ရွာကိုပြန်ရောက်ရောက်ချင်းမှာပင်သူမရှိရာအခန်းဆီသို့တန်းလာခဲ့လေသည်။
ကုတင်ပေါ်တွင်လဲလျောင်းနေသောသူမလေးဆီသိူ့သွားကာဖြူဖတ်ဖြူရော်ဖြစ်နေသောမျက်နှာလေးအားကြည့်ပြီးသွေးသောက်စိတ်မကောင်းဖြစ်မိသည်။သူမလက်လေးကိုပါးပေါ်တင်ပြီးဘယ်သူတွေကမင်းကိုအခုလိုဖြစ်အောင်လုပ်လိုက်တာလဲ...နှင်းဆီ...ကို့ကြောင့်မင်းအခုလိုဖြစ်ရတာပါကွာ...
သခင်လေး...
မိသစ်နင်လာပြီးလား..နှင်းဆီအဆိပ်မိတာဘယ်သူလုပ်တာလဲငါ့ကိုအမှန်တိုင်းတခုမကျန်ပြောပြ!!!
ဟုတ်..ဟုတ်ကဲ့
မိသစ်မှာအကြောင်းစုံအားရှင်းပြလေသည်။
ဒီနေ့ထမင်းဟင်းချက်တဲ့တာ၀န်ကိုဘယ်သူယူထားတာလဲ..သွားခေါ်စမ်း...
ဟုတ်..ဟုတ်ကဲ့...
ခမ်တစ်ယောက်ကြောက်ကြောက်နဲ့ပင်စားဖိုမှုးအားသွားခေါ်လေသည်။သွေးသောက်စစ်ဒေါသထွက်နေတာကြောင့်မည်သူမျှအသံမထွက်ရဲပေ။ခနနေတော့ခမ့်နောက်ကနေစားဖိုမှူးပါလာလေသည်။
စားဖိုမှူးဒီနေ့ခဗျားချက်တဲ့ဟင်းလျာထဲမှာဘာတွေထည့်ထားခဲ့တာလဲ...
ကျနော်ဘာမှမလုပ်ခဲ့ရပါဘူးသခင်လေး.
မင်းအမှန်တိုင်းပြောရင်ငါအသက်ချမ်းသာပေးမယ်..
ကျနော်တကယ်မလိမ်ရပါဘူးသခင်လေးကျနော်တကယ်ပြောနေတာပါကျနော်ချက်တဲ့ဟင်းလျာတွေထဲမှာဘာမှမထည့်ထားပါဘူး..
သခင်လေးကျနော်တို့ထမင်းစားတုန်းကလဲဘာမှမဖြစ်ပါဘူး..
ဟုတ်ပါတယ်သခင်လေးကျနော်တိူ့လဲအဆိပ်မမိပါဘူး...
သခင်လေးမမလေးအဆိပ်မိတာကကျနော်တိူ့ရွာမှာမမလေးကိုမကျေနပ်လို့မမလေးစားမယ့်စားစရာထဲထည့်လိုက်တာလို့ဖြစ်နိုင်တယ်
ဟူတ်တယ်အသစ်လဲအဲလိုဘဲတွေးမိတယ်...
မင်းတို့ပြောတာဟူတ်မဟူတ်ငါစုံစမ်းမယ်အခူတော့အားလုံးထွက်သွားကြ...
ဟုတ်ကဲ့...
အားလုံးထွက်သွားတော့သွေးသောက်သူ့လူယုံတစ်ယောက်ကိုစုံစမ်းဖိူ့အတွက်တာ၀န်ပေးလိုက်လေသည်။
YOU ARE READING
ဓားပြဗိုလ်လေးရဲ့ချစ်သစ္စာ (or) ခါးသက်သောမုန်းတီးမှုမှချိုမိန်သောချစ်ခြင်းဆီသို့
Aksiဓားပြဗိုလ်နဲ့မိန်းမပျိုလေးတို့ရဲ့ချစ်ခြင်းမုန်းခြင်းတွေကိုတွေ့ရမယ့်ficတစ်ပုဒ်ပါဗျ... ဓားပြဗိုလ်လေးကရှယ်ကြမ်းတာနော်... ကြိုပြောထားပါတယ်🚨🚨🚨🚨🚨🚨🔞🔞တွေပါပါတယ်နော် ဖတ်ချင်မှဖတ်ကြပါသာသာတိူ့