မင်းရဲ့ အောင်မြင်မှုတွေ ကျော်ကြားမှုတွေ ကြောင့်ပဲ မင်းချစ်တဲ့သူကို မပိုင်ဆိုင်ရဘူးဆိုရင် ထိုအရာတွေကြောင့် မင်းပျော်နေရမှာတဲ့လား။
"မင်း...ထယ်ယောင်းနဲ့ ဝေးဝေးနေဂျောင်ကု။ထယ်ယောင်းက ပြောရမှာမဟုတ်လို့ မင်းကိုလာပြောတာ ။ မဟုတ်ရင် ထယ်ယောင်း ထိခိုက်ရမှာ သိတယ်မဟုတ်လား။Rumor တစ်ခုခု ကို CEO က မဖန်တီးခိုင်းခင် မင်းကအနေအထိုင်ဆင်ခြင်"
_________အစ်ကိုရဲ့ မျက်လုံးလေးတွေ က သူ့ထံမှ စကားတစ်ခွန်းကို မျှော်တလင့်လင့်စောင့်စားနေဟန်။
ပြောလိုက်လို့ရပါရက် မပြောထွက်ပြန်ဘူး။ထိခိုက်ရမှာ သူရော၊ကိုယ်ရောတင်မက အဖွဲ့ဝင်အားလုံး။
သိပ်ချစ်ပေမယ့် ချစ်တယ်ဆိုတဲ့စကားလုံးလေးတောင် ပြောမထွက်နိုင်တဲ့ ကိုယ့်ကိုကိုယ်ပဲ စိတ်ပျက်ရပါတယ်။
ဒီတစ်ခါ World Tour ပြီးရင် ဖွင့်ပြောမယ်ဆိုတဲ့ အတွေးလေးတွေဟာလဲ လေထဲမှာ။
"ဂျောင်ကု...သိပ်ခက်ခဲနေရင် မပြောနဲ့တော့ လေ"
စိတ်ကောက်လွယ်သူက ဒီတစ်ကြိမ်တွင်လဲ သတ္တိနည်းသူအဖြစ် သတ်မှတ်သွားခဲ့ပြန်၏။လှည့်ထွက်တဲ့အချိန် လက်ကလေးကို ဆွဲယူလိုက်ပေမယ့် အစ်ကိုက ရုန်းထွက်သည်။
"ငါရဲ့ သတ္တိတစ်ဝက်လောက်သာ မင်းမှာရှိနေရင် သိပ်ကောင်းမှာပဲ ဂျောင်ကု"
"အစ်ကို...ကျွန်တော့်နောက် လိုက်ရဲလား။"
အတည်ကြီးပြောနေတဲ့ ဂျောင်ကုကြောင့် သူ့မျက်ဝန်းလေးတွေ ပိုမိုဝိုင်းစက်သွားပြီးနောက်။
" အဖွဲ့က ထွက်ကြမလားလို့ မေးတာ"
"ဟင့်အင်း ။အပိုတွေမပြောပါနဲ့ ဂျောင်ကုရယ်။ ပရိသတ်တွေ ရယ်။မိဘတွေရယ်။ပြီးတော့ အဖွဲ့ဝင်တွေ အားလုံး ဝမ်းနည်းရပါလိမ့်မယ်"
"ပြောတော့ သတ္တိရှိတယ်ဆို အစ်ကိုရဲ့"
"ငါပြောတာက"
ဒီလိုပါပဲ။သူရယ်ကိုယ်ရယ်က အခက်အခဲတွေအများကြီး ကြားထဲမှာ ကိုယ့်ခန္ဓာနဲ့ သူများစိတ်ဖြင့် အသက်ရှင်ပြီး အချင်းချင်းကတော့ ငေးကြည့်ရုံနဲ့တင် ကျေနပ်နေရတဲ့ သူတွေရယ်ပါ။