အိုက်စလန်

269 22 3
                                    

Francium လို့ခေါ်တဲ့ သတ္တုဟာ ကမ္ဘာပေါ်မှာမတည်ငြိမ်ဆုံးသော ဝတ္တုဖြစ်ပြီး"ရှာမရအောင် ရှားသောအရာ"လို့ပညာရှင်တွေကနာမည်ပေးထားတယ်
*ကျွန်တော်အခုရောက်နေတဲ့နိုင်ငံလိုပေါ့*
မီယာမီကနေအိုက်စလန်ကိုအလာလေယာဉ်ပေါ်မှာကျွန်တော်ဟိုဟိုဒီဒီစဉ်းစားဖို့အချိန်ရတယ်။အိုက်စလန်ကိုဆောင်းတွင်းကြီးလေယာဉ်နဲ့လာဖို့ဆိုတာမလွယ်ကူလှဘူး။အလိုလိုသိနေတယ်ထင်တယ်။နေမထိ ထိုင်မသာဖြစ်နေတာ
ကျွန်တော်အိုက်စလန်ကိုလာရတဲ့အကြောင်းအရင်းခိုင်ခိုင်မာမာရှိတယ်။ကျွန်တော်ကငယ်ငယ်ထဲကပျော်တက်သူမဟုတ်ဘူး။အလကားနေစိတ်ညစ်၊စိတ်တို၊စိတ်ပူနေတက်သူ၊ခရီးသွားရတာလည်း၀ါသနာမပါပေမဲ့ပျော်ရွှင်ခြင်းရဲ့လျှို့ဝှက်ချက်တွေကိုကျွန်တော်သိချင်တယ်။
အခုကျွန်တော်ဟို‌တယ်ရောက်တော့နှင်းတွေတဝုန်းဝုန်းကျနေတယ်၊အာကာသရောင်နက်မှောင်နေတယ်၊အချိန်ကမနက်11နာရီ။
"ဘယ်ချိန်နေထွက်သလဲဗျ"
ဟိုတယ်၀န်ထမ်းကိုကျွန်တော်မေးလိုက်တယ်သူကကျွန်တော့ကိုရူးများရူးနေသလားဆိုတဲ့အကြည့်နဲ့ကြည့်တယ်။ပြန်ဖြေတော့လည်းအသံကခပ်မှန်မှန်။
"ဒီနေ့နေမထွက်ဘူးဗျ"
နေမထွက်ဘူးဆိုပါလား။ကျွန်တော်စိတ်ထဲဘ၀င်မကျဖြစ်သွားတယ်။ကျွန်တော်စိတ်ချလက်ချယုံလို့ရတာဆိုလို့နေလုံးပဲရှိတာလေ။ပလူတိုဂြိုလ်ဆိုရင်သိပ်ယုံလို့မရဘူး၊ဂြိုလ်ကိုးလုံးရှိတယ်လို့ငယ်ငယ်ကသင်ခဲ့ရပေမဲ့အခုတော့ပလူတိုကဂြိုလ်တစ်လုံးမဟုတ်ဘူးတဲ့။နေလုံးကတော့ဒီလို့အပြောင်းအလဲမများတက်ဘူး။ဒါပေမဲ့...ဒီမှာတော့နေမထွက်ဘူးတဲ့။
ဟိုတယ်အိပ်ရာပေါ်လှဲချလိုက်တယ်။ကျွန်တော်ခနအိပ်ပျော်သွာတယ်။နေ့ခင်းကြောင်တောင်ကြီးဆိုပေမဲ့ညလိုမှောင်နေတော့အိပ်ရတာသိပ်မခက်ဘူးလေ။
ကျွန်တော်နိုးလာတော့အလင်းရောင်သဲ့သဲ့သမ်းနေပြီ။အလင်းရောင်ရှိပေမဲ့အမှောင်ကတော့သိပ်မကွဲသေး။
---
