"Part-3"

7.4K 382 0
                                    

Unicod

ကျောင်းဆင်းတော့ မြတ်နိုး စက်ဘီးလေးနင်းကာ အိမ်ပြန်ရင်း လမ်းတစ်ဝက်လောက်ရောက်တော့...မြတ်နိုး ထင်တာမမှားဘူးဆိုရင် တစ်ယောက်ထဲ ဆွဲခြင်းလေးကိုင်ကာ လမ်းလျှောက်နေတဲ့သူက တီချယ်မလား..မြတ်နိုးစက်ဘီးလေးကို အရှိန်နဲ့မောင်းရင်း တီချယ့်နားရောက်တော့..အရှိန်လျှော့လိုက်ကာ စက်ဘီးပေါ်ကဆင်းလိုက်ရင်း..

"တီချယ်"

"အော် မြတ်နိုးရာ"

"တီချယ် တစ်ယောက်ထဲလား"

"အွန်း ဟုတယ်"

"ဟို မြတ်နိုးကိုစပ်စုတယ်လို့တော့မထင်နဲ့နော်..ခါတိုင်း တီချယ့်ကိုလာလာကြိုနေတဲ့ လူကြီးကကော ဒီနေ့မလာဘူးလား"

"အာ ကိုသွေးကိုပြောတာဖြစ်မယ်..တို့ကိုကားနဲ့လာလာကြိုနေတဲ့ တစ်ယောက်ကို ပြောတာမလား"

"ဟုတ်"

"သူက ဒီနေ့အလုပ်များနေလို့ လာမကြိုနိုင်တာပါတဲ့"

"ဘယ်လောက်ပဲအလုပ်များများပါ..ကိုယ်ချစ်တဲ့သူကိုတော့ အခုလိုတစ်ယောက်ထဲ မပြန်ခိုင်းသင့်ပါဘူး..မြတ်နိုးသာဆိုရင် အဲ့အလုပ်တွေကိုပစ်ထားလိုက်မှာ"

မြတ်နိုးပြောလိုက်တဲ့စကားကြောင့် တီချယ်က အသံထွက်အောင်ပင်ရယ်လိုက်ရင်း..မြတ်နိုးခေါင်းလေးကိုပုတ်လိုက်ကာ

"သမီးကငယ်သေးတော့ ဒါတွေနားမလည်သေးလို့ပါ..သမီးကြီးလာရင် အဓိကနဲ့သာမညကိုခွဲခြားတတ်မှာပါ"

"ဟုတ်မှာပါလေ..တီချယ်က ဘယ်မှာနေတာလဲဟင် သမီးလိုက်ပို့မယ်လေ"

"ရပါတယ်ကလေးရယ်..တို့ဘာသာပြန်တတ်ပါတယ်"

"လမ်းကြုံရင်တော့လိုက်ပို့ပါရစေတီချယ်ရဲ့"

"ကျွန်မက( ......... )အဲ့မှာနေတာပါရှင်"

"ဟာဒါဆို သမီးအိမ်နဲ့ တစ်လမ်းကျော်ပဲကွာတာ တီချယ်ရဲ့"

"ဟုတ်လား ဒါဆို အဆင်ပြေသွားတာပေါ့"

"ဒါ‌ပေါ့တီချယ်ရဲ့ ဒါနဲ့တီချယ်နဲ့ တီချယ့် အမျိုးသားနဲ့က လိုက်တယ်နော်"

မြတ်နိုးပြောလိုက်တဲ့စကားကြောင့် တီချယ့် ခြေလှမ်းတွေဟာ သိသိသာသာကိုနှေးသွားပြီး..

"အညိုရောင်ရပ်ဝန်းလေး" (အညိုရောင်ရပ်ဝန်းလေး)Where stories live. Discover now