သူများ သာယာပျော်ရွှင်ဖွယ်ရာ အပြုအမူတွေလုပ်နေတာကိုကြည့်ရင်းနဲ့ကိုယ်ကိုယ်တိုင်လည်းသာယာလာတက်ခြင်းဟာလူ့သဘာ၀တစ်ခုပါ။ဒီအချက်ကြောင့်အောင်မြင်လူကြိုက်များနေတဲ့လုပ်ငန်းနှစ်ခုရှိတယ်။အပြာကားတွေနဲ့ ကော်ဖီဆိုင်တွေ။အမေရိကန်တွေက ပထမတစ်ခုမှာတစ်ဖက်ကမ်းခတ်ကျွမ်းကျင်နေပြီး ဥရောပသားတွေက ကော်ဖီဆိုင်လုပ်ငန်းတွေမှာပိုကျွမ်းကျင်ကြတယ်တဲ့။
≠≠≠≠≠≠
အခုကျွန်တော်ပျော်ရွှင်မှုရှာပုံတော်ဖွင့်ဖို့ရောက်နေတာကဆွစ်ဇာလန်။ဥရောပသားတော့မဟုတ်ပေမဲ့ကော်ဖီဆိုင်လေးဖွင့်ပြီးဥရောပသူလေးတွေဆီကနေပျော်ရွှင်မှုဆိုတာ"ဘာလဲ"ဆိုပြီးမေးခွန်းထုတ်ရင်းအချိန်တွေဖြုန်းပစ်လိုက်ရမလား။ကျွန်တော်စီးလာတဲ့အငှားကား "ဂျီနီဗာ"မြို့ထဲရောက်မှ တောင်စဉ်ရေမရအတွေးစတွေပြတ်သွားတယ်။ကျွန်တော့်သူငယ်ချင်းမေရီစီစဉ်ပေးတဲ့တိုက်ခန်းကိုရောက်လာပြီ။ကျွန်တော့်အိတ်ထဲကအ၀တ်အစားတွေထုတ်ပြီးတာနဲ့ ကျွန်တော်နဲ့မေရီကော်ဖီဆိုင်ဘက်ကိုထွက်လာကြတယ်။ဆူဇန်ကသူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ကျွန်တော့်ကိုမိတ်ဆက်ပေးတယ်၊ကျွန်တော်တို့စားပွဲကလူအစုံပါပဲ။တင်မ်ဆိုတဲ့တစ်ယောက်ကဘဏ်၀န်ထမ်း၊နောက်တစ်ယောက်ကချက်ကာ၊သူကဆရာ၀န်၊သူ့ဘေးနားကသူ့ဇနီးကကိတ်တလင်၊အရင်ကဟောလိဝုဒ်အေးဂျင့်၊အခုတော့ဆွစ်ဇာလန်ရောက်နေတာ10နှစ်လောက်ရှိပြီ။ကျွန်တော့်အာရုံတွေကိုဆွဲဆောင်သွားတဲ့သက်ရှိကတော့ကျွန်တော့်ရှေ့တည့်တည့်က sweater အစိမ်းပုတ်ရောင်လေးနဲ့ style pant အဖြူလေးတွဲ၀တ်ထားတဲ့အမျိုးသား။ထူးခြားတာကဝိုင်းစက်နေတဲ့မျက်နှာမဟုတ်တာတောင်ဖောင်းအိနေသည့်ပါးနှစ်ဖက်၊နှုတ်ခမ်းကနှင်းဆီဖူးလိုဖူးငုံထွက်နေတာ၊တော်တော်ကိုပြီးပြည့်စုံတဲ့အမျိုးသားလို့ကောက်ချက်ချလိုက်တယ်။ စားပွဲတစ်ခုလုံးမှာဘလက်ဘယ်ရီဖုန်းကိုင်တာဆိုလို့သူတစ်ယောက်ပဲရှိတယ်။စကားပြောတာပျင်းလာရင်လည်းဖုန်းကိုလက်မနှစ်ဖက်နဲ့အသည်းအသန်နှိပ်နေတာတွေ့ရတယ်။ကျွန်တော်သူနဲ့စကားပြောချင်လို့ကြည့်နေတယ်ထင်ပြီးသူ့လက်ထဲကဖုန်းလေးချပြီးစကားလာပြောရှာပါတယ်။
YOU ARE READING
'ပျှော်ရွှင်ခြင်းက ကျရှုံးခြင်း'
Romanceမပျော်ရွှင်တဲ့သူတစ်ယောက်ပျော်ရွှင်ခြင်းကို ကမ္ဘာပတ်လိုက်ရှာတဲ့အခါ