ကျွန်တော်အရက်ပြင်းပြင်းတစ်ခွက်သောက်မှဖြစ်မယ်။သုသေတနအတွက်ပါ။အိုက်စလန်သားတွေနဲ့စိတ်ချင်းနီးချင်ရင်၊Vikingsသွေးဆက်တွေရဲ့လျှို့ဝှက်ချက်ကိုတူးဖော်ချင်ရင်...သူတို့လိုခပ်ထွေထွေလေးဖြစ်နေဖို့လိုသတဲ့။
ကံကောင်းတယ်ပြောရမယ်။ကျွန်တော်ရောက်တဲ့နေ့က တနင်္ဂနွေလေ။ဒီနိုင်ငံသားတွေကရုံးပိတ်ရက်ပဲအရက်သောက်ကြတယ်။ထိန်းထိန်းသိမ်းသိမ်းရှိတဲ့သဘောပေါ့။
ကျွန်တော်အခုရောက်နေတာအိုက်စလန်နိုင်ငံရဲ့မြို့တော် ရေခဗစ်မြို့။ကျွန်တော့်ဟိုတယ်ဘေးချင်းကပ်လျက်ကအရက်ဘားကိုသွားလိုက်တယ်။သစ်သားကြမ်းခင်းတွေအပြည့်ကာထားပြီးမီးတန်းတွေလည်းနေရာတကာမှာတပ်ထားတယ်။ဒစ္စကိုသီချင်းသံလိုခပ်သဲ့သဲ့ကြားရတယ်။ကျွန်တော်ဘီယာတစ်ခွက်မှာလိုက်တယ်။ဒီကဘီယာတစ်ခွက်ဖိုးကတစ်ချို့နိုင်ငံတွေမှာကလေးကျောင်းစရိတ်လောက်ရှိမလားမသိ။နင့်နေအောင်ပေးရတဲ့ဘီယာကိုကျွန်တော်တစ်ငုံသောက်လိုက်တယ်။စိတ်ထဲမှာတော့တစ်ငုံဆို1ဒေါ်လာလောက်များကျမလား...တွေးနေတုန်းယောင်္ကျားလေးအသံတစ်သံကြားရတယ်။အင်္ဂလိပ်လိုပြောနေတာ၊ကျွန်တော့ကိုပြောနေတာပဲ။
"ဒါလေးချိတ်ပေးလို့ရမလားဗျ"။
ကျွန်‌ေတာ်လှည့်ကြည့်လိုက်တော့ပိန်ပိန်ရှည်ရှည်နဲ့ကောင်လေး‌တစ်ယောက်ကိုတွေ့တယ်။ထူးခြားတာကသူရဲ့နှုတ်ခမ်းဖူးဖူး‌ေလးကိုမှနီရဲပြီးတင်းထွက်‌ေနတာ၊ကျွန်တော်ဘာပြောရမှန်းမသိကြောင်ကြည့်နေတယ်။
"ဒါလေးချိတ်ပေးပါ"။
ကောင်လေးကထပ်ပြောပြီးဆွဲကြိုးတစ်ကုံးကျွန်တော့လက်ထဲထည့်ပြီးဟိုဘက်လှည့်ပေးတယ်။
အလို.. အမှောင်ထဲမှာတောင်မြင်နေရတဲ့လည်ဂုတ်လေးကဖွေးဆွတ်နေရော၊ကျွန်တော်အတွေးတွေခနရပ်ပြီးဆွဲကြိုးကိုပြန်ချိတ်ပေးလိုက်တယ်။ကျွန်တော်ကိုယ်ကျွန်တော်လည်းမိတ်ဆက်လိုက်တယ်။
ကောင်လေးနာမည်က-ဂျင်၊ကင်ဆော့ဂျင်။ သူတော်တော်မူးနေတယ်။မိနစ်အနည်းငယ်အတွင်းမှာသူ့အကြောင်းတွေပြောပြီးသွားပြီ။ကိုရီးယားလူမျိုးပေမဲ့အိုက်စလန်မှာငယ်ငယ်တည်းကနေတာတဲ့၊အဘိုးနဲ့အတူနေပြီးဂီတထုတ်လုပ်ရေးတစ်ခုပိုင်တယ်။သူ့သူငယ်ချင်းရပ်စတီဆိုတဲ့တစ်ယောက်နဲ့လည်းမိတ်ဆက်ပေးတယ်။ရပ်စတီကပိုမူးနေတယ်။ဘားထဲကသီချင်းသံကကျယ်လောင်ပွတ်လောရိုက်နေတယ်။
