-3-

1.2K 189 36
                                    

Recommend Song- What Lovers Do by Maroon5

" ဝါး ကင်မ်ဂယူဘင်းက ချောလိုက်တာ... "

" အရပ်က တကယ်ကိုအရှည်ကြီးပဲနော် ။ "

" အား .. သဘောကျလိုက်တာ !!"

" မောင်လေး hwaiting!!!!"

အနုပညာမေဂျာနှင့်ကွန်ပျူတာသိပ္ပံမေဂျာတို့၏ ကျောင်းတွင်းဘတ်စကတ်ဘောဗိုလ်လုပွဲတွင် အနုပညာမေဂျာမှ ခပ်အုပ်အုပ်အညိုရောင်ဆံပင်များအားheadbandဖြင့် လှန်တင်ထားသည့် အားကစားဝတ်စုံအဖြူနှင့် အားကစားဘောင်းဘီတိုအောက်မှ ရှည်လျားသောခြေတံရှည်များဖြင့် ကွင်းထဲတွင်ထင်းထွက်နေသည့် အသင်းခေါင်းဆောင်ကင်မ်ဂယူဘင်းကို စီနီယာအစ်မများက အားတက်သရော နှင့် နာမည်ခေါ်ကာ အားပေးနေကြသော်လည်း အရံခုံမှာထိုင်နေရသည့်ရစ်ခီကတော့ ကွင်းထဲတွင် ကစားသမားအများအပြားရှိနေတာတောင်မှပဲ ကင်မ်ဂယူဘင်းတစ်ယောက်တည်းကိုသာကွက်၍ အားပေးနေကြသည့်အသံများကိုသာကြားနေရသည်တွင် နားကြားပြင်းကတ်လာတာမို့ ထိုခပ်စူးစူးအသံများဖြင့်
" ကင်မ်ဂယူဘင်း " ဟုအော်ဟစ်နေသံများကို မကြားလိုစွာဖြင့် နံဘေးတွင်အသင့်ရှိနေသည့်ဂယူဘင်း၏ နားကြပ်တစ်ဖက်ကိုယူ၍တပ်ထားလိုက်ပါတော့သည် ။

ကင်မ်ဂယူဘင်းဆိုသည့်နာမည်​ကြားသည်နှင့် ခြေတံရှည်ရှည်တို့ကိုသာ ပြေးမြင်နိုင်သည်အထိကို အားကစားဝတ်စုံနှင့်ကင်မ်ဂယူဘင်းတွင် ခြေတံရှည်များကသာ ထင်းထွက်နေကာ အနုပညာမေဂျာမှကင်မ်ဂယူဘင်းသည် ပွဲထဲမှ မိန်းကလေးများပရိတ်သတ်များကိုသာမကဘဲ စီနီယာယောကျ်ားလေးများ၏ အားကျသည့်အကြည့်များကိုပါ တစ်ပြိုင်နက်တည်းမှာပင် ရရှိနေခဲ့ပါတော့သည် ။

ရစ်ခီက နားကြပ်ကိုတပ်ထားသော်လည်း ဟန်ပြသာဖြစ်ပြီး သူ၏အာရုံအလုံးစုံနှင့် အကြည့်များကတော့ ကွင်းထဲမှသူများဆီမှာသာ ရှိနေခဲ့ပါသည် ။

ထို့နောက် သူကြည့်နေတုန်းမှာပင် ကွင်းလယ်မှစိတ်အနှောင့်အယှက်ဖြစ်စရာ မြင်ကွင်းတစ်ခုက မျက်လုံးထဲကို ကန့်လန့်ဖြတ်၍ဝင်လာချိန်မှာတော့ ရစ်ခီသည် ချက်ချင်းပင်နေရာမှထကာရပ်လိုက်မိပါတော့သည် ။

𝑷𝑰𝑵𝑲 𝑯𝑶𝑷𝑬(SHIMKONGZ) [COMPLETED]Where stories live. Discover now