1

62 7 3
                                    


unicode

ဆိုးလ်မြို့ရှိ နာမည်ကြီးဘားတစ်ခုတွင် ငယ်ငယ်ရွယ်ရွယ်ဘဲလေးများ(ယောကျ်ားဖာ) ရုတ်ရုတ်သဲသဲဖြစ်နေကာ ဒီနေ့တွင် ဆွဲဆောင်မှုအရှိဆုံးဖြစ်အောင် ပြင်ဆင်နေကြသည်။

အကြောင်းမှာ ဒီနေ့တွင် ထိုဘားအား ကင်ထယ်ယောင်းဆိုသည့်သူလာမည်ဟု ကြားတာကြောင့်ပင်။ ထိုသူသည် အလွန်ချမ်းသာသည့်အပြင် ရုပ်ရည်ကပါ နတ်ဘုရားလိုချောမောလွန်းတာကြောင့် သူတို့အနေဖြင့် ပိုက်ဆံမရရင်တောင် ထိုသူနှင့် အိပ်ရဖို့ဘာမဆိုလုပ်နိုင်သည်။

မိန်းကလေးတွေကြားမှာလည်း ရေပန်းစားလွန်းပေမယ့် စိတ်မကောင်းစရာက ထိုသူသည် gayတစ်ဦးဖြစ်သည်။ ဒါပေမယ့်လည်း အခုအချိန်ထိ မျှော်လင့်ချက်တဖွဲသားနှင့် စောင့်နေကြသော မိန်းကလေးတစ်သိုက်က ရှိနေတုန်းပင်။

"ရောက်လာပြီး"

တံခါးစောင့်ဆီက ဖုန်းဖြေသံကြားတာနဲ့ မန်နေဂျာမှာ ယောက်ယက်ခတ်နေတဲ့ ဘဲလေးတွေကို အဆင်သင့်ပြင်ထားခိုင်းလိုက်သည်။ ပြီးနောက် ထိုသူကိုထွက်ကြိုဖို့ရာ အပေါက်ဝသို့ အလောတလျင်ပြေးထွက်လာခဲ့သည်။

အချိန်ကိုက်ဆိုသလို သူရောက်သဘ့်အချိန်တွင် ထိုသူက ကားထဲက ဆင်းနေပြီးဖြစ်သည်။ နတ်ဘုရားတွေဆီက ချစ်ခြင်းမေတ္တာတွေအပြည့်ဖြင့် သေချာထုထွင်းခြင်း ခံထားရသလို မျက်နှာအသွင်အပြင်အား မည်သူမျှ ရိုးအီသွားမည်မဟုတ်။ ထိုလူက အဆမတန်ချောမောလွန်းသည်။

"လူကြီးမင်း... ကြွပါခင်ဗျာ၊ ဒီနေ့လည်း လူကြီးမင်းစိတ်ကြိုက်သာ ရွေးချယ်ပါ"

ထယ်ယောင်း မန်နေဂျာကို ပြုံးပြလိုက်ပြီးနောက် အထဲကိုဝင်လာခဲ့လိုက်သည်။

ကျန်ခဲ့တဲ့မန်နေဂျာမှာ တောင့်တင်းသွားပြီး သူ့ပါးသူပြန်ရိုက်လိုက်သည်။

သူတကယ်ကြီး ပြုံးပြသွားတယ်၊ ငါသေပြီးသွားလို့ နတ်ပြည်က နတ်သားကိုတွေ့နေတာတော့ မဟုတ်ဘူးမလား။

လမ်းတစ်လျှောက်လုံး ဘဲလေးတွေဝန်းရံနေကာ ထယ်ယောင်းဆီက သဘောကျမှုရရန် ကြိုးစားနေကြသည်။ သို့သော် ထယ်ယောင်းမှာ ဒီနေ့ကာမဂုဏ်ပျော်ပါးဖို့ရာ စိတ်ကူးမရှိနေတာကြောင့် ဘယ်သူ့ကိုမှမကြည့်ပဲ VIP အခန်းထဲသာ ဝင်လာခဲ့လိုက်သည်။

CRAZY LOVE [ongoing]Onde histórias criam vida. Descubra agora