-4-

1.2K 189 45
                                    

" တင်း​တောင် တင်း.. "

ဂယူဘင်း၏ဘဲလ်ဆီသို့လှမ်းနေခဲ့သည့်လက်များက နှစ်ချက်မပြည့်ခင်မှာပင် သူ့မျက်စိရှေ့တည့်တည့်မှ တံခါးက ဝုန်းဆိုပွင့်လာသည်မို့ တံခါးနားတွင်ကပ်ကာရပ်နေသည့် ဂယူဘင်းမှာလန့်ဖျတ်သွားရကာ အနောက်ကိုပင် နှစ်လှမ်းလောက် ဆုတ်သွားမိပါတော့သည် ။

" ဟ လန့်လိုက်တာ.. "

" မင်းကဘာလာလုပ်တာလဲ ။ "

ဂယူဘင်းမှာ ရုတ်တရက်ပွင့်လာခဲ့သည့်တံခါးကြောင့် လန့်သွားရသည်မှာ အရှိန်မသေသေးချိန်တွင်ပင် တံခါးရှေ့မှာဘွားခနဲပေါ်လာသည့် ရစ်ခီရှန်၏မှုန်ကုပ်ကုပ်မျက်နှာကြီးက ဧည့်သည်ကို အကြည့်များနှင့်နှင်ထုတ်နေသလို​ ဖြစ်​​နေတာမို့ ရစ်ခီရှန်ဆိုသည့်ကောင်လောက်ကိုတော့ မ​ဖြုံသူပီပီ ဂယူဘင်းမှာလည်း ချောင်းကိုအသာဟန့်၍ သကောင့်သားနည်းတူ မျက်နှာကိုမော်ချီလိုက်လျက်

" အန်တီနဲ့လာတွေ့တာ... " ဟုဆိုလိုက်ပါသည် ။

" မာမားဧည့်သည် လုပ်မယ်ဆို လစ် .. မာမားအိမ်မှာမရှိဘူး...။ "

ထိုအခါ ရစ်ခီရှန်သည် အတင်းကိုနှင်ထုတ်ကာ တံခါးကိုဆွဲပိတ်မည့်ဟန်ပါပြင်နေတာမို့ ဂယူဘင်းသည်လည်း အမြန်ပင်ကိုယ်ကိုယို့၍ ခြံထဲသို့တိုးဝင်ခဲ့လိုက်ပါတော့သည် ။

" ဘာလားဟ.. "

" အထဲမှာစောင့်မလို့.. အန်တီကပြန်လာတော့မှာ မဟုတ်လား .. ။ "

" ဘာ အန်တီလဲ .. အရင်လိုပဲမာမားလို့ ခေါ်စမ်းပါ ။ ဘာလဲ ငါကိုကြိုက်နေတာမို့လို့ ရှက်ပြီး မခေါ်ရဲတော့တာလား... ။ "

ဘုနှင့်ဘောက်ပြောတတ်သည့်ရစ်ခီရှန်​က စကားကိုတည့်ပင်ပြောလာခဲ့ပြန်ကာ သူ့စကားတို့က မှန်သင့်သလောက်လည်းမှန်နေတာမို့ ဂယူဘင်း၏မျက်နှာက တစ်ချက်တော့ပူတက်သွားမိခဲ့ပါသော်လည်း အပြင်ပန်းမှာတော့ ခပ်စောင်းစောင်းအကြည့်တစ်ချက်ကိုသာပို့၍ ရစ်ခီ့ထက်အရင် အိမ်ထဲသို့လှမ်းဝင်ခဲ့လိုက်ပါတော့သည် ။

ငယ်ငယ်တုန်းကတော့ ဂယူဘင်းသည် ရှန်မာမားကို ရစ်ခီခေါ်သလိုပင် " မာမား " ဟုခေါ်ကာ ရစ်ခီကလည်း ဂယူဘင်း၏အိုမားကို ဂယူဘင်းခေါ်သကဲ့သို့ " အိုမား "ဟုသာခေါ်ခဲ့ပြီး အခုလိုခံစားချက်တွေက မမျှော်လင့်ဘဲ အဖြူထည်မှသည် အရောင်တို့ဆိုးလာမိသည့်အခါတွင်တော့ ဂယူဘင်းက ကိုယ့်စိတ်ကိုယ်မလုံစွာနှင့် သူမသားအား သဘောကျနေမိသည့်စိတ်ဖြင့် ရှန်မာမားအား အရင်လို " မာမား " ဟု မျက်နှာပြောင်တိုက်ကာမခေါ်ရဲတော့တာမို့ အန်တီဟုသာ ပြောင်း၍ခေါ်ဖြစ်ခဲ့လေသည် ။

𝑷𝑰𝑵𝑲 𝑯𝑶𝑷𝑬(SHIMKONGZ) [COMPLETED]Where stories live. Discover now