Part-12

3.9K 143 12
                                    

ကိုယ့်ရဲ့ပဲ့ကိုင်ရှင် နွယ်

အပိုင်း-၁၂

တရက်တရက်လက်ရုန်းမှာအားရသည်မရှိပါနွယ်လေးနဲ့မေမေကတခုမဟုတ်အကြောင်းပြကာshoppingပို့ရနွယ်လေးဟင်းချက်ရင်ဘေးကကူရနဲ့အားရသည်မရှိတခါတလေနွယ်လေးကယူကလေးလေးခေါ်တဲ့ဂီတာသေးသေးလေးယူလာကာသီချင်းဆိုပြသည်။ဘယ်ကသင်လဲဆိုတော့ပြင်ဦးလွင်အဆောင်ကသူငယ်ချင်းသင်ပေးတာဆိုလို့စိတ်ပူလိုက်ရသေးသည်။မိန်းခလေးဆိုမှဟင်းချရသည်။

လည်လိုက်ပတ်လိုက်နဲ့အကြည်ဓါတ်ခလေးနဲ့နေရင်းတလကျော်နှစ်လလောက်ကျတော့နွယ်လေးလဲကျောင်းတွေဖွင့်တော့မည်ဆိုတာနဲ့လက်ရုနိးလည်းဖေဖေ့အလုပ်မှာကူမည်ဟုပြောလိုက်သည်။ဒီနေ့ကျောင်းဖွင့်ခါနီးနွယ်လေးလိုတာဝယ်ပေးဖို့super marketသို့ရောက်လာသည်။

ယုရုန်းအိမ်ကပြန်လာထဲကရုန်းနဲ့အဆက်သွယ်ပြတိသွားတာခုဆို၂လနီးပါးရှိနေပီးအစကတော့ရုန်းဆက်သွယ်လာမလားမျော်မိပေမဲ့ခုထိဆက်သွယ်မလာတော့ရုန်းတကယ်စိတ်နာသွားပီဆိုတာသိလိုက်ရသည်။တကယ်ဝေးရတော့မယ်ရုန်းရယ်နောက်၂ပါတ်နေရင်ယုလက်ထပ်ရတော့မည်။ကိုညီကယုလက်ခံတယ်ပြောလိုက်ထဲကမေမေ့ကိုပြောပီးအားချင်းထစီစဉ်တာမို့ယုမှာငြင်းမရတော့ပါ။ခုလဲမင်ဂလာဝတ်စံုfittingလုပ်ပီးအပြန်super marketခနဝင်ရင်းရုန်းကိုတွေ့လိုက်ရလို့ပျော်လို့မှမဆုံးခင်ဘေးကယုသိပ်မုန်းတဲ့ခလေးမကပစ်စည်းတွေကိုရုန်းကိုပြလိုက်ရွေးလိုက်နဲ့ပြုံးပျော်နေတာတွေ့တာနဲ့လူကဒေါသတွေထွက်ပီးဘေးကကိုညီကိုလဲမေ့ကာရုန်းတို့အနားရောက်သွားပီးထိုခလေးမလက်ကိုဆွဲကာပါးရိုက်ချလိုက်ပေမဲ့လက်ကလေထဲမှာဆွဲယူခံလိုက်ရသည်။သတိဝင်လာပီးကြည့်လိုက်တော့ရုန်းကလက်တဖက်ကထိုကလေးမကိုရင်ခွင်ထဲထည့်ဖက်ထားကာကျန်လက်တဖက်ကယုလက်ကိုဆွဲထားပီးယုကိုတအားစက်ဆုပ်ရွံရှာသောမျက်လုံးနဲ့ကြည့်ကာ

"မင်းဘာလုပ်တာလဲဘာလုပ်ပိုင်ခွင့်နဲ့နွယ်လေးကိုရိုက်ဖို့လုပ်ရတာလဲ"

"သူကရုန်းကိုမြူစွယ်နေလို့လေ"

"အဲ့တော့မင်းနဲ့ဘာဆိုင်လဲနွယ်လေးကိုအောက်တန်းကျတဲ့စကားတွေအပြုအမူတွေကိုထပ်မလုပ်ဖို့မင်းကိုသတိပေးလိုက်မယ်နွယ်လေးဆိုတာငါ့အတွက်အရေးပါတဲ့ခလေးမင်းအဆင့်နဲ့သူ့ကိုဆံချည်တမျှင်တောင်ထိခိုက်အောင်လုပ်ခွင့်မရှိတာမှတ်ထားပါ"

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်Where stories live. Discover now