Part-33 : Sunset with love

93 7 0
                                    

Unicode

ယခုဆိုလျှင် မြူလည်း ကျောင်းပြီးလို့ နောက်နှစ်ဆိုဘွဲ့ယူရတော့မည်ဖြစ်သည်။

ကျောင်းနားလို့အားနေတဲ့အချိန်အတွင်း ဝါသနာပါတဲ့Webtoonလေးတွေဆွဲလိုက် အကို့ရဲ့အလုပ်ကိုကူလုပ်ပေးလိုက်နှင့်အချိန်ကုန်နေမိလေသည်။

အခုဆို မမရတီနဲ့ကိုညီထက်တို့မှာဆိုရင် အမြွှာလေးနှစ်ယောက်ဖြစ်တဲ့ ဒီဒီနဲ့ ယံယံလေးဆိုသည့် သားသားနဲ့မီးမီးရှိနေပြီဖြစ်တာကြောင့်နှစ်ယောက်စလုံးမှာ မြူ့ရဲ့အသည်းကျော်လေးတွေဖြစ်နေကြလေသည်။

ယံယံလေးကအကြီးဖြစ်ပြီးတော့ ဒီဒီလေးကတော့ ၁၅မိနစ်နောက်ကျမှမွေးလာလို့ အငယ်လေးဖြစ်လေသည်။

မမရတီနဲ့ကိုညီထက်ကတော့ ထိန်းမနိုင်ရင် မြူနဲ့အန်တီမယ်ရီတို့နေတဲ့ကွန်ဒိုကိုသာလာလာပို့ထားတတ်တော့တာကြောင့် ကလေးနှစ်ယောက်လုံးမှာ မြူ့ကိုတအားကပ်ကြသည်။ 

အဲ့တာကိုမကျေနပ်သူကြီးကတော့ မြူ့ရဲ့ချစ်လှစွာသော အကိုပေါ့လေ...

ကလေးတွေကိုပဲအချိန်ပေးနေလို့ဆိုပြီး သူ့ကိုအချိန်မပေးမိတဲ့အခါဆို မျက်နှာကြီးကိုတည်နေလိုက်တာဆိုတာ ဒီဒီလေးနဲ့ယံယံလေးဆို အကို့နားကိုသိပ်မကပ်ပေ...။

ဘယ်ကပ်မလဲ ကလေးတွေကိုကြည့်နေတာများ ရေခဲလူသားကြီးကျနေတာပဲ...။

မြူ့ရဲ့အချစ်ဆုံးသူငယ်ချင်းလေးမေသူနဲ့ ကိုကိုကတော့ လာမယ့်အပတ်ဆိုလက်ထပ်ကြတော့မှာဖြစ်တာကြောင့် weddingလုပ်ဖို့နေရာဖြစ်တဲ့ ကမ်းခြေကို မြူတို့အကုန်လုံးတစ်ပတ်လောက်ကြိုပြီးရောက်နေကြတာဖြစ်သည်။

လူကြီးတွေဖြစ်ကြတဲ့အန်တီမြတို့လင်မယားနဲ့ အန်တီမယ်ရီတို့ကတော့ နောက်မှအေးအေးဆေးဆေးလိုက်လာမည်ဆိုတာကြောင့် မြူတို့စုံတွဲရယ် မေသူတို့စုံတွဲရယ် မမရတီတို့မိသားစုရယ်က အရင်ကြိုရောက်နေတာဖြစ်သည်။

နေရာတွေရွေးတော့ ကမ်းခြေမှာပွဲလေးသွားလုပ်ချင်ပါတယ်ဆိုတဲ့ မေသူ့ရဲ့စကားကြောင့်ကိုကိုကလည်း သူ့မဟေသီလေးရဲ့စကားအတိုင်း ချောင်းသာကမ်းခြေမှာ Weddingလုပ်ဖို့စီစဉ်လိုက်ခြင်းပင်...။

Dear NgeOpowieści tętniące życiem. Odkryj je teraz