Unicod
အရာအားလုံးကိုကျော်ဖြတ်ပြီးတဲ့နောက်မှတော့ သက်ထားနဲ့ကလေးရဲ့ ချစ်ခြင်းဟာတကယ်ကိုအေးချမ်းသွားလေသည်။ကလေးမိဘတွေကလည်းသဘောတူ သက်ထားကိုနှောင့်ယှက်မဲ့သူတွေလည်းမရှိတော့ ဒီချစ်ခြင်းကိုဘယ်သူတွေကများ ထပ်လာခွဲလို့ရအုံးမှာလဲ...
"တီချယ်..တီချယ်"
"ရှင်"
"အောင်စာရင်း သွားကြည့်ရအောင်လေ"
"ခဏလေးပါကလေးရယ်.."
"မြန်မြန်လာပါတီချယ်ရဲ့ မြတ်နိုးရင်တွေခုန်နေပြီ"
"အားမလေးရှင်လေးကအောင်မှာပါနော်"
"အောင်ရုံနဲ့ မကျေနပ်ပါဘူး ဂုဏ်ထူးတွေဘာတွေပါချင်တာ"
"ဟုတ်ပါပြီ သွားကားထဲမှာစောင့်နေ တို့ ယူစရာလေးတစ်ခုရှိလို့"
"ဟုတ်"
သက်ထားယူစရာရှိတာ ယူပြီး ထိုကလေးဆီကိုအမြန်ပြေးသွားရလေသည်။သက်ထားကြာနေရင် ထိုကလေးက ခုနှစ်အိမ်ကြားရှစ်အိမ်ကြားအော်ခေါ်အုံးမယ်လေ။သက်ထားက စကားတိုးတိုးပဲပြောတတ်သလောက် သက်ထားရဲ့ကလေးကတော့ စကားကို အော်ကြီးဟစ်ကျယ်ပြောတတ်လေသည်။သက်ထားနဲ့ကလေးရဲ့ဖူးစာကလည်းဆန်းကြယ်သား....
"အံမယ်ထူးထူးဆန်းဆန်း မောင်းတဲ့သူနေရာမှာ ရှိမနေပါလား"
"တီချယ်ပဲမောင်းလေ...တီချယ်ကားမောင်းတဲ့ပုံလေးကို မြတ်နိုးအရမ်းသဘောကျလို့"
"တစ်လမ်းလုံး ကျွန်မမျက်နှာနီရမဲ့အဖြစ်တွေပါလားနော်"
"မပူနဲ့တီချယ်..ဒီမှာရေခဲရေပါတယ်"
"ဟယ်တကယ်ကြီး အကြံနဲ့ယူလာတာလား"
"အကြံနဲ့ယူလာတာတော့မဟုတ်ပါဘူး ရေခဲရေက မြတ်နိုးသောက်မလို့"
"မရပါဘူးနော်..အပူတွေကန်မယ် ပြီးတော့မှ တီချယ်ရေ မြတ်နိုး ပါးစပ်နာနာ ဆိုပြီးကလေးလို လာမချွဲနဲ့တို့ကအဲ့အချိန်ကြရင် ရိုက်မှာ"
"ဟွန့်..သူများသမီးလေးကိုမယူရသေးဘူး လက်ပါဖို့ကတွေးနေပြီ"
"အတွေးပဲရှိတာပါ ဒီကလေးကို လက်ညိုးနဲ့တောင်မတို့ရက်ပါဘူး"
YOU ARE READING
"အညိုရောင်ရပ်ဝန်းလေး" (အညိုရောင်ရပ်ဝန်းလေး)