"ကျွန်တော်ကစာရေးဆရာပါ"
ဂျင့်ကို‌အော်ပြောလိုက်တယ်။သူကနားမလည်တဲ့အကြည့်နဲ့ကြည့်တယ်။
"ဆေးဆရာဟုတ်လား။ဘာဆေးဆရာလဲဗျ။လူကုတာလား"
"မဟုတ်ဘူးဗျ။စာ..ရေး..ဆ..ရာဗျ"
ကျွန်တော်ထပ်အော်ပြောလိုက်တယ်။သူတို့နှစ်ယောက်လုံးကျွန်တော့ကိုအထင်တကြီးနဲ့ကြည့်ကြတယ်။ပြီးတော့ဂျင်ကစကားဆက်တယ်
"အိုက်စလန်မှာစာရေးဆရာအလုပ်ကအကောင်းဆုံးလို့ယူဆကြတယ်။မအောင်မြင်တဲ့စာရေးဆရာလည်းကိစ္စမရှိဘူး။စိတ်ကူးထဲမှာစာရေး‌နေလည်းရတယ်။ဘယ်လိုပဲဖြစ်ဖြစ်စာရေးဆရာတွေကိုအိုက်စလန်ကချစ်တယ်"ကျွန်တော်ဘီယာခွက်ကို‌ေမာ့ချပြီးဂျင်မျက်လုံးချင်းစိုက်ကြည့်နေမိတယ်။
"ရယ်တော့ရယ်ရတယ်"အိုက်စလန်တစ်နိုင်ငံလုံးမှာစာရေးဆရာ၊ကဗျာဆရာတွေချည်းပဲ။ကဗျာမရေးဖူးသူတစ်‌ေယာက်‌ေလာက်များရှိရင်မြို့တော်အလယ်မှာရုပ်ထုတည်ထားပေးမယ်"
ဒါကတော့သူ့သူငယ်ချင်းရပ်စတီထပြောတဲ့စကား၊ကျွန်တော်အကြည့်လွှဲပြီး၊ချောင်းတစ်ချက်ဟန့်လိုက်တယ်။
"အခုထိတော့အဲ့လူမမွေးသေးဘူး"ဂျင့်စကားကြောင့်ကျွန်တော်ခပ်သဲ့သဲ့ရယ်မိသွားတယ်။
"ဘာလို့အရက်တွေကိုအလွန်အကျွံသောက်ကြတာလဲ"
"မှောင်လို့"
ရပ်စတီကယုံကြည်မှုအပြည့်နဲ့ပြန်ဖြေတယ်။
"မှောင်လွန်းလို့သောက်ကြတာ"
"ဒါဆိုနွေရောက်ရင်မသောက်ဖူးပေါ့"
ဒီတစ်ခါဂျင်က၀င်ဖြေတယ်။
"နွေရောက်တော့လည်းသောက်တာပဲဗျ။အလင်းရောင်မြင်‌ရတော့ပျော်လို့သောက်ကြတာ"
ရပ်စကီကအရက်ခွက်ကိုင်ရင်းယိုင်နေပြီ။နောက်ဆုံးအဖြေကရှင်းပါတယ်။
"အိုက်စလန်တွင်တစ်နှစ်ပတ်လုံးအရက်သောက်ကြသည်"ပေါ့
"အဲ့လိုပဲဆိုရတော့မလား"
"ခင်ဗျားကဒီကိုအလည်လာတာဆိုတော့ဒီနိုင်ငံသားတစ်ယောက်အနေနဲ့နေရာကောင်းတွေကိုဂျင်ခေါ်သွားပေးနိုင်တယ်နော်"
