Lilac
အနားကဖြတ်လျှောက်သွားရင် ရေစက်တဲ့
အဲ့ရေစက်လေးကို မြတ်နိုးမိသွားရင်တော့
အချစ်လို့ခေါ်တယ်။ဒီအခိုက်အတန့်ကစလို့
ကိုယ့်ကမ္ဘာမှာ
Lilacပန်းတွေအခြေချတော့တာပဲ။________
ဆေးရုံကော်ရစ်တာမှာ ခေါင်းငိုက်စိုက်လျက် ဖြေးဖြေးမှန်မှန်လျှောက်နေတဲ့ ကောင်လေးတစ်ယောက်ဟာ စိတ်နဲ့လူနဲ့ ကပ်နေတဲ့ပုံမပေါ်။
မိဘနှစ်ပါးလုံး တစ်ပြိုင်တည်း နှစ်လောင်းပြိုင်အသတ်ခံလိုက်တဲ့ သူ့အတွက် အနီးအနားကလူတွေမျက်လုံးထဲမှာတော့သနားစရာအတိဖြစ်နေခဲ့လိမ့်မယ်။
ရှုပ်ထွေးလှတဲ့ နိုင်ငံရေးပရိယာယ်တွေထဲ စီပွားရေးသမားတွေ ပဲလှော်ကြားဆားညပ်တာ ထုံးစံလိုပါပဲ။
အခုတော့ချွမ်ရွေ့မှာ တစ်ဇွတ်ထိုးတစ်ဇောက်ကန်းဆိုတဲ့ ဂုဏ်ပုဒ်အပြင် မိဘမဲ့ဆိုတဲ့နာမကပါ နောက်ကကပ်ပါလာခဲ့ပြီ။"ပါပါးနဲ့မာမားကိုနှုတ်ဆက်လိုက်ဦး ကလေး"
ပိတ်ဖြူဖြူတွေဖုံးအုပ်ထားတဲ့ ခုတင်တွေထက်မှာ ပါပါပါးနဲ့ မာမားဟာ အိပ်ပျော်လျက်။
ချွမ်ရွေ့လက်တွေကိုဆုပ်ကိုင်ပေးထားတဲ့ မမလက်တွေဟာလည်းတုန်ယင်နေခဲ့တယ်။"ပါပါးနဲ့မားမားက ချွမ်ရွေ့ကိုထားသွားပြီ"
"မငိုရဘူးလေ ကလေးရဲ့ ၊ မမတစ်ယောက်လုံးရှိသားနဲ့"
အဲ့လိုပြောခဲ့တဲ့မမလည်း ခုဆိုချွမ်ရွေ့နားမှာမှမရှိတော့ပဲ။
လူလိမ်။ မမကတစ်ကယ်ကို အယုံသွင်းပြီးလိမ်သွားခဲ့တာ။
ဆယ်ခြောက်နှစ်အရွယ်ချွမ်ရွေ့ကစလို့ အခုချိန်ထိမမကသူ့အတွက် တစ်ခုတည်းသော မှီတွယ်ရာလေး။အမတစ်ခုမောင်တစ်ခုဘဝမှာ တစ်ယောက်တည်းအရင်ထွက်သွားတော့ ထွက်သွားစေတဲ့တရားခံတွေကိုပဲ မုန်းရမလား ၊ မမကိုပဲအပြစ်ပုံချရမလား။
ချွမ်ရွေ့ကတော့ ပထမတစ်ခုသာ အခိုင်အမာရွေးချယ်မယ်။ သူတို့ကြောင့်သာမဟုတ်ရင် မမက ထားသွားစရာမှမရှိဘဲ။
"ဒေါက် ဒေါက်"
စိုစွတ်စမျက်ဝန်းတို့ကို အငွေ့ပျံစေပြီးမှ "ဝင်ခဲ့ပါ" အသံပြုတော့ နွားနို့တစ်ခွက်ကို ကိုင်လျက် ဝင်လာတဲ့ သူ့ထယ်။
YOU ARE READING
Believe Me [Shentaerae]
Fanfictionယုံကြည်ပါလို့ မဆိုချင်တဲ့အခါ ကျူးလစ်နီတစ်ပွင့်ကို မင်းထံပါးမှာထားခဲ့မယ်။ ချစ်ခြင်းမေတ္တာတွေ ထုပ်ပိုးလို့ ကြိုးနီလေးနဲ့ ရစ်ချည်ထားတယ်။ ဖြည်ကြည့်လှည့်ပေါ့ အချစ်ရယ် နူးညံ့ခြင်းတွေကို ထယ်တွေ့လိမ့်မယ်။