ep1

3.3K 371 56
                                    

" ကိုကို ကိုကို ကိုကိုပြန်မရောက်သေးဘူးလား
မားမားဂျွန် ကိုကိုပြန်မရောက်သေးဘူးလား "

နီနီက ခေါင်းကကြက်တောင်စည်းလေးတွေ
လှုပ်ခါတဲ့အထိ အပြေးတစ်ပိုင်းနဲ့
ကိုကို့အိမ်ထဲ ဝင်လာခဲ့သည်။
အိမ်အပေါ်ထပ်လှေကားခြေရင်းကနေ
ကိုကို့အခန်းရှိရာသို့ ကိုကို့ကိုလည်ဆန့်အော်ရင်း
မီးဖိုချောင်ထဲမှာ ရှိနေတဲ့ မားမားဂျွန်ကိုလည်း လှမ်းမေးလိုက်သည်။ ကိုကိုက နီနီဖုန်း
ခေါ်တာမကိုင်တော့ အိမ်မှာမရှိလောက်ဘူးထင်တယ် 
ကိုကိုမရှိဘဲ နီနီတက်သွားလိုက်ရင်
နီနီအားကုန်မှာစိုးလို့ နီနီမားမားဂျွန်ကို
တစ်ခါတည်းသေချာအောင် လှေကားနားကနေ လှမ်းမေးလိုက်သည်။

" မင်းကိုကိုပြန်မရောက်သေးဘူးနီနီ
ဘာတွေပြောစရာရှိလို့လဲ မင်းကိုကိုကို
ကြည့်စမ်း လွယ်အိတ်ကြီးနဲ့ဆိုတော့
အိမ်တောင်ပြန်ခဲ့ရဲ့လား "

" ကျောင်းကတစ်ခါတည်း
ဒီရောက်လာတာ မားမားဂျွန်
ကိုကိုကဘာလို့ပြန်မရောက်သေးတာလဲ
နီနီ့ဖုန်းလည်းမကိုင်ဘူး နီနီ့ကိုလည်း
လာမကြိုဘူး မားမားဂျွန်
ကိုကိုနီ့နီ့ဖုန်းကို တမင်မကိုင်တာလား မသိဘူး နီနီမားမားဂျွန်ဖုန်းနဲ့ ဆက်ကြည့်လိုက်ရမလား
မားမားဂျွန်ဖုန်းဆိုရင် ကိုကို‌ကိုင်လောက်မှာ "

" အိမ်ပြန်လာမှာပေါ့ နီနီရဲ့
ပြောစမ်းပါအုံး မင်းကိုကိုကို
ဘာများပြောမလို့လဲ "

မားမားဂျွန်က နီနီ့ခေါင်းထိပ်မှာ စည်းထားတဲ့
ကြက်တောင်စည်းလေးကို ကိုင်ကြည့်ရင်း
မေးနေပေမဲ့ နီနီကတော့ အာရုံမရဘဲ
စားပွဲပေါ်မှာတင်ထားတဲ့ ဖုန်းဆီသာ
အကြည့်ရောက်နေသည်။ နီနီကိုကို့ကို
ဖုန်းဆက်ချင်တယ်။

" အမယ်လေး ဖုန်းဆက်ချင်လည်း
ဆက်ပါတော် တကယ်တည်း
ကိုကိုကို့ ဘာတွေများပြောချင်လို့ပါလိမ့်
ဆက်ဆက် "

နီနီမားမားဂျွန်ဆီက ခွင့်ပြုချက်ရတာနဲ့
စားပွဲပေါ်ကဖုန်းကို ကောက်ကိုင်လိုက်သည်။
အလွတ်ရနေတဲ့ ကိုကို့နံပါတ်ကို ချနှိပ်လိုက်ပြီး
ကိုကို့ဆီ ဖုန်းခေါ်လိုက်သည်။ နီနီဖုန်းခေါ်ပြီး
ခဏပင် ကိုကို့ဘက်က ဖုန်းကိုင်လာသည်။
ကိုကိုက နီနီ့ဖုန်းနဲ့ ခေါ်တော့တုန်းက မကိုင်ဘူးလေ..

ကလေးအထာ [✓]Where stories live. Discover now