__တဖြည်းဖြည်းနဲ့ကျွန်တော်တို့နှစ်ယောက်ပြောတာတွေဗလုံးဗထွေးဖြစ်လာပြီ။ပြန်ဖို့အချိန်ကျပြီ။
"ခဏလေး"
ရပ်စတီကလှမ်းတားတယ်။စကားကိုပီအောင်ကြိုးစားပြီးပြောတယ်။
"မင်းသိထားဖို့တစ်ခုပြောရဦးမယ်၊အမှောင်အကြောင်းပြောပြမလို့"
"ဘာများလဲဗျ"
"အမှောင်ကနေထွက်မပြေးနဲ့၊အမှောင်နဲ့တစ်သားတည်းဖြစ်အောင်နေ"
စကားအပြီးမှာဂျင်နဲ့ရပ်စတီတို့နှစ်ယောက်ဆေးလိပ်ငွေ့တွေ၊အိုက်စလန်စကားသံတွေရဲ့ကြားပျောက်ကွယ်သွားကြတယ်။
∆∆
နောက်တစ်နေ့မနက်အိပ်ရာနိုးတယ်။နာရီကြည့်တော့မနက်9နာရီ၊အပြင်မှာသန်းခေါင်လိုမှောင်မည်းနေတုန်း၊နှိုးစက်ကိုပိတ်၊ပြန်အိပ်ဖို့ကြိုးစားတယ်။9နာရီခွဲလောက်မှာလက်လျှော့ပြီးထလိုက်တယ်။ဒါဟာဆော့ဂျင်ကြောင့်၊သူနေရာကောင်းတွေလိုက်ပို့မယ်ပြောထားတယ်လေ။ကျွန်တော်ပြင်ဆင်ပြီးနာရီကြည့်တော့10နာရီထိုးဖို့5မိနစ်၊ Ohh.. shit အမြန်ပြေးမှ။ဟိုတယ်မနက်စာစားချိန်က10နာရီထိပဲလေ။ကျွန်တော်လှေကားကိုခပ်သွက်သွက်ဆင်းတယ်။ပန်းကန်ထဲကိုချိစ်ရယ်ကြက်သားကင်ရယ်အမည်မသိကျန်နေတဲ့ဟင်းတစ်မျိုးထည့်လိုက်တယ်။ကော်ဖီကိုခွက်အပြည့်ထည့်လိုက်တယ်။အိုက်စလန်မှာကော်ဖီကအောက်စီဂျင်လိုမရှိမဖြစ်အရာ။
အားလုံးပြီးစီးသွားတော့‌ဂျင်နဲ့ချိန်းထားတဲ့ကော်ဖီဆိုင်ကိုထွက်ခဲ့တယ်။"ကာရာဂျာ"တဲ့နာမည်ကတစ်မျိုးဖြစ်‌ေနလို့လားမသိကျွန်တော်ပြုံးမိတယ်။ဆိုင်ကမဆိုးပါဘူး။ပြတင်းပေါက်တွေအများကြီးရှိတယ်။ဘောလုံးခုံတစ်ခုံ၊ကိုကာကိုလာနဲ့တစ်ခြားအအေးတွေထည့်ထားတဲ့ ရေခဲသေတ္တာတစ်လုံး၊ဆိုင်ထဲမှာ1980၀န်းကျင်လောက်ကသီချင်းတွေဖွင့်ထားတယ်။ကျွန်တော်တံခါးနဲ့နီးတဲ့စားပွဲနား၀င်ထိုင်ပြီးကောင်လေးအလာကိုစောင့်နေလိုက်တယ်။တစ်ခနအကြာတံခါးမှာတပ်ထားတဲ့ခေါင်းလောင်းလေးမြည်လာတယ်။ကျွန်တော်အာရုံမရှိ၊နံရံမှာကပ်ထားတဲ့ပန်းချီကားကဆွဲဆောင်နေတယ်၊လက်ရာက7တန်းကလေးဆွဲထားတဲ့လက်ရာမျိုး၊ကျွန်တော်စဉ်းစားခန်းဖွင့်နေတုန်း...
