Yellow Daffodil

261 43 4
                                    


Yellow Daffodil

နှလုံးသားရဲ့အဓိပ္ပါယ်ကို
စကားလုံးတွေနဲ့ ဘာသာမပြန်နိုင်တဲ့အခါ
အချစ်လွန်ခြင်းနယ်မြေမှာ လမ်း​ပျောက်ရစမြဲ။

တစ်လမ်းသွားမေတ္တာတွေမှာ
ရောင်ပြန်မရှိတဲ့အခါ
ကိုယ်ဟာပန်းလေးကို မြတ်နိုးရစမြဲ။
------------

ပုံမှန်တိတ်ဆိတ်ငြိမ်သက်လေ့ရှိသော အိမ်သည်အခုရက်ပိုင်း အမျိုးသမီးနှစ်ဦး၏ အချေအတင်အသံတို့ဖြင့်ပြည့်နှက်လျက်။

"မေ့ သမီးသူမှမဟုတ်ဘဲ ဘယ်သူ့နဲ့မှလက်မထပ်ချင်ဘူး...တကယ်သူမဟုတ်ရင်...မဖြစ်လို့ပါ"

မျက်ရည်စီးကြောင်းတို့ဖြင့်ရှိုက်အင့့်ငိုနေသူအား ရှေ့မှအမျိုးသမီး၏အကြည့်တို့ဟာ ပို့၍စူးစိုက်လို့လာ၏။

"ဘယ်လိုလုပ်မလဲ..မေမေကလဲသူကလွဲ ဘယ်သူ့ကိုမှသမီးနဲ့လက်ထပ်ပေးလို့မဖြစ်ဘူး"

စိတ်အေးလက်အေးပြောနေပါသည့့်တိုင် ထိုအမျိုးသမီးဧ။္လေသံအနေအထားတွင် မဖြစ်မနေဟူသည့့် အရိပ်အမြွက်များကအပြည့်။

"ဟယ်ရာ ဆက်ခေါင်းမာနေမယ်ဆို ဖြစ်လာမယ့့်အကျိုးဆက်တွေကို မေမေအာမခံနိုင်ဘူးနော်"

"မေ့"

ဟယ်ရာ့ရဲ့ အော်သံစူးစူးကို မေကဖြင့် ဂရုပင်မစို်က်။

"အခုတောင် အဲ့တစ်ယောက်က ဆေးစွဲနေပြီကို...သူ့အသက်သူ့အနာဂတ်က သမီးပေါ်ပဲမူတည်နေတာ လိမ္မာမယ်မဟုတ်လား ကလေးလေး"

"အခုလာမယ့်ရွေးကောက်ပွဲမှာ မေမေ့နေရာက အဲ့မိသားစုရဲ့ထောက်ပံ့မှုရဖို့လိုနေတာ သမီးလည်းသိတယ်ဟုတ်...အချစ်ဆိုတာဘာမှမဟုတ်ပါဘူး ကလေးရယ်...မေလုပ်သမျှက မေမေတို့မိသားစုကောင်းဖို့ချည်းပဲ"

"ဟင့့်အင်း မေတစ်ယောက်တည်းကောင်းဖို့"

ကင်မ်ဟယ်ရာ ဒီစကားကို စိတ်ထဲကသာ​ပြောဖြစ်ခဲ့၏။ မေမေသည် သူမအားစကားကြမ်းကြမ်းများဖြင့်​​ခြောက်မည်။ မရလျှင် နုနုယွယွအပြောများနဲ့ ချော့မည်။
ထိုမျှမရသေးလျှင်....
ဆက်မတွေးချင်တော့ပါလေ၊ မေမေဟာ တစ်ယူသန်ဝါဒသမားမို့ ချစ်ရသူ အထိအခိုက်ကင်းဖို့ရာ မေမေ့စကားကိုနာခံခြင်းမှတစ်ပါး ရွေးစရာလမ်းမရှိ။
ခွင့်လွှတ်ပါအချစ်ရယ် ငါ...ငါတကယ် ချစ်လွန်းလို့ကို ကျောခိုင်းခဲ့ပါမယ်။

Believe Me [Shentaerae]Where stories live. Discover now