Second, give you the best thing

661 111 8
                                    


Unicode
.


ကျန်းဟာအို က တစ်ယောက်ထဲသမား။ အနားမှာလူတွေရှိနေရင် စိတ်ရှုပ်ရပြီး စကားတွေအများကြီးပြောနေရတယ်လို့ခံစားရလို့ တစ်ယောက်ထဲနေလာတာများတယ်။ ဒါပေမယ့် ဆောင်းဟန်ဘင်း အိမ်ကိုစရောက်လာထဲက အနားမှာအမြဲလိုက်ကပ်နေတတ်ပေမယ့် ဒါကိုအာရုံနောက်စရာလိုတော့ သူ မတွေးမိဘူး။

ဆောင်းဟန်ဘင်းက အရမ်းကောင်းတယ်။ အရမ်း .. အရမ်းကိုမှ သူ့အပေါ်ကောင်းတယ်ပြောရမယ်။ အမြဲအလိုက်တသိရှိပြီး သူ့အပေါ်ဂရုစိုက်လွန်းတယ်။ အိမ်ကိုရောက်လာထဲကအဆင်ပြေပြေရှိခဲ့တာမို့ ဆောင်းဟန်ဘင်းကို သူ​ပြန်တောင်မလွှတ်ချင်တော့ဘူး။

ဆောင်းဟန်ဘင်းက ကျောင်းမှာလည်းနာမည်ကြီးတဲ့ကလေး။ ကျန်းဟာအိုက ကြံဖန်ပြီးဂုဏ်ယူတယ်။ အဲ့ကလေးက သူ့ညီလေးပါဆိုပြီးသူငယ်ချင်းတွေကိုကြွားတယ်။ ကျောင်းရောက်ရင်လည်း သူ့ဆီအမြဲရောက်လာတတ်ပြီး တစ်ခုမဟုတ်တစ်ခုလာပေးတတ်တဲ့ ဆောင်းဟန်ဘင်းကို သူငယ်ချင်းတွေကလည်းရင်းနှီးနေကြပြီ။ သူတို့က သူ့ကိုတောင်မနာလိုဖြစ်သလိုစနောက်ကြတယ်။ ဆောင်းဟန်ဘင်း လို ညီလေးတစ်ယောက်ရလိုက်လို့ ကျန်းဟာအိုမှာ နေ့ရက်တိုင်းပျော်ရွှင်နေရရော။

မေမေက သူ့ဆီကို ရတနာထုပ်လေးပို့ပေးလိုက်တာဖြစ်လို့လှမ်းပြီးကျေးဇူးတင်တယ်။

.

တဖြေးဖြေးနဲ့ ရွာချလာတဲ့မိုးစက်တွေက ကျန်းဟာအိုခြေလှမ်းတွေကိုရပ်စေသွားတယ်။ အမိုးအောက်မှာနေရင်း လက်တစ်ဖက်ထုတ်လို့ မိုးစက်တွေကိုစမ်းတယ်။ ဒီလိုနှုန်းနဲ့ဆို ဘတ်စ်ကားဂိတ်မရောက်ခင်မှာပဲ ရွှဲရွှဲစိုသွားနိုင်ချေရှိတယ်။

အဆောင်ကိုပြန်ဖို့ လမ်းပျောက်နေတော့ ကျန်းဟာအို ရဲ့ကြည်လင်နေတဲ့မျက်နှာလေးက ယခုမှာ ကောင်းကင်ကတိမ်တိုက်မဲတွေနဲ့အပြိုင် ပြိုကျလုနီးနီး။

ထိုချိန်မှာပဲ မျက်စိရှေ့ကို​ပြိုင်ကားနီနီတောက်တောက်လေး ရောက်ချလာတယ်။ သူ့ရှေ့မှာရပ်တန့်သွားတာမို့ ကျန်းဟာအိုက မှန်ချသွားတဲ့တံခါးကို ခေါင်းငုံ့ကြည့်တယ်။ ကားထဲမှာတော့ ရင်းနှီးနေတဲ့မျက်နှာက သူ့ကိုတစ်ဖန်ကြည့်လို့နေတယ်။

我愛你 Where stories live. Discover now