"ဆရာ"
"...."
"ဆရာ့"
"ဗျာ"
"ဪ၊ဂျင်"
"ဘာတွေစဉ်းစားနေတာလဲ၊ကျွန်တော်လာတာနောက်ကျသွားလို့လား၊တောင်းပန်ပါတယ်လာခါနီးမှအဘိုးကခိုင်းတာနဲ့ အနည်းငယ်လေးနောက်ကျသွားတယ်"
"ahh.. ကျွန်တော်ကရပါတယ်၊ဆော့ဂျင်ကိုအခုလိုအပြင်အတူသွားဖို့အကူအညီတောင်းတာတောင်လွန်လှနေပြီ"
"ဒါနဲ့ဆော့ဂျင်ခုနကကျွန်တော့ကိုဆရာလို့ခေါ်လိုက်တာလား"
"ဟုတ်တယ်လေ၊ဆရာမလို့ဆရာလို့ခေါ်တာလေ"
"ဆော့ဂျင်ကဆရာ့ကိုလေးစားအားကျလို့ခေါ်တာကိုဆရာကမကြိုက်ဘူးလားဟင်"
"မဟုတ်ရပါဘူး၊ဆော့ဂျင်ခေါ်ချင်သလိုသာခေါ်လို့ရပါတယ်ဗျာ"
(စိတ်ထဲ၌)~ဂျွန်တို့၊ကိုကိုတို့ အဲ့လိုခေါ်ရင်ကျွန်တော်ကပိုကြိုက်ဗျာ။ What. ဂျွန်ဂျောင်ဂုမင်းဘာတွေတွေးနေတာလဲ၊ရှက်စရာကောင်းအောင်ကွာ~
"ဆရာ"
"KOOKလို့"
"ဗျာ"
"ဘာမှမဟုတ်ပါဘူး၊ဆော့ဂျင်ဘာပြောမလို့လဲ"
"ပထမဆုံးဘယ်သွားကြမလဲလို့၊ဆရာအတွေးတွေများနေသလိုပဲ၊ဘာဖြစ်လို့လဲ၊မသွားချင်တော့ဘူးလား"
"မဟုတ်ပါဘူး၊ကျွန်တော်လည်းဘယ်သွားရင်ကောင်းမလဲစဉ်းစားနေတာ၊ဆော့ဂျင်သွားချင်တဲ့နေရာသွားလေ၊ကျွန်တော်ကမသိတော့ဆော့ဂျင်သွားတဲ့နေရာအကုန်လိုက်ခဲ့မယ်"
"အဲ့ဆိုရေခဲပြင်စကိတ်စီးတဲ့နေရာသွားကြတာပေါ့"
∆∆
ကျွန်တော်ဒီကိုရောက်တာနှစ်ပတ်ကျော်ပြီ။နှစ်ပတ်အတွင်းမှာပြောင်းလဲသွားတာတွေရှိတယ်။ကျွန်တော်ဟာပျော်ရွှင်ခြင်းထက်ဆော့ဂျင်ကိုရှာနေတဲ့လူနဲ့တူနေပြီ။ဒီလိုဆိုမဖြစ်ပြန်သေးဘူး။
နောက်မပြောင်းလဲသေးတာတစ်ခုရှိသေးတယ်ဗျာ။ဆရာလို့ခေါ်တာကိုခုထိကိုသူမပြောင်းဘူး။ပြင်လို့မရတော့လို့ပါတဲ့။မယုံပါဘူး။အခုတော့"ကာဖစ်တာ"ဆုတဲ့ကော်ဖီဆိုင်ကိုကျွန်တော်ရောက်နေတယ်။ရေခဗစ်မြို့မှာကျွန်တော်သဘောအကျဆုံးကော်ဖီဆိုင်ပါ။ဆော့ဂျင်ကြောင့်ပဲပေါ့။ကောင်လေးကပြောတယ်၊နံရံတွေကိုအပြာ၊အနီနဲ့အခြားအရောင်ပြင်းပြင်းတွေသုတ်ထားလို့ကြိုက်တယ်တဲ့။ကော်ဖီအဖျော်ဆရာတွေအော်ဟစ်ပြီးအမှာလက်ခံတာကိုသဘောကျတယ်တဲ့။
