အခန်း....၁

1.5K 222 22
                                    

တခုသောနံနက်ခင်းတွင်......ကောင်းကင်ဘုံ ညီလာခံကျင်းပရာ နန်းရင်ပြင်တွေ နတ်ဘုရားများ ရုတ်ရုတ်သဲသဲဖြစ်နေကြစဉ် ကောင်းကင်ဘုံမင်းကြီး ကြွချီတော်မူလာသည်။

"ကျင်းဖေးရုန်...မင်းဘာတွေလုပ်နေတာလဲ....!!!"

နန်းရင်ပြင်အလယ်တွင် မျက်ဆံနီနီနဲ့ လုလင်ပျိုတစ်ယောက် ဒူးထောက်နေပြီး ထိုလုလင်ပျို၏ ဆံသားများသည် ဖီးသင်ထားခြင်းမရှိသည့်အတွက် ဖရိုဖရဲနှင့် လေအသော့တွင် လွန့်လူးနေကြသည်။

" ခမည်းတော်....."

ထိုလုလင်ပျို၏ မျက်ဝန်းနှစ်ဖက်ကနေ မျက်ရည်များတသွင်သွင်စီးကျနေပြီး အင်မတန်ဆို့နင်ဝမ်းနည်းနေပုံရသည်။

" သားတော် စိတ်ပိုင်းဖြတ်ပြီးပြီမို့ ဖြောင်းဖြဖို့မကြိုးစားပါနဲ့တော့......"

ကောင်းကင်ဘုံမင်းကြီးဘေးတွင်ခစားနေသော သမိုင်းကျွမ်းကျင်သူနတ်ဘုရားတစ်ပါးက စာအုပ်ထူထူ တစ်အုပ်ကိုဖွင့်လိုက်ပြီး.....

" မင်းကြီး....ကူစူးလက်ထပ် သက္ကရာဇ် ၉၇၁၅ခုနှစ်တွင် နဂါးသားတော် ကောင်းကင်မင်းကြီး၏ အတင်းအကြပ်ဖိအားပေးမှုကြောင့် သားတော်ဖြစ်သူက ကိုယ့်ကိုကိုယ်သတ်သေရန် ဆုံးဖြတ်လိုက်သည်....."

အိုမင်းနေသော နတ်မင်း၏ လေသံသည် တဖြည်းဖြည်းတိုးလျလာသောကြောင့် မင်းကြီး ​လက်ဝှေ့ယမ်းလိုက်သည့်အခါ အစေခံများက ထိုနတ်အိုကြီးကို  အဝေးသို့ ခေါ်ဆောင်သွားကြ​လေသည်။

" ကဲ...ငါကိုယ်တော်လည်း စိတ်ပိုင်းဖြတ်ပြီးသွားပြီ.....မင်းဘာသာ စိတ်ပိုင်းဖြတ်ပြီးသွားလို့ ခုန်ချချင်တယ်ဆိုလဲ ခုန်ချလိုက်ပါလား.....ဘာလို့ အလုပ်ရှုပ်ခံပြီး လင်းရှောင်ခန်းမဆီသတင်းပို့နေရတာလဲ......."

နဂိုကတည်းကမှ ဆို့နင့်ဝမ်းနည်းနေသော ကျင်းဖေးရုန်သည် ဖခင်ဖြစ်သူ၏ မိန့်ကြားချက်ကြောင့် မျက်ရည်များသည်  မေးစေ့ကနေ တတောက်တောက်စီးကျလာသည်အထိ ဝမ်းနည်းနေတော့သည်။

" ဘာလဲဟင်...."

" မခုန်ချသေးဘူးလား.....လာကြစမ်း...အဲ့ကောင်ကို တွန်းချပေးလိုက်ကြ....."

五殿下还在受骗  .....အရှင့်သားက လှည့်စားနေတုန်းပဲလား....Where stories live. Discover now