2019, August 26
ဆူဆူညံညံ အသံတွေကြောင့် ဂျီမင်းဟာ အလန့်တကြား တံခါးနားကပ်၍ အသာလေးနားထောင်မိ၏။မနက်ဖြန် UK ထွက်ရမည်မို့စောစောအိပ်ဖို့ စီစဉ်ထားခဲ့သော်လည်း ည11နာရီခန့်မှာ အော်ကြီးဟစ်ကျယ်အသံတွေကြောင့် ထွက်လာခဲ့ရတာ။
ထယ်ယောင်းနဲ့ ဂျောင်ကုရဲ့ အခန်းထဲမှ အော်ဟစ်သံတချို့။ရန်ဖြစ်ခြင်းရယ်လို့ ခေါင်းစဉ်တပ်မရပေမယ့် ဒါဟာ တစ်ခုခုကြောင့် အော်ဟစ်နေကြတာ။အထူးသဖြင့် ထယ်ယောင်းရဲ့ အသံဩဩက ပိုကြားရတာပါပဲ။ဂျောင်ကုကတော့ နဂိုအေးသူမို့ ထယ်ယောင်းနဲ့ စကားများရင်တောင် တိုးတိုးတိတ်တိတ် ပြောဆိုတတ်သည်။
"ထယ်ယောင်း....ဘာဖြစ်နေကြတာလဲ"
အကြီးတစ်ယောက်ပီပီ တံခါးကိုခေါက်၍ မေးတော့ ညအိပ်ဝတ်စုံဖြင့် ထယ်ယောင်းဟာ ခုံတစ်ခုပေါ်မှာ ကျောခိုင်းထိုင်နေပြီး ဂျောင်ကုဟာ ဘေးမှာ မတ်တပ်ရပ်၍ စာရွက်တစ်ခုကိုင်လျက်သား။
"မင်းညီလေးကို မေးလေ"
ထယ်ယောင်းက အငေါ့တူးကာ အခန်းတံခါးအား စောင့်ပိတ်၍ ထွက်သွားသည်။
ထိုအခါမှ ဂျီမင်းလဲ အခုထိ အဝတ်မလဲရသေးတဲ့ ဂျောင်ကုအနားသွားကာ ပုခုံးကိုဖက်လိုက်တော့ ဂျောင်ကုက ပြုံးပြ၏။
"အစ်ကို အိပ်နေတာ နိုးသွားတာလား"
"ဒီလောက်ဆူညံနေတာ မနိုးဘဲနေမလား။နေပါဦး မင်းတို့ ဘာဖြစ်နေကြတာလဲ။မကြီးမငယ်နဲ့ကွာ"
ဂျောင်ကုက လက်ထဲက စာရွက်ကို ခုံပေါ်တင်လိုက်ပြီး ဆိုဖာပေါ်တွင် ထိုင်ချကာ မျက်နှာကို အုပ်၍။
"အစ်ကိုပဲစဉ်းစားကြည့်။ဒါဖြစ်သင့်သလားဆိုတာ"
"ဘယ်ဟာလဲ"
"မနက်ဖြန် သွားရမယ့် UK ကို နောက်မှ လိုက်လာပြီးအစ်ကို ဘိုဂမ်နဲ့ ဂျယ်ဂျူးသွားချင်လို့တဲ့"
"ထယ်ယောင်းကလား"
"အင်း...သူ ဘယ်တော့မှ ကျွန်တော့်ဘက် မကြည့်ခဲ့ဘူး"
"အဲတာနဲ့ပဲ ပြဿနာဖြစ်ကြရောလား"
"ကျွန်တော်က ပြဿနာတွေကို ကြားလူကြောင့် မဖြစ်ချင်ပါဘူး။ နည်းနည်းလောက် သူကျွန်တော့်ကို အလေးထားဖို့ပြောချင်တာ"