အပိုင်း-၃၂
မယုဆုံးသွားတာ နွယ့်မှာမယုံနိုင်ဖြစ်ရသည်။ခုတင်
ကိုယ့်ကိုခြိမ်းခြောက်တွန်းထိုးနေတုန်း ကိုကြီးဆွဲ
ဖက်ပီး မယုလက်ထဲကနေ နွယ့်ကိုဆွဲလုခဲ့ရသည်။နွယ့်ကိုသတ်မယ်ဆိုတဲ့အော်သံလဲဆုံးရော လူတွေဝိုင်းအော်သံပဲကြားလိုက်ရတယ် နွယ်ဘာမှမမြင်ရအောင် ကိုကြီးကသူ့ရင်ခွင်ထဲပဲဖက်ထားပီးအခန်းပြန်ခဲ့ရသည်။"ကိုကြီး မယုက တကယ်ဆုံးသွားတာလား"
"ဟုတ်တယ် နွယ်လျောက်မတွေးနဲ့နော်"
"ကိုကြီးရယ် နွယ်က ပြသနာကို အေးအေးဆေးဆေးပီးစေချင်တာ မယုကိုလဲသူ့သားလေးနဲ့ပဲ ပျော်ရွှင်စေချင်တာ ဒါမျိုးဖြစ်စေချင်တာမဟုတ်ဘူး ခုတော့ခလေးလေးက သနားပါတယ် မိဘမဲ့ဖြစ်သွားတာ နွယ်သနားလိုက်တာ ဒီလိုမှန်းသိရင် ကိုကြီးကို သူ့ကို ပေးလိုက်ပါတယ်"
"ဒေါ်နွယ်ကသစ် ခင်ဗျားလေးက ဝေသန်သရာ လက်သစ်လားဟင် ယောက်ကျားကို ရက်ရက်ရောရော ပေးလှူနေတာလေ"
"ဟာ မဟုတ်ပါဘူးကိုကြီးရယ် နွယ်က စိတ်မကောင်းလွန်းလို့ စကားအဖြစ်ပြောတာပါ နွယ့်ရဲ့အချစ်တုံးကြီးကို တကယ်မပေးနိုင်ပါဘူးနော် စိတ်မဆိုးနဲ့တော့နော် ပြွတ်"
"စကားအဖြစ်တောင်မပြောနဲ့ ဒီကောင်ကခံနိုင်ရည်မရှိလို့နော်"
"ဟုတ်ပါပီနော်"
လက်ရုန်းနွယ့်ကိုအာရုံပြောင်းအောင် စကားလမ်းကြောင်းလွဲထားလိုက်သည်။နေ့လည်လောက်ကျတော့ ရဲများရောက်လာကာစစ်ချက်ယူပီးပြန်သွားကြသည်။
နွယ်အိပ်နေတုန်းနွယ့်ဆရာဝန်နဲ့ ဖုန်းပြောတော့ စင်ကာပူကိုမြန်မြန်သွားစေချင်ကြောင်းပြောလာလို့ဆေးရုံကတာဝန်ခံဆရာဝန်ကိုမေးတော့လဲ လေယဉ်စီးလို့ရပီဆိုတာကြောင့်၂ရက်လောက်နေရင်သွားဖို့စီစဉ်ရသည်။
ညရောက်တော့လဲပုံမှန်ပဲ စကားပြောဆိုပီး အိပ်ကြသည်။နွယ်အိပ်ပျော်နေတုန်းတယောက်ယောက်ကလာနိုးလို့နိုးလာတော့အ ခန်းတံခါးကပွင့်နေပီးအနားမှာလဲဘယ်သူမှရှိမနေလို့ နွယ်အခန်းပြင်ထွက်လိုက်သည်။အခန်းပြင်လဲရောက်ရော မယုရောက်လာပီး လည်ပင်းကိုအတင်းညစ်ထားတာ နွယ်ဘယ်လိုမှအသက်ရှူလို့မရဖြစ်ကာ အတင်းရုန်းလေမရလေဖြစ်ကာ နွယ်သေတော့မှာလားဟုတွေးရင်း အားမရှိဖြစ်လာသည်။ထိုအချိန်မှာ ကိုကြီးရဲ့နွယ်လေးမရှိရင်ကိုကြီးဘယ်လိုနေရမလဲဆိုတဲ့အသံရယ် သမီး၂ယောက်ရဲ့မားမီဆိုတဲ့အသံရယ်ကြားပီးအားရှိလာကာအတင်းပြန်ရုန်းမိတော့သည်။ဘယ်လောက်ပဲရုန်းရုန်းမရပဲအဝေးက ကိုကြီးအသံလိုကြားပီး မယုဆုံးသွားပီဆိုတာသတိရကာ စိတ်ထဲမှတ်မိနေတဲ့ ဘုရားစာများရွတ်ရင်းနဲ့မှ
လည်ပင်းညစ်ထားတဲ့မယုပျောက်သွားပီး အသံ
ထွက်လို့ရတော့သည်။ကိုကြီးရဲ့နွယ်လေးလို့ခေါ်သံနဲ့အတူမျက်နှာကိုလာထိတဲ့ရေအေးအေးကြောင့်မျက်စိဖွင့်နိုင်ကာအိမ်မက်မက်နေမှန်းသိမှသက်ပြင်းချ
နိုင်တော့သည်။
YOU ARE READING
ကိုယ့်ရဲ့ပဲ့ကိုင်ရှင် နွယ်
Romanceဘုန်းလက်ရုန်း အချစ်ဦးရဲ့ထားခဲ့ခံရဖူးတဲ့စိတ်နဲ့နွယ်လေးကိုချစ်တဲ့ခံစားချက်ကိုဖော်မပြခဲ့ဘူးတဲ့အကျိုးဆက်ကဒီလောက်ဆိုးဝါးခဲ့မယ်လို့သိရင်ကိုယ်အစထဲကချစ်တာကိုဖော်ပြခဲ့ပါတယ်မဟုတ်ဘူးအခုကစချစ်ပြမယ်ဆိုရင်ရောကိုယ်နောက်မကျသေးဘူးမဟုတ်လားနွယ်လေး နွယ်ကသစ် ကိုယ်ငယ်ငယ်...