နင်က ငါ့အေပါ် လှည့်စားနေတာလား ။
ငါက နင့်အေပါ် လှည့်စားနေတာလား ။
ဘယ်သူက ဘယ်သူ့အေပါ် လှည့်စားနေတာလဲ ။အမှန်တော့
ငါက နင့်အပေါ် လှည့်စားရဲတဲ့ သတ္တိမရှိပါဘူး ။
နင်ကလည်း ငါ့အပေါ် လှည့်စားရဲတဲ့ သတ္တိမရှိပါဘူး ။
ဘယ်သူကမှ ဘယ်သူ့အပေါ် လှည့်စားရဲတဲ့ သတ္တိမရှိကြပါဘူး ။
လှည့်စားသူဟာ အဆုံးသတ်မှာ ရှိုက်ကြီးတငင် ငိုေကြွးရမှာကိုး ။ကံရုပျသေးဆရာကသာ ငါတို့အပျေါ လှညျ့စားနတောပါ ။
ကံရုပျသေးဆရာကသာ ရုပျထှေးပှေလီလှနျးတဲ့
ရုပ်သေးဆွဲရာရုပ်ကြိုးတွေနဲ့ လှည့်စားနေတာပါ ။
ငါတို့ဟာ ကံရုပ်ေသးဆရာရဲ့ ရုပ်သေးပြဇာတ်စင်မြင့်ထက်က
အသုံးတော်ခံ ရုပ်သေးရုပ်တွေပါ ။
ရုပ်သေးရုပ်ဖြစ်တယ်ဆိုတာ ငါတို့ေတွ သိကြပါတယ် ။
ဒါပေမယ့် ရုပ်သေးရုပ်ဘဝကနေ ရုန်းမထွက်နိုင်ကြဘူး ။
ရုန်းထွက်ဖို့ မကြိုးစားနိုင်ကြဘူး ။ငါတို့ဟာ စင်မြင့်ထက်မှာ ပြုံးနေကြတယ် ။
စင်ကွယ်မှာလည်း ပြုံးနေကြတယ် ။
အချိန်တိုင်း ပြုံးနေကြတယ် ။
ငါတို့ပြုံးနေကြတာ ငါတို့လည်း သိကြတယ် ။
ကံရုပ်ေသးဆရာလည်း သိတယ် ။
ရုပ်သေးပွဲလာ ရွှေပရိသတ်တွေလည်း သိကြတယ် ။
ဒါပေမယ့် ငါတို့အပြုံးဟာ အသက်ဝင်လွန်းသလိုနဲ့
ရှိုက်ငိုခြင်းအငွေ့အသက် လွှမ်းနေသေးတယ် ဆိုတာ
ရွှေပရိသတ်တို့ မသိကြပေဘူး ။ကံရုပ်သေးဆရာက တစ်ခါတုန်းက ငါတို့ကို
တစ်နေရာဆီ ခွဲပြီး ငါတို့ရဲ့ အဆုံးသတ်ကို တီးတိုးပြောခဲ့တယ် ။
ငါတို့ဟာ ငါတို့သိတဲ့အဆုံးသတ်တွေကို တစ်ယောက်ကိုတစ်ယောက်
မပြောကြဖို့လည်း သတိပေးခဲ့သေးတယ် ။
ဒါကြောင့် ငါတို့ ဘယ်အချိန်ပဲဖြစ်ဖြစ် ငါတို့သိတဲ့
အဆုံးသတ်အကြောင်း မပြောခဲ့ကြဘူး ။
ငါတို့သိထားတဲ့အဆုံးသတ်ကလည်း တကယ်ရောတူကြရဲ့လား
ငါတို့မသိကြဘူး ။
ငါတို့ဟာ အချိန်တိုင်းပြုံးရယ်နေပေမယ့်
ငါတို့ရဲ့အဆုံးသတ်ကြောင့် ငိုနေကြရတယ် ။
ငါတို့ဟာ အဆုံးသတ်မယ့်နေ့ကို စောင့်မျှော်နေရင်း
အတူရှိတဲ့အချိန်တိုင်းကို တန်ဖိုးအရှိဆုံးဖြတ်သန်းနေကြတယ် ။
အခုလို ငါတို့ အတူရှိတိုင်း နီးစပ်တိုင်း ပျော်ရွှင်နေကြရတာကလည်း
အဆုံးသတ်ကို သိခြင်းကြောင့်လည်း ဖြစ်နိုင်တာပဲ ။
အခုအချိန်မှာ ငါတို့တွေ မျက်ရည်စက်လက် ပျော်ရွှင်နေရတာကြောင့်
အဆုံးသတ်ကျရင်တော့ ရှိုက်ကြီးတငင် မငိုရကောင်းပေရဲ့ ။
ဒါတွေဟာ ကံရုပ်သေးဆရာရဲ့ ရုပ်သေးရုပ်လေးေတွကို
ထိန်းသိမ်းတဲ့နည်းလမ်း လှည့်စားခြင်းသဘောတွေပေါ့လေ ။နင်တော့ ရှောင်ပြေးဖူးလား ငါ မသိပေမယ့်
ငါကတော့ ကံရုပ်သေးဆရာရဲ့ ရုပ်သေးဆွဲရာကြိုးကို
ဖြတ်ပြေးခဲ့ပေါင်းလည်း များခဲ့ပြီ ။
တံခါးအထပ်ထပ် ပိတ်ပြီး သော့အထပ်ထပ် ခတ်ထားကာ
ချောင်တကာ့ ချောင် အမှောင်တကာ့ အမှောင် ထဲ
ပုန်းေအာင်းေနခဲ့လည်း အချိန်တွေ ဘယ်လောက်ကြာကြာ
ကံရုပ်သေးဆရာက ဇွဲမလျော့ခဲ့ဘူး ။
အမြဲတမ်း ငါ့ကို ဖုန်တောထဲက ပြန်ရှာတွေ့ခဲ့တယ် ။
အကြိမ်ကြိမ်ပုန်းခဲ့တယ် ။ အကြိမ်ကြိမ် ပြန်ရှာတွေ့ခဲ့တယ် ။ငါ နောက်တစ်ကြိမ် ရှောင်ပုန်းဖို့ ကြိုးစားအုံးမှာပါ ။
ဒါပေမယ့် ကံရုပ်သေးဆရာရဲ့ လက်ကနေ
ပြေးလို့လွတ်မယ် မထင်တော့ဘူး ။
ဘာကြောင့်လဲဆိုတော့
ငါဟာ ရုပ်သေးရုပ်မို့လို့ပေါ့.... ။#မောင်
YOU ARE READING
ရုပ်သေးရုပ်
Poetryကျွန်တော်နှင့်သူမတို့၏ ရုပ်သေးရုပ်ဘဝ တစေ့တစောင်း ညည်းညူဟန် စာတစ်ပိုဒ်