Part-19 : I think i fall in love with you, girl

116 9 2
                                    

Unicode

ရတီတစ်ယောက် နေ့လည်က အန်တီမယ်ရီပြောခဲ့တာတွေကိုပြန်တွေးမိရင်း အတွေးတွေနယ်ချဲ့နေမိလေသည်

တကယ်ပဲသူမဟာ အန်တီမယ်ရီရဲ့ သမီးတစ်ယောက်လား.... ထိုစကားတွေကိုပြောနေချိန်မှာအန်တီမယ်ရီရဲ့ မျက်ဝန်းတွေဟာ လိမ်နေတယ်လို့ သူမမခံစားမိပေမယ့်လို့ ရုတ်တရက်ကြီးခုလိုပြန်ဆုံလိုက်ရတော့သူမအတွက် လက်မခံနိုင်သလို မယုံကြည်နိုင်ဖြစ်နေမိသေးသည်။

သူမအမြဲတွေ့ချင်နေသည့် သွေးသားရင်းချာဖြစ်သော မိခင်တစ်ယောက်လုံး ခုလိုမျက်စိရှေ့ရှိနေတာတောင် ဘာတွေကိုအဲ့လောက်ထိ တွေးနေမိသလဲမသိတော့ပေ။

အရင်ကတော့ သူမကိုယ်တိုင် မိဘတွေကိုပြန်ရှာတွေ့ခဲ့ရင် အရမ်းပျော်နေခဲ့မိမှာဆိုပြီးတွေးခဲ့ပေမယ့် ခုများတော့ထိုအတွေးတွေနဲ့တခြားစီပင်။

ဟင်း.......

သက်ပြင်းတစ်ချက်ချလိုက်ရင်း ကော်ဖီခွက်ကိုကိုင်ကာ ထမည်အပြုတွင်...

"မမ အိပ်မပျော်သေးတာလား ၁နာရီတောင်ခွဲနေပြီမမရဲ့ မနက်လည်းအစောကြီးထရတာကို"

မြူတစ်ရေးနိုးအချိန်တွင်ရေဆာသဖြင့် ရေယူရန်ထမင်းစားခန်းသို့အလာ စားပွဲပေါ်တွင် ကော်ဖီခွက်ကိုတင်ကာ အတွေးလွန်နေသောမမအားတွေ့သဖြင့် မေးမိလိုက်ခြင်းပင်။

မြူထင်တာမမှားဘူးဆိုရင် မမရတီဟာ နေ့လည်ကအန်တီမယ်ရီပြောခဲ့တဲ့အကြောင်းတွေနဲ့ပတ်သတ်ပြီး စိတ်တွေအရမ်းရှုပ်နေမိမှာ အသေအချာပင်။

ရုတ်တရက်ပျောက်ကွယ်နေရာမှ ခုလိုချက်ချင်းပေါ်လာပြီးသမီးရဲ့မေမေပါလို့ ပြောခဲ့တဲ့အန်တီမယ်ရီကိုလည်းမမလက်မခံနိုင်ဖြစ်နေသေးသည်မှာအဆန်းမဟုတ်...

မြူလည်းမမကို စိတ်မပင်ပန်းနေစေချင်၍ အဖော်လုပ်ပေးရန် မမဘေးက ထိုင်ခုံလေးတစ်လုံးကိုဆွဲယူလိုက်ပြီး ဝင်ထိုင်ကာမေးလိုက်လေသည်။

"မမအိပ်တော့မှာပါမြူလေးရဲ့ နည်းနည်းစဉ်းစားစရာလေးတွေများသွားလို့"

"မမ မြူ့ဆီမှာ အကုန်ဖွင့်ချလိုက်ပါလားဟင် မမအခုလိုပုံစံဖြစ်နေတာက မြူ့အတွက်အသားမကျစေဘူး အမြဲတမ်း မြူ့ရှေ့မှာပျော်ပျော်နေတတ်တဲ့မမက ခုလိုမျိုးစိတ်ဖိစီးနေတဲ့ပုံစံနဲ့မှမလိုက်တာ"

Dear NgeWhere stories live. Discover now