နောက်ဆုံးတော့မျှော်နေသူလေးရောက်လာပါပြီ။အရင်ထက်ထူးခြားတာကဒီနေ့မှ Suit ၀တ်လာပြီးကျကျနနကိုစတိုင်ကျနေတာ၊ကျွန်တော်သ၀န်တိုလာပြီ။အဲ့လိုမျိုးတကယ်မကြိုက်ဘူး။ကောင်လေးကတော့အရေးကြီးကိစ္စကြောင့်နောက်ကျတဲ့အကြောင်းပြောပြလာတယ်။ဒီနေ့တော့အရင်လိုစကားတွေအများကြီးပြော၊အပြင်တွေလျှောက်မသွားဖြစ်ဘူး၊ ကိစ္စရှိလို့ဟိုတယ်ပြန်သွားရမယ်ပြောပြီးကောင်လေးကိုပြန်လွှတ်လိုက်တယ်။အိမ်ကိုပဲတန်းတန်းမတ်မတ်ပြန်ဖို့လည်းမှာလိုက်တယ်။သူနားထောင်လောက်မှာပါ။
∆∆
ဟိုတယ်ပြန်ရောက်ရောက်ချင်းအိပ်ရာပေါ်ပစ်လှဲချမိတယ်။အတွေးထဲ၀င်လာတာကဆော့ဂျင်၊ပြီးတော့သူ့မျက်လုံး၊ဟုတ်တယ်မျက်လုံးတွေ။ဆော့ဂျင်နဲ့စကားပြောရင်းတစ်ချက်တစ်ချက်အကြည့်စုံလိုက်တိုင်း အဓိပ္ပာယ်ဖော်မရတဲ့မျက်လုံးတွေ။ကျွန်တော်စာရေးဆရာတစ်ယောက်ပါ။အနုအယွလေးတွေကိုခံစားတက်တယ်၊ဖွဲ့နွဲ့တက်တယ်၊ချရေးတက်တယ်။ဆော့ဂျင်မျက်၀န်းကတစ်ချက်တစ်ချက်ပေါ်လာတဲ့အရာတွေကိုကျွန်တော်အဓိပ္ပာယ်မဖွင့်တက်ဘူး။
"ဒေါက်၊ဒေါက်"
ဆော့ဂျင်ရောက်လာပြီ
"ဂျင် လာလေ"
ဆော့ဂျင်မျက်ဆံတွေဟိုထောင့်ကပ်၊ဒီထောင့်ကပ်ဖြစ်နေတယ်။လက်မအချင်းချင်းဖိပွတ်နေတယ်။ဒါသူစိတ်လှုပ်ရှားပြီးတစ်ခုခုပြောမထွက်တဲ့အခါလုပ်နေကျပုံစံမျိုး။ကိုယ်ထင်နေတဲ့အရာများလား၊လမ်းဖွင့်ပေးလိုက်ရမလား။ကျွန်တော့်ပါလက်တွေ၊မျက်စံတွေလည်းဟိုထောင့်ကပ်၊ဒီထောင့်ကပ်တွေဖြစ်နေပြီ။
"ဟို ကျွန်တော်၊ဂျွန်.. အာာညီး. ဆရာ"

'ပျှော်ရွှင်ခြင်းက ကျရှုံးခြင်း'Where stories live. Discover now