတစ်လေဒီလိုပဲနောက်ကျနေကြဟာ"

ကားရှေ့ခန်းမှဦးလေးကြီး၏စကားကိုခေါင်းတဆက်ဆက်ငြိမ့်ကာလက်ခံဟန်ပြလိုက်ရင်းခေါင်းကတော့ကားပြတင်းပေါက်အပြင်ဘက်ကိုသာမျှော်နေမိသည်။ ထိုစဉ် တစ်ဖက်ကားလမ်းရှိကွန်ဒို၏တံခါးပေါက်မှထွက်လာသောအကို့ကိုမြင်သည်မို့ မျက်လုံးများအရောင်တဖြတ်ဖြတ်လတ်လာကာကားမှန်ကိုဖွင့်ရင်းလက်ကိုဝေ့ယမ်းပြမိသည်။ သူ့အားလက်ပြန်ပြလာသောအကို့အပြုံးကိုမြင်မှသာ ရင်ထဲမှာဟာနေတာတွေပြည့်သွားရသလိုပင်။

ချစ်မေတ္တာဖြင့် အေးစေ နွေးစေWhere stories live. Discover now