ဓားပြဗိုလ်လေးရဲ့ချစ်သစ္စာ(part13)

448 15 0
                                    

မဟူရာ!!!!

အာ့..

သူမလည်ပင်းကိုသွေးသောက်ညစ်ပြီးသတ်ပစ်လေသည်။မဟူရာသေသွားတော့သွေးသောက်ဒေါသတွေကမပြေသေးပေ။မောင်ဘုန်းဘက်သို့လှည့်ကာ..

မင်းနဲ့ငါဒီနေ့မှအပြီးမရှင်းနိုင်ရင်ငါလူဖြစ်ရင်လဲအလကားဘဲ..ငါ့ဆရာအတွက်ကလဲ့စားပြန်ချေမယ်...

ဟားဟားကြိုက်တယ်ငါကလဲမင်းဒီနေ့မှမသတ်နိုင်ရင်လူမလုပ်တော့ဘူးကွ...

ဆရာ..

စစ်မာန်မင်းပြန်နှင့်နှင်းဆီကိုသွားကယ်တင်ပေးပါငါ့အစားရွာကိုရောငါ့မိန်းမနဲ့ကလေးကိုပါကယ်တင်ပေးပါ..

စစ်မာန်သွေးသောက်အားခေါင်းငြိမ့်ပြပြီးထွက်လာခဲ့လေသည်။...

စစ်မာန်ထွက်သွားတော့မောင်ဘုန်းကစပြီးသွေးသောက်ကိုတိုက်ခိုက်လေသည်။ဒီတစ်ခါသွေးသောက်ကမောင်ဘုန်းအကြောင်းကိုနားလည်ထားပြီးဖြစ်တာကြောင့်သူ၏ဆရာသင်ပေးထားသောလျို့၀ှက်ဂါထာတစ်ပုဒ်ကိုရွတ်ဆိူပြီးမောင်ဘုန်းရဲ့နှလုံးသားနေရာသို့မှော်ဓားမြှောင်ကိုစိုက်ချလိုက်လေသည်။

အားးးးးမင်း!!!ငါ့ကိုအခုလိုလုပ်ရဲတယ်..

မင်းကအခုလိုထက်ပိုပြီးတော့လုပ်သင့်တာသေသင့်တဲ့ကောင်...မင်းကိုငရဲပြည်ပို့ပစ်မယ်..

ဓားမြှောင်ကိုပြန်ဆွဲထုတ်ပြီးအားကုန်ပြန်စိုက်ချလေသည်။..

အားးးးးး

အော်သံနက်ကြီးနဲ့အတူမှောင်ခိုဂိုဏ်းခေါင်းဆောင်မောင်ဘုန်းလဲဇီ၀ိန်ချုပ်သွားလေသည်။သွေးသောက်မောင်ဘုန်းအလောင်းကိုသယ်လာပြီးရွာဆီသို့ပြန်လာခဲ့လေသည်။...

စစ်မာန်ရွာကိုပြန်ရောက်လာတော့အခြေအနေတွေကလုံး၀ပြောင်းလဲနေပြိး...သွေးသောက်ရွာတွင်ရွာသားတွေအလောင်းနဲ့မှောင်ခိုဂိုဏ်းကလူတွေအလောင်းကမြင်မကောင်းအောင်ပြည့်နှက်လေသည်။စစ်မာန်ဆရာတောင်းဆိုခဲ့သောစကားကိုသတိရပြီးမမလေးကိုရှာဖွေရန်ရွာအနှံ့မြင်းကိုမောင်းနှင်လာခဲ့လေသည်။....

#ငါနောက်ကျသွားပြီးလား...မဟုတ်ဘူးငါမမလေးကိုတော့ရအောင်ကယ်တင်ရမယ်.....

ဓားပြဗိုလ်လေးရဲ့ချစ်သစ္စာ (or)  ခါးသက်သောမုန်းတီးမှုမှချိုမိန်သောချစ်ခြင်းဆီသို့Where stories live. Discover now