ep2

2.3K 356 76
                                    

" ကိုကို ကိုကို တံခါးဖွင့်
နီနီလာပြီ နီနီလာပြီ ဖွင့်ပေးလို့ ကိုကို့!! "

ဂျောင်ဂု နားကို ခေါင်းအုံးနဲ့ပိတ်ထားရာမှ
ထထိုင်လိုက်ရသည်။ ဒီကလေးစုတ်
စောစောစီးစီးကွာ.. တံခါးကို တဘန်းဘန်းထုပြီး
ပါးစပ်ကလည်း စက်သေနတ်ပစ်သလို
တရစပ်အော်နေသည်။ မသိရင် သူက
တမင်မဖွင့်ပေးသလိုနဲ့။

" ကိုကို ကိုကို့လို့ တံခါးဖွင့်ပေး ကိုကို့ "

သူအိပ်ရာပေါ်က အမြန်ဆင်းလိုက်ပြီး
တံခါးသွားဖွင့်ပေးလိုက်သည်။ ဒီထက်ပိုပြီး
အော်နေရင် တစ်ရပ်ကွက်လုံး နိုး‌ကုန်တော့မှာပဲ

" ဘာလဲ စောစောစီးစီး "

" ကိုကို ကိုကိုနဲ့ကျောင်းသွားမှာ
ကိုကိုလိုက်ပို့ "

သူတံခါးဖွင့်ပေးလိုက်သည်နှင့်
လစ်ခနဲ အခန်းထဲရောက်သွားသည်။
ကျောင်းလိုက်ပို့ဆိုပြီး အကုန်ပြင်ဆင်လို့
အဆင်သင့်ဖြစ်နေပြီး လွယ်အိတ်ပါ ပါလာသည်။
အခန်းထဲ သူပါလိုက်ဝင်လိုက်ပြီး
ခုတင်ပေါ်ထိုင်ချကာ ဘေးစားပွဲက
နာရီကို ကြည့်လိုက်သည်။

" အစောကြီးပဲရှိသေးတယ်ကွာ
ကိုကိုပြန်အိပ်အုံးမယ် "

" ကိုကိုထွက်ပြေးမှာစိုးလို့ တီတီလေးကို
အစောကြီးပြင်ခိုင်းထားတာ ကိုကိုအိပ်အိပ်
နီနီ‌ငြိမ်ငြိမ်လေးနေမယ် "

" မင်းရောလာအိပ် ကလေးဆိုတာ
အိပ်ရေးဝအောင် အိပ်ရတယ်
တစ်နေ့ရှစ်နာရီလောက် အိပ်ပေးရတယ်
အဲဒါမှ အရပ်ရှည်ပြီး ဉာဏ်လည်းကောင်းမှာ "

" ကိုးနာရီ ‌ဆယ်နာရီ ဆယ့်တစ်နာရီ ဆယ့်နှစ်နာရီ
တစ်နာရီ နှစ်နာရီ သုံးနာရီ လေးနာရီ ငါးနာရီ
ခြောက်နာရီ .. ကိုကို နီနီ ဆယ်နာရီတောင်
ကျော်နေပြီ အိပ်ထားတာ "

သူ့ရှေ့လက်ချောင်းတွေပါ ထိုးပြကာ
ရေတွက်နေတဲ့ နီနီပေါက်ကို အသည်းယားစွာ
ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ သူမှားတာပါ
တစ်နာရီ နှစ်နာရီလောက်မှ အိပ်တတ်တဲ့သူနဲ့
အစောကြီးအိပ်ရာဝင်တတ်တဲ့ ကလေးကို
မှားပြောမိပါတယ်။

" လာအုံး ကိုကိုအိပ်ချင်သေးတယ်
နီနီ့ကို ဖက်ပြီးအိပ်မယ် "

ကလေးအထာ [✓]Where stories live. Discover now