အခန်း.... ၂

935 168 12
                                    

[ TN/ ရိုးရိုးမရေးဘဲ စကားပြေရေးနည်းနဲ့ရေးလိုက်တာ ကွကိုယ် တိုင်တွေပတ်နေလို့ အရင်လို စကားပြောရေးနည်းနဲ့ပဲရေးလိုက်ပါတယ်....သည်းခံပေးကြပါနော်....]

နောက်တစ်နေ့နံနက်မှာတော့....

ကြာကန်ဘေးမှာ ညအိပ်ခဲ့ရတဲ့ ကျင်းဖေးရုန်ကို ချူယွမ်ချွမ်းသွားနှိုးတော့ ပါးစပ်ထဲထည့်ထားတဲ့လက်ကိုထုတ်ပြီး ကြာကန်ဘက်မျက်နှာလှည့်ပြီး မူနေသေးသတဲ့......

" အရှင့်သားမှာအဲ့လောက်အပေါင်းအသင်းများမယ်လို့ မထင်ထားမိဘူး.....ကျွန်တော်မျိုးကတော့ လိုက်ရှာလိုက်ရတာ.....အရှင့်သားက ကြာကန်ဘေးမှာလာအိပ်နေရတယ်လို့....."

" ခင်ဗျား ကျူပ်အိပ်ယာကို မောင်ပိုင်စီးထားတာကိုး....."

" ဟုတ်တယ်...ကျွန်တော်မျိုးလည်း ဒီကိစ္စကို သေချာစဉ်းစားခဲ့တယ်....အဲ့တာကြောင့် နေရပ်ပြန်ဖို့ဆုံးဖြတ်လိုက်ပြီ....."

ကျင်းဖေးရုန် ဒီစကားကြောင့်အပျော်ကြီးပျော်သွားခဲ့တယ်.....

"ခင်ဗျား တကယ်ပြန်တော့မယ်ပေါ့.....ဒါနဲ့များ ဘာလို့ လက်ထပ်ဖို့သဘောတူခဲ့တာလဲ....."

ချူယွမ်ချွမ်းက ပြေရခက်နေဟန်နဲ့......

" ကျွန်တော်မျိုးက အရှင့်သားကို ဟိုအရင်တုန်းကတည်းက ချစ်မိနေခဲ့တာပါ...."

အကုန်လုံးသာ အဆင်ပြေမယ်ဆို ဘာတွေပဲဖြစ်ဖြစ် ချူယွမ်ချွမ်း ဂရုစိုက်နေမှာမဟုတ်ဘူး....ပြီးတော့ အရှင့်သားနဲ့ဆက်ပြီး စကားမများချင်တာတော့ကြောင့်အရူးကွက်နင်းဖို့ပဲဆုံးဖြတ်လိုက်တော့တယ်.....

ချူယွမ်ချွမ်းရဲ့ဝန်ခံမှုကြောင့် ကျင်းဖေးရုန် အပျိုဖြန်းလေးလို ရှက်သွေးဖြာသွားခဲ့တယ်....

"ဒါဆို ခင်ဗျား..ကျူပ်ကို မြင်ဖူးတယ်ပေါ့...."

//ဘယ်လိုများ ချစ်မိသွားတာပါလိမ့်....//

" ဟုတ်တယ်...အရှင့်သား အဲ့တုန်းက သိပ်ကိုအထင်ကြီးစရာကောင်းခဲ့တာ....."

" အဲ့တုန်းကဘာဖြစ်လို့လဲ....."

ကျင်းဖေးရုန်က သိချင်နေပေမယ့်လည်း မသိချင်သလို ပုံဖမ်းနေတယ်......

五殿下还在受骗  .....အရှင့်သားက လှည့်စားနေတုန်းပဲလား....Where stories live. Discover now