2

23 6 2
                                    


unicode

ထယ်ယောင်း ထိုကောင်လေးကို အိမ်ကိုခေါ်ခဲ့လိုက်ပြီး ဆိုဖာပေါ်မှာထိုင်နေစေသည်။ ပြီးနောက် မီးဖိုချောင်ထဲဝင်လိုက်ပြီး စားစရာအနည်းငယ်ချက်ပြုတ်လိုက်သည်။ ခဏအကြာတွင် မီးဖိုချောင်အခန်းဝတွင် လူရိပ်အားတွေ့လိုက်ရသည်။

"မင်းဘာစားချင်လဲ"

"ကိစ္စမရှိဘူး၊ ကြိုက်တာချက်"

ထိုစကားဆုံးပြီး တစ်မိနစ်လောက်တိတ်ဆိတ်သွားကာ ထယ်ယောင်းက တစ်ခုခုကို သတိရသွားဟန်ဖြင့် မေးလိုက်သည်။

"မင်းနာမည်က ဘယ်လိုခေါ်တာလဲ"

ထိုကောင်လေးက အတော်အတန်ကြာအောင် တိတ်ဆိတ်သွားပြီး

"စဥ်းစားကြည့်တာတော့ 'ဂျွန်'ဆိုတာပဲမှတ်မိတယ်။ အဲ့တော့ ကျွန်တော့်ကို ဂျွန်လို့ပဲခေါ်"

"ကောင်းပြီး၊ ဂျွန်"

"ခင်ဗျား ဘာချက်နေတာလဲ"

"ခေါက်ဆွဲပြုတ်"

"လူနာကိုကျွေးတဲ့အစာက ခေါက်ဆွဲပြုတ်လား"

"မင်းက လူနာမှမဟုတ်တာ၊ လူမနာလေ။ မရှည်စမ်းနဲ့ ဒီနေ့ အိမ်ကစားဖိုမှူးက အိမ်ခဏပြန်သွားတယ် ညကျမှကောင်းကောင်းစား"

ဂျောင်ဂုမကျေမနပ်ရေရွတ်လိုက်ပြီး

"ခင်ဗျားနာမည်က ဘယ်လိုခေါ်တာလဲ"

"မထင်မှတ်ပဲ လောကကြီးထဲမှာ ငါ့ကိုမသိတဲ့လူရှိသေးတာပဲ။ တကယ်ပျော်ဖို့ကောင်းတယ်"

"..."

"ကိုယ့်နာမည်က ကင်မ်ထယ်ယောင်း"

ထိုနာမည်ကိုကြားလိုက်ရသောအခါ ထိုကောင်လေးရဲ့ မျက်နှာသည် အမည်ဖော်မရသည့် ခံစားချက်တစ်ချို့ဖြတ်သန်းသွားသည်။

ထယ်ယောင်းက ငြိမ်ကျသွားသည့်ကောင်လေးကို တစ်ချက်လှည့်ကြည့်လိုက်ရင်း ထပ်လောင်းပြောလိုက်သည်။

"မင်းကိုယ့်ကို အန်ကယ်လို့ခေါ်လို့ရတယ်၊ မဟုတ်လည်း ဦးလေး၊ ဒါမှမဟုတ်လည်း လေးလေးထယ်ယောင်းပေါ့ ကြိုက်သလိုခေါ်လို့ရတယ်"

"ကင်မ်!"

"အမ်"

"ကျွန်တော်ခင်ဗျားကို ကင်မ်လို့ခေါ်မယ်"

You've reached the end of published parts.

⏰ Last updated: Jun 05, 2023 ⏰

Add this story to your Library to get notified about new parts!

CRAZY LOVE [ongoing]Where stories live. Discover now