Three, love you Forever

986 117 2
                                    


Unicode
.

မနက်ပိုင်း ကျောင်းသွားမယ့်အချိန်မှာပဲ ဆောင်းဟန်ဘင်းက အခန်းတံခါးဖွင့်ပြီးထွက်လာတယ်။ တစ်ချိန်တည်းမှာပဲ ရှေ့တည့်တည့်အခန်းကနေ ဟာအိုဟျောင်းလည်း ထွက်လာတယ်။ သူတို့တွေအကြည့်ချင်းဆုံမိကြပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ ရေးကြီးသုတ်ဖြာနဲ့ ထွက်ဖို့ပြင်တဲ့ ဟာအိုဟျောင်း။

ကိုကိုက .. အဲ .. ဟျောင်းက အဲ့လိုပဲ။ ဖွင့်ပြောပြီးလေးရက်လောက်အထိ တစ်ခုမဟုတ်တစ်ခုနည်းနဲ့ ရှောင်နေပြီးတော့ နှစ်ပတ်လောက်ကြာတော့လည်း အရင်လိုမဟုတ်တော့ဘူး။ သူ့ကိုစ​ကားသေချာမပြောတော့ဘဲ မျက်နှာချင်းဆိုင်လိုက်ရုံနဲ့ ယုန်တစ်ကောင်လို ထွက်ပြေးနေတော့တာပဲ။

ဆောင်းဟန်ဘင်း ကိုယ်တိုင်ကလည်း ရရင်ရသလို ဖွင့်ဟဝန်ခံနေဆဲပဲ။ တန်းငြင်းတတ်တဲ့ဟာအိုဟျောင်းကြောင့် လက်လျော့မယ်ဆိုတာမျိုးမရှိခဲ့ဘူး။

ငြင်းတယ်ဆိုပေမယ့် ဟာအိုဟျောင်းက မာမာထန်ထန်ဆက်ဆံတာမျိုးမဟုတ်ခဲ့ပါချေ။ အဲ့တာကြောင့်လည်း သူ့ဘက်ကပိုပြီး အခါခါကြိုးစားချင်စိတ်ဖြစ်မိသည်ထင်ပါရဲ့။

အဲ့လိုတွေထိ ကိစ္စမရှိခဲ့ပေမယ့် ကျန်းဟာအို တစ်ယောက် ကျောင်းကလူတစ်ယောက်နဲ့ date နေတယ်ဆိုတဲ့သတင်းအကြားမှာတော့ သူ ပြာယာခတ်သွားမိတာတော့အမှန်။ ကြားရတဲ့သတင်းတွေအရတော့ စီနီယာတစ်ယောက်နဲ့ တွဲနေတယ်တဲ့။ စီနီယာဆောယွန်းကအလှထိပ်တန်းထဲက မိန်းကလေးတစ်ဦးပဲ။ ဒါပေမယ့် သူမအလှနဲ့အပြိုင် တွဲခဲ့တဲ့ရည်းစားသမိုင်းတွေလည်းနာမည်ကြီးတယ်။ ဟာအိုဟျောင်း က အဲ့လိုလူနဲ့ဘာလို့ တွဲလိုက်လဲဆိုတာကို သူတကယ်နားမလည်တော့ဘူး။

သူ က ဟာအိုဟျောင်း နာကျင်ရမှာကို မမြင်ချင်ရုံပါ။

" စီနီယာဆောယွန်းကလေ .. "

" ကျစ်! မင်းကို အဲ့အကြောင်းတွေလာမပြောနဲ့လို့ပြောထားပြီးပြီမဟုတ်လား။ ကျေးဇူးပြုပြီး ငါ့ကိစ္စတွေထဲထိတော့ ဝင်မပါနဲ့ ဟန်ဘင်းရာ "

တစ်နေ့လုံးမမြင်ရတဲ့မျက်နှာကို ညမှမြင်ရပေမယ့်လည်း အဲ့လိုတွေစကားစမိတိုင်း ဟာအိုဟျောင်းက အခန်းတံခါးပိတ်သွားတတ်ပြန်တယ်။ ဒီရက်တွေထဲ ဟာအိုဟျောင်း ပင်ပန်းနေတာကို သူသိတယ်။ လေ့ကျင့်ချိန်တွေရှိနေတဲ့ကြားက ဒိတ်ကလည်းလုပ်နေရသည်မဟုတ်လား။

You've reached the end of published parts.

⏰ Last updated: Jun 10, 2023 ⏰

Add this story to your Library to get notified about new parts!

我愛你 Where stories live